တာချီလိတ်​ပြည်​ခိုင်​ဖြိုးပါတီ လစဉ်​ပုံမှန်​ ညှိနှိုင်းအစည်း​ဝေး ကျင်းပ

 

ရှမ်းပြည်​နယ် ​(အ​ရှေ့ပိုင်း) တာချီလိတ်​ပြည်​ခိုင်​ဖြိုးပါတီ လစဉ်​ပုံမှန်​လုပ်​ငန်းညှိနိုင်းအစည်းအ​ဝေးအား ယ​နေ့(၃.၈.၂၀၁၈)​နေ့တွင် ​တာချီလိတ်​ပြည်​ခိုင်​ဖြိုးပါတီခရိုင်​အစည်းအ​ဝေးခန်းမတွင်​ ကျင်းပရာ ဗဟို​ကော်​မတီဝင်​ ဦးဝိလ်​ဆင်​မိုးနှင့်​ဗဟို​ကော်​မတီဝင်​​ဒေါ်တင်​​မေထွန်း၊ ခရိုင်​ဥက္ကဌ ဦးဘိုစံနှင့်​ခရိုင်​​ကော်​မတီဝင်​များ၊ မြို့နယ်​ဥက္ကဌ ဦးစိုင်း​ရွှေထွန်းနှင့် မြို့နယ်​​ကော်​မတီဝင်​များ၊ရပ်​​ကျေးပါတီဥက္ကဌများ၊ အမျိုးသမီး​ရေးရာအဖွဲ့များ ​တွေ့ဆုံခဲ့ကြပြီး ဗဟို​ကော်​မတီဝင် ​​ဒေါ်တင်​​မေထွန်းမှ အဖွင့်​အမှာစကား​ပြောကြားခြင်း၊ အစည်း
အ​ဝေး တက်​​ရောက်​လာကြ​သော ​ကော်​မတီဝင်​များ လိုအပ်​သည်​များကိုတင်​ပြညှိနှိုင်းတိုင်​ပင်​​ဆွေး​နွေးခဲ့ကြ​ကြောင်း သိရှိရပါသည်​ ။

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၂) သင်တန်းဖွင့်

 

မ​ကွေးတိုင်း​ဒေသကြီး ​ချောက်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီနိုင်​ငံ​ရေးစီမံခန့်​ခွဲမှု (ဆင်ပွား) သင်​တန်းအမှတ်​စဉ် ​(၂) အား မ​ကွေးတိုင်း ပြည်​ခိုင်​ဖြိုးပါတီ​ကော်​မတီဝင်​ ဦး​စောဝင်း​မောင်​၊ မ​ကွေးခရိုင်​ပါတီဥက္ကဌ ဦးထွန်းရှိန်နှင့်​ ​ကော်​မတီဝင်​များ၊ ​ချောက်​မြို့နယ်​ပါတီဥက္ကဌ ဦးဝင်းနိုင်​ဦး၊ အတွင်း​ရေးမှူး ဦးသန်းလှိုင်​​နှင့် မြို့နယ်​​ကော်​မတီဝင်​များ၊ သင်​တန်းသူသင်​တန်းသားများ တက်​​ရောက်​ခဲ့ကြပါသည်​ ။


ဘီးလင်း​ရေ​ဘေးသင့်​ပြည်​သူများအား လာ​ရောက်​လှူ ဒါန်းသည့် ​ရွှေပြည်​တော်​သို့ဆုံမှတ်​ပရဟိတအသင်းအား ပြည်​ခိုင်​ဖြိုး ကူညီ​ဆောင်​ရွက်

 

ဘီးလင်း၊ သြဂုတ်​ ၂

စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမိသားစု အလှူတော်မင်္ဂလာ

 

ယနေ့  (3.8.18) ရက်နေ့ စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အရေးမဆိုရွာ အောင်တော်မူလေးမျက်နှာဘုရား ပြုပြင်ရန်အတွက် မြို့ နယ်ပါတီဥက္ကဌနှင့် အတွင်းရေးမှူး မိသားစုများမှ ကျပ်တစ်သိန်းစီ စုစုပေါင်း အလှူငွေ( ၂ ) သိန်းကျပ် လှူဒါန်းခဲ့ရာ ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့ နယ်ပါတီဥက္ကဌ ဦးကြည်ပြုံးနှင့်ကော်မတီဝင်များ၊ ရပ်ကျေးပါတီအဖွဲ့ များ တက်ရောက်ခဲ့ပြီး စုပေါင်း၍ လှူဒါန်းခဲ့ပါသည်။

တာချီလိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ​အမျိုးသမီး​ရေးရာ လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေး ကျင်းပ

 

ရှမ်းပြည်​နယ်​(အ​ရှေ့ပိုင်း)၊ တာချီလိတ်​ပြည်​ခိုင်​ဖြိုးပါတီမှ ဗဟို​ကော်​မတီဝင်​​ဒေါ်တင်​​မေထွန်း (ရှမ်း/​ရှေ့ အမျိုးသမီး​ရေးရာတာဝန်​ခံ)နှင့် တာချီလိတ်​ခရိုင်​/မြို့နယ်​အမျိုးသမီး​ရေးရာအဖွဲ့ဝင်​များသည်​ ယ​နေ့ (၃.၈.၂၀၁၈)​ ရက်​​နေ့တွင် ​တာချီလိတ်​ပြည်​ခိုင်​ဖြိုးပါတီ ခရိုင်​အစည်း​ဝေးခန်းမတွင်​ ​တွေ့ဆုံ
၍ လစဉ်​ပုံမှန်​ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး ကျင်းပခဲ့ကြ​ကြောင်းသိရှိရပါသည်​ ။


အနာဂတ်နိုင်ငံတော်အရေးဆွေးနွေးပွဲ ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ကျင်းပ

 

ရန်ကုန် သြဂုတ် ၂

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ဦးဆောင်မှုဖြင့်ကျင်းပသော တတိယအကြိမ်မြောက် အနာဂတ်နိုင်ငံတော်အရေးဆွေးနွေး ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင်က အမှာစကားပြောခဲ့ပြီး ရွှေပြည်သာမြို့နယ်သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးတင်အောင်စိုး (နေလှိုင်မင်း) က ဦးဆောင်ဆွေးနွေး၍ မြို့နယ်သတင်းစာဆရာအသင်းအမှုဆောင်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များက အပြန်အလှန်မေးခွန်းများ မေးမြန်းခြင်း၊ ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး မွန်းလွဲ ၃ နာရီ၁ဝမိနစ်တွင် အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လူငယ်အဖွဲ့ ပဲခူးတိုင်းဒေသကြီး ရေဘေးသင့်ပြည်သူများကို ကူညီလှူဒါန်း

 

ပဲခူး သြဂုတ် ၂