မိတ္ထီလာ ဇန်နဝါရီ ၂၄ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ် ဟင်းခွတ်အိုင်အုပ်စု ဟင်း ခွတ်အိုင်ကျေးရွာတွင် ယမန်နေ့နံနက် ၉ နာရီခွဲ မှစတင်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ကျေးရွာအုပ်စုပါတီဆိုင်းဘုတ်တင် ခြင်းအခမ်းအနားနှင့် စုပေါင်းသစ်ပင်စိုက် ခြင်းများ ဆောင်ရွက်ခဲ့သည်။ မင်္ဂလာအချိန် နံနက်၉ နာရီခွဲတွင် ဟင်း ခွတ်အိုင်အုပ်စုပါတီဆိုင်းဘုတ်တင်ခြင်းအခမ်း အနားစတင်ကျင်းပ၍ မိတ္ထီလာခရိုင်ပါတီ ဥက္ကဋ္ဌဦးထွန်းထွန်းဦး၊ သာစည်မြို့နယ်ပြည် ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်ဦးစံထွန်းတို့က အောင်သပြေနှင့် အမွှေးနံ့သာပက်ဖျန်းပေးကာ ဆိုင်းဘုတ်တင် ခြင်း မင်္ဂလာကျင်းပ၍ အခမ်းအနားဒုတိယ ပိုင်းကိုဆက်လက်ကျင်းပရာတွင် ပြည်ခိုင်ဖြိုး ပါတီသာစည်မြို့နယ် တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်ဦးစံထွန်းက အဖွင့်အမှာ စကားပြောကြားခဲ့သည်။ မိတ္ထီလာခရိုင် ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ကျေးဇူးတင် စကားပြောကြားကာ ပါတီဆိုင်းဘုတ်တင် ခြင်းအခမ်းအနားကို အောင်မြင်စွာပြီးဆုံး ကြောင်း သိရသည်။ ဆက်လက်၍ အရိပ်ရသစ်ပင် ၁၅ဝ ကို သာစည်မြို့မှ ဟင်းခွတ်အိုင်ကျေးရွာ သွားရာလမ်းနှင့်ပျော်ဘွယ်မြို့မှ ဧကရာဇ် အုပ်စုကျေးရွာသွားရာ လမ်းဘေးဝဲယာ တစ် လျှောက် စိုက်ပျိုးကြသည်။ အဆိုပါပါတီဆိုင်းဘုတ်တင်အခမ်းအနား နှင့်သစ်ပင်စိုက်ပွဲသို့ မိတ္ထီလာခရိုင်ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ သာစည်မြို့နယ်၊ မိတ္ထီလာ မြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ် များမှ ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ဟင်းခွတ်အိုင်အုပ်စုမှ ပါတီဝင်များ စုစု ပေါင်း ၃၅ဝ တက်ရောက်ကြောင်း သိရ သည်။ စိုးလှိုင်(ထီလာ)

 

ညောင်ဦး ဇန်နဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ယမ်းဆမ်းကျေးရွာစည်းရုံးရေးမှူး ဥက္ကဋ္ဌအိမ်သို့ ယမန်နေ့ နံနက် ၉နာရီ တွင် ခရိုင်ဥက္ကဋ္ဌဦးညွန့်ဝင်းနှင့် ခရိုင်ကော်မတီဝင်များ၊ ညောင်ဦး မြို့နယ်ဥက္ကဋ္ဌဦးအောင်ဌေး၊အတွင်း ရေးမှူး ဦးအောင်ဆန်းဦးနှင့် ကော်မတီအဖွဲ့ဝင်များနှင့်အဖွဲ့တို့ သည်ဒေသခံပြည်သူများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်တင် အရိပ်ရသစ်ပင်စုပေါင်းစိုက်ပျိုးပွဲကျင်းပ

 

မိတ္ထီလာ ဇန်နဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ် ဟင်းခွတ်အိုင်အုပ်စု ဟင်း ခွတ်အိုင်ကျေးရွာတွင် ယမန်နေ့နံနက် ၉ နာရီခွဲ မှစတင်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ကျေးရွာအုပ်စုပါတီဆိုင်းဘုတ်တင် ခြင်းအခမ်းအနားနှင့် စုပေါင်းသစ်ပင်စိုက် ခြင်းများ ဆောင်ရွက်ခဲ့သည်။

ကျေးရွာပါတီဆိုင်းဘုတ်တင် ရေနွေးကြမ်းစကားဝိုင်းကျင်းပ

 

မြစ်သား ဇန်နဝါရီ ၂၄

မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ် တင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီ က အုန်းကုန်းကျေးရွာပါတီဥက္ကဋ္ဌ ဦးလွန်းမောင် နေအိမ်၌ကျင်းပရာ ကျောက်ဆည်ခရိုင်အတွင်း ရေးမှူးဦးစန်းမြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးအောင် ကြည်တို့က အမွှေးနံ့သာများဖြင့် ပက်ဖျန်း၍ အောင်မြင်စွာ ကျင်းပခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းဖွင့်

 

မိုးညှင်း ဇန်နဝါရီ ၂၄

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပြည် ခိုင်ဖြိုးရုံးခန်းမ၌နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား) သင်တန်း(၁/ ၂ဝ၁၉)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီတွင် မိုးညှင်းမြို့ နယ် ပြည်ခိုင်ဖြိုးရုံးခန်းမ၌ကျင်းပရာ သဘာ ပတိ ပြည်နယ်ပါတီကော်မတီဝင်ဦးစိုးဝင်း က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ရွှေကူမြို့နယ် တောပုန်းကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲကျင်းပ

 

ရွှေကူ ဇန်နဝါရီ ၂၄

ကချင်ပြည်နယ် ရွှေကူမြို့နယ် တောပုန်းကျေးရွာအုပ်စု ပြည်ခိုင် ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲက တောပုန်း ကျေးရွာ ဦးကိုဦး- ဒေါ်ပဲတို့၏နေ အိမ်၌ကျင်းပခဲ့ရာ မြို့နယ်ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်မင်း၊ အတွင်းရေးမှူးဦးသန်းထိုက်၊ဘဏ္ဍာ ရေးမှူး ဦးမြင့်သန်းဦးနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ အရန်ပါတီ ကော်မတီဝင်များ၊ ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌ ဦးနန်းတင်နှင့် ကော် မတီဝင်၊ပါတီဝင်များ၊ပါတီနာယက များ စုစုပေါင်း ၅၃ ဦး တက် ရောက်ခဲ့ကြသည်။

တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးလက်နေပြည်သူများအား အခမဲ့ဆေးကုသပေး

 

နေပြည်တော် ဇန်နဝါရီ ၂၄

နေပြည်တော် တပ်ကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ယမန်နေ့ နံနက်ပိုင်းမှစတင်၍ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စုတွင် ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက် မှု နယ်လှည့်အခမဲ့ဆေးကုပေးခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ တာချီလိတ် ခရိုင် မြို့နယ် ရပ်ကျေး ပါတီကော်မတီများနှင့်တွေ့ဆုံ

 

တာချီလိတ် ဇန်နဝါရီ ၂၄

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ရှမ်းပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်းနှင့် ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးပါတီကော်မတီ ဝင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီက တာချီလိတ်မြို့ မကာ ဟိုခမ်းရပ်ကွက်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီလူငယ်ရေးရာတာဝန်ခံ ကသာခရိုင်လူငယ်တာဝန်ခံများနှင့်တွေ့ဆုံ

 

အင်းတော် ဇန်နဝါရီ ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်လူငယ်ရေးရာတာဝန်ခံ ဒေါက်တာ အောင်မြတ်ဦးနှင့် ကသာခရိုင်အတွင်းရှိ လူငယ်ရေးရာတာဝန်ခံများတွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က အင်းတော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပခဲ့သည်။

သန်လျှင် ပြည်ခိုင်ဖြိုးပါတီမှ ဘေးကင်လုံခြုံ စိတ်ချရသော စာသင်ကျောင်း အခြေပြု ဘေးအန္တရာယ် လျော့ပါးရေး သင်တန်းနှင့် သင်ထောက်ကူ ပစ္စည်းများ လှူဒါန်း

 

ယမန်နေ့ (၂၃-၁-၂၀၁၉) နံနက် (၉) နာရီ အချိန်တွင် သန်​လျင်​ မြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာရှိ သဒ္ဓမ္မဇောတိကာရုံ ဘုန်းတော်ကြီးသင် ပညာရေးမူလွန်ကျောင်း၌ လူမှုဖွံ့ ဖြိုးရေးအသင်း ၊ Latter-Day Saint Charities (LDSC) အဖွဲ့နှင့် သန်လျင်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီ တို့ ပူးပေါင်းဆောင်ရွက်သည့် ဘေးကင်းလုံခြုံ စိတ်ချရသော စာသင်ကျောင်းအခြေပြု ဘေး အန္တရာယ်လျော့ပါးရေး သင်တန်းအား ကျင်းပပြုလုပ်သည်။

သီပေါတွင် စာပေဟောပြောပွဲ ကျင်းပနိုင်ရေး အကြိုညှိ့နှိုင်းစည်းဝေး ကျင်းပ

 

သီ​ပေါ ဇန်​န၀ါရီ ၂၃

သီပေါမြို့ စာပေချစ်သူများ နှင့် ပေါင်းစပ်ကျင်းပမည့် စာပေဟောပြောပွဲကို ကျင်းပပြုလုပ်နိုင်ရေး မြို့နယ်ကော်မတီ လုပ်ငန်းညှိ့နှိုင်း အစည်းအဝေးကို ယမန်နေ့ (၂၃.၁.၂၀၁၉ )ရက်နေ့က သီပေါမြို့နယ် ပါတီရုံခန်းမတွင် ပြုလုပ်သည်။

အစည်းအဝေးသို့ ပြည်နယ်ပါတီကော်မတီဝင် ဦးစိုင်းစိန်လင်း ခရိုင်ပါတီကောင်မတီ ဦးအုန်းမောင် မြို့နယ်ဥက္ကဌ ဦးအောင်အောင် နှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ကြပါသည်။