
မန္တလေး၊ သြဂုတ်(၁၆)
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ ဦးပွားဘုရားပုရိဝုဏ်အတွင်းတွင် ချမ်းမြသာစည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးသော မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအား ယနေ့ နံနက် ၈ နာရီက ကျင်းပပြုခဲ့ရာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင် တက်ရောက်အားပေး၍ ကိုယ်တိုင်ကိုယ်ကျ သစ်ပင် ပါဝင်စိုက်ပျိုးပေးခဲ့သည်။





