ရန်ကုန် ဇန်နဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ထုတွေ့ဆုံပွဲ အခမ်းအနားကို မြို့နယ်ပါတီရုံးတွင် ယမန်နေ့မွန်းလွဲ ၁နာရီ တွင် ကျင်းပကြောင်း သိရသည်။
ရန်ကုန် ဇန်နဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ထုတွေ့ဆုံပွဲ အခမ်းအနားကို မြို့နယ်ပါတီရုံးတွင် ယမန်နေ့မွန်းလွဲ ၁နာရီ တွင် ကျင်းပကြောင်း သိရသည်။
အင်းတော် ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီနှင့် ရပ်/ကျေးပါတီဝင်များ တွေ့ဆုံပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ကွင်းချောင်းအုပ်စု သောင်မြင်းကျေးရွာနှင့် မွန်းလွဲ ၁နာရီ၌ ညောင်ကုန်းအုပ်စု ဗုဓလက်ကျေးရွာတို့တွင် ပြုလုပ် ခဲ့သည်။
ကောလင်း ဇန်နဝါရီ ၁၃
ကောလင်းမြို့ မင်းတဲကြီး ရပ်ကွက်နေ ပြည်ခိုင်ဖြိုးပါတီရပ်ကျေး ဥက္ကဋ္ဌ ဦးဇော်မိုးနိုင် နေအိမ်တွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်တင်ပွဲပြုလုပ်ခဲ့သည်။
ထိုဆိုင်းဘုတ်တင်ပွဲသို့ ကောလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီရုံးဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ပါတီဝင်များ၊ သတင်းမီဒီယာများ စုစုပေါင်းအင်အား ၂ဝ ကျော် တက်ရောက်ခဲ့ကြသည်။
ကနီ ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ကနီမြို့နယ် နတ်ကြီး ကျေးရွာအုပ်စုနတ်ကြီးကျေးရွာရပ်/ ကျေးပါတီဥက္ကဋ္ဌ ဦးဝင်းချိုနေအိမ်၌ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားဆိုင်း ဘုတ်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းဖွင့်လှစ်ပြီး ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နာယက၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဦးစီးရုံးအဖွဲ့များ၊ ရပ်/ကျေးပါတီ အလုပ်အမှုဆောင်များနှင့်ပါတီဝင် စုစုပေါင်းအင်အား၎ဝခန့်တက်ရောက် ခဲ့ကြသည်။ထို့နောက်တက်ရောက် လာကြသော ရပ်မိရပ်ဖများ၊ အမျိုး သမီးရေးရာများနှင့်ပါတီဝင်များအား ရေနွေးကြမ်းစကားဝိုင်းဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၁၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် အငြိမ်းစား ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ ပြည်ထောင်စုနယ်မြေ၊ မကွေးတိုင်းဒေသကြီး ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်ဟောင်းများနှင့် ပါတီတာဝန်ရှိသူများတွေ့ဆုံပွဲကို ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၉နာရီခွဲအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ခန်းမဆောင်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ဇန်နဝါရီ ၈ ရက် ၂၀၁၉
ရွှေဘိုခရိုင် တန့်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီဆိုင်းဘုတ်တင်ပွဲအား တန့်ဆည်မြို့နယ် တုတ္တလုပ်ကျေးရွာအုပ်စု တုတ္တလုပ်(မ) ရွာ၌ကျင်းပပြုလုပ်။
အဆိုပါ` ဆိုင်းဘုတ်တင်ပွဲသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာကျော်ကျော်ဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များဖြစ်ကြသော ဦးသန့်စင်ဝင်း ဦးစိုးကြည် ဦးဝင်းဇော် ဦးဖိုးကျော်တို့တက်ရောက်ကြ၍ ကျေးရွာရပ်မိရပ်ဖများနှင့်နိုင်ငံရေး စီးပွားရေး လူမှုရေးများဆွေးနွေးနှီးနှောဖလှယ်ကြပြီးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့သည်။
ပန်းတနော် ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် အရန် မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂ဝ၁၉)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ မြို့ပေါ်ရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ပန်းတနော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်းသန်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြစ်သား ဇန်နဝါရီ ၈
မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရပ်/ကျေးပုံမှန်အစည်းအဝေး ကို ယမန်နေ့ နံနက် ၉နာရီက ပြည် ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရန်ကုန် ဇန်နဝါရီ ၈
မင်္ဂလာဒုံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ် ပါတီရုံးအစည်းအဝေးခန်းမ၌ ယမန် နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပါတီ ဝင်များနှင့် ရပ်/ကျေးပါတီဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးပွဲကို ကျင်းပခဲ့သည်။
အဆိုပါ တွေ့ဆုံညှိနှိုင်းအစည်း အဝေးပွဲသို့ မင်္ဂလာဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ ဦးစိုးမင်းနှင့် ရပ်/ ကျေးပါတီဝင်များ စုံလင်စွာတက် ရောက်ခဲ့ကြပြီးရှေ့လုပ်ငန်းစဉ်များ ကိုရှင်းလင်းပြောကြားခဲ့သည်။
ရန်ကုန် ဇန်နဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မဇ္စျိမ ဂုဏ်ရည်မဟာစည်တောရကျောင်းတိုက် ဆရာတော် နှင့် စာချစာသင်သံဃာတော်များအား ရန်ကုန်တိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ယမန်နေ့နံနက် ၁ဝ နာရီတွင် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။
အဆိုပါ နေ့ဆွမ်းဆပ်ကပ်လှူဒါန်းပွဲသို့ ရန်ကုန် တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီကိုယ်စား လှည်းကူး မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးမြတ်စိုးနှင့် မြို့နယ် ကော်မတီဝင်များတက်ရောက်၍ ဆက်ကပ်လှူဒါန်း ကြသည်။