ရန်ကုန် ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဘဏ္ဍာ ရေးမှူး ဦးကြည်စိုးဦးဆောင်ပြီး ထန်းတပင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသိန်းရီနှင့် မြို့နယ် ကော်မတီဝင်များ၊ ညောင်လေးပင် ကျေးရွာပါတီဥက္ကဋ္ဌ ဦးမြသန်းနှင့် ကော်မတီဝင်များ၊ အထူးကုဆရာ ဝန်ကြီးများနှင့် ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်သူများပါဝင်သော ဖြိုးစေတနာ(အခမဲ့)နယ်လှည့်ဆေး ကုသရေးအဖွဲ့သည် ထန်းတပင် မြို့နယ် ကမြိုင်ကျေးရွာအုပ်စု ညောင်လေးပင်ရွာရှိ ရပ်ကွက်နေ မိဘပြည်သူများအား ယမန်နေ့ နံနက် ၉နာရီကစတင်၍ အနောက် တိုင်းဆေးဝါးဖြင့် အခမဲ့ဆေးဝါး ကုသမှုပြုလုပ်ပေးခဲ့သည်။
