တပ်ကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကျေးလပတ်ညှိနှိုင်းအစည်းအဝေးကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တပ်ကုန်းမြို့နယ် မြို့နယ်ကော်မတီနှင့် ရပ်/ကျေး ကော်မတီအဖွဲ့များ လစဉ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံးအစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တမူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီနယ်မြေကွင်းဆင်း ဒေသခံပါတီဝင်များနှင့်တွေ့ဆုံ

 

တမူး ဇူလိုင် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး တမူး ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင် မောင်ရွှေနှင့်အဖွဲ့သည် ယမန်နေ့ ညနေပိုင်းက မန်မော်ကျေးရွာသို့ သွားရောက်ကာ ပါတီဝင်များနှင့် တွေ့ဆုံသည်။

ခရိုင်ပါတီဥက္ကဋ္ဌက လက်ရှိ ဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး အခြေအနေနှင့် ပြည်ခိုင်ဖြိုးပါတီ အကြီးအကဲ၏ သဘောထားများ၊ ပါတီရေးရာကိစ္စများ၊ ပြည်ခိုင်ဖြိုး ပါတီ၏ဒေသအကျိုးအတွက်ဆောင် ရွက်နေမှုများကို ရှင်းလင်းဆွေးနွေး ပြီး တက်ရောက်လာသူများ၏ မေး မြန်းတင်ပြချက်များကို ပြန်လည် ရှင်းလင်း ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 

ဇူလိုင် ၃၁

မြို့သစ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဥက္ကဌနှင့် ကော်မတီဝင်များ၊ ပါတီနာယကများနျှင့် ပါတီဝင်များသည် ဆရာတော် သံဃာတော်များအား ပင့်ဖိတ်၍ ၀ါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း ပရိတ်တရားတော်များ နာယူခြင်တို့ကို ဆောင်ရွက်ခဲ့ကြသည်။


တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမိသားစု ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

 

ဇူလိုင် ၃၁

မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေး ပါတီဥက္ကဌများ၊ လူငယ်နှင့် အမျိုးသမီးရေးရာ ကော်မတီဝင်များ၊ ပါတီဝင်များက ဆရာတော်သံဃာတော်များအား ပင့်ဖိတ်၍ ၀ါဆိုသင်္ကန်းများဆက်ကပ် လှူဒါန်ခြင်း၊ တရားတော်များ နာယူခြင်းတို့ အား ညီညာဖျဖျ ဆောင်ရွက်ခဲ့ကြသည်။


မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံး၌ (၂၀၁၈) ခုနှစ်​အတွက်​ (ဒုတိယ) အကြိမ် ပါတီနှစ်စဉ်ကြေး စုပေါင်းပေးအပ်ခြင်းနှင့် တိုင်း​ဒေသကြီး/ခရိုင်​/မြို့နယ်​ပါတီများ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး ကျင်းပပြုလုပ်

 

(၃၁.၇.၂၀၁၈)ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ (၂၀၁၈)ခုနှစ်​အတွက်​ (ဒုတိယ)အကြိမ် ပါတီဝင်နှစ်စဉ်ကြေးစုပေါင်းပေးအပ်ခြင်းနှင့်​ တိုင်း​ဒေသကြီး/ခရိုင်​/မြို့နယ်​ပါတီများလုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး(၆/၂၀၁၈)ကျင်းပပြုလုပ်ရာ တိုင်ဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဌများ၊ ဘဏ္ဍာရေးမှူးများ၊ မြို့နယ်ပါတီဥက္ကဌများ၊ ဘဏ္ဍာရေးမှူးများတက်ရောက်ခဲ့ကြပြီး တိုင်း​ဒေသကြီးပါတီဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပါတီဝင်ပေါင်း(၂၄၃၅)ဦးအတွက် ပါတီနှစ်စဉ်ကြေး(၂၄၃၅၀၀၀ိ/-)အား တိုင်းဒေသကြီးဘဏ္ဍာရေးမှူးထံသို့ ပေးအပ်ခဲ့ကြပါသည်​။ မန္တ​လေးတိုင်း​ဒေသကြီးအတွင်းရှိမြို့နယ်​ပါတီများအ​နေဖြင့်​ ယခု(ဒုတိယ)အကြိမ်​အထိ ပါတီဝင်​​ပေါင်း(၅၇၈၈)ဦးအတွက်​ ပါတီဝင်​နှစ်​စဉ်​​ကြေး(၅၇၈၈၀၀၀ိ/-)အား​ပေးသွင်းပြီးဖြစ်​​ကြောင်းသိရှိရပါသည်​။ ထို့​နောက်​ တိုင်း/ခရိုင်​/မြို့နယ်​ပါတီများ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးဆက်​လက်​ကျင်းပပြုလုပ်​ခဲ့​ကြောင်းသိရှိရပါသည်​။

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ၂၀၁၇/၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ပါတီကော်မတီဝင်အဆင့်အဆင့်တို့၏ သားသမီးများအား ဂုဏ်ပြုဆုချီမြှင့်ပွဲအခမ်းအနား ကျင်းပ

 

မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီမှကြီးမှူးကျင်းပသည့်​ ၂၀၁၇/၂၀၁၈ တက္ကသိုလ်​ဝင်​တန်းစာ​မေးပွဲတွင်​ထူးချွန်​စွာ​အောင်​မြင်​ခဲ့ကြ​သော ပါတီ​ကော်​မတီဝင်​အဆင့်​ဆင့်​တို့၏ သား/သမီးများအား ဂုဏ်​ပြုဆုချီးမြှင့်​ပွဲအခမ်းအနား (၃၁.၇.၂၀၁၈)ရက်​​နေ့ နံနက်​(၁၀)နာရီအချိန်​တွင်​ တိုင်း​ဒေသကြီးပါတီရုံးခန်းမ၌ကျင်းပပြုလုပ်​ရာ တိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​၊ တိုင်းပါတီ​ကော်​မတီဝင်​များ၊ ခရိုင်​/မြို့နယ်​​များမှ ဥက္ကဋ္ဌများ၊ အတွင်း​ရေးမှူးများ၊ ​ကော်​မတီဝင်​များ၊ တက္ကသိုလ်​ဝင်​စာ​မေးပွဲထူးချွန်​စွာ​အောင်​မြင်​ခဲ့ကြ​သော ​ကျောင်းသား/သူများနှင့်​၎င်းတို့၏မိဘများတက်​​ရောက်​ခဲ့ကြပါသည်​။ အခမ်းအနားတွင်​ တိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌမှအဖွင့်​အမှာစကား​ပြောကြားခဲ့ပြီး ဂုဏ်​ပြုဆုများ​ပေးအပ်​ခဲ့ကာ (၆)ဘာသာဂုဏ်​ထူးရှင်​မှ​ကျေးဇူးတင်​စကားပြန်​လည်​​ပြောကြားခဲ့​ပါသည်​။ ယ​နေ့အခမ်းအနားတွင်​ တစ်​ဘာသာဂုဏ်​ထူးရှင်​ (၁၆)ဦး၊နှစ်​ဘာသာဂုဏ်​ထူးရှင်​(၅)ဦး၊သုံးဘာသာဂုဏ်​ထူးရှင်​(၅)ဦး၊​လေးဘာသာဂုဏ်​ထူးရှင်​(၇)ဦး၊ငါးဘာသာဂုဏ်​ထူးရှင်​(၁)ဦးနှင့်​​ခြောက်​ဘာသာ ဂုဏ်​ထူးရှင်​(၁)ဦး စုစု​ပေါင်း(၃၅)ဦးတို့အား ဂုဏ်​ပြုဆုချီးမြှင့်​ခဲ့ပါသည်​။

ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးအိမ်တွင်းမှုသင်တန်းဆင်းပွဲ ကျင်းပ

 

( 31 – 7 – 2018) နံနက် ( 10:30 ) အချိန်တွင် ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် အမျိုးသမီးအိမ်တွင်းမှုသင်တန်းဆင်းပွဲ ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တောင်ပိုင်းခရိုင်ကော်မတီဝင် ဦးရန်နိုင်ရွှေ၊ ခရိုင်ကော်မတီဝင် နယ်မြေတာဝန်ခံ ဒေါ်အေးအေးမြင့်၊ ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဝင်းဇော်လတ်နှင့် မြို့နယ်ကော်မတီဝင်များ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဆဋ္ဌမအကြိမ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာကျင်းပ

 

ဇူလိုင် ၃၁ ရက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဆဋ္ဌမအကြိမ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအား ယနေ့နံနက် ၉:၃၀ အချိန်တွင်
ပြည်ခိုင်ဖြိုးပါတီဌာနချုပ်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။ ဆက်လက်၍ ၀ါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများခဲ့ ဆက်ကပ်လှူဒါန်းခဲ့ပြီး အနုမောဒနာတရားနာကြားခြင်း၊ရေစက်သွန်းချအမျှပေးဝေခြင်းနှင့် အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
ထို့နောက် ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်မှုဆောင်များနှင့်ဗဟိုကော်မတီဝင်များတက်ရောက်ခဲ့သည်။

ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးနှင့်အဖွဲ့မှ ဘီးလင်းမြို့နယ် ရေဘေးရှောင်ပြည်သူများအား စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်း

 

ဘီးလင်း၊ ဇူလိုင် ၃၀

လဝါကျေးရွာစုပေါင်းဝါဆိုသင်္ကန်းလှူဒါန်း ပြည်ခိုင်ဖြိုးပါတီမှပါဝင်လှူဒါန်းမှုပြု

 

မဘိမ်း ဇူလိုင် ၃ဝ

မဘိမ်းမြို့နယ် လဝါကျေးရွာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့ ညနေ ၅ နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပခဲ့ရာ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးဇော်လွင်၊ အတွင်း ရေးမှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီ ကော်မတီဝင်ဦးသန်းမြတ်စိုး၊ ခရိုင် ပါတီကော်မတီဝင်ဦးတိုးမြင့်အောင်၊ ခရိုင်အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်ခင်ဝိုင်းချစ်၊ လဝါကျေးရွာ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျေးရွာရှိ သင်္ကန်းအလှူရှင်များ တက်ရောက်ခဲ့ကြသည်။