နေပြည်တော် မေ ၇
နေပြည်တော် မေ ၇
နေပြည်တော် မေ ၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင် သည် ဧပြီ ၁၇ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးခဲ့သည့် ပုဗ္ဗသီရိမြို့နယ် သပြေစမ်းကျေးရွာရှိ လေဘေးသင့် အိမ်ထောင်စုဝင် ပြည်သူများနှင့် တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ ဆန်အိတ်များ ထောက်ပံ့လှူဒါန်းသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီ တွင် ပြည်ထောင်စုနယ်မြေ ပုဗ္ဗသီရိ မြို့နယ် သပြေစမ်းကျေးရွာ ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ကျုံပျော် မေ ၆
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဆောင်၍ ဒိုက်ပျက်တိုက်နယ် အတွင်းရှိ ကျေးရွာများဖြစ်သော သက္ကယ်ပြင် ကျေးရွာအုပ်စု မိုးမခ ကျေးရွာရှိ မြို့နယ်အရန် ပါတီကော်မတီ ဦးအောင်ဌေး၏ အိမ်တွင် ကျေးရွာရှိ ပါတီဝင် ပြည်သူများနှင့် တွေ့ဆုံကာ ပါတီရှေ့လုပ်ငန်းစဉ်များ၊ ပါတီ၏ မူဝါဒသဘောထားများ၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သိကောင်းစရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ရေကြည် မေ ၆
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ပြည်ထောင်စု ကံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးမှ ကြီးမှူးပြီး မြို့နယ်ပါတီ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉နာရီတွင် ပြည်ခိုင်ဖြိုးပါတီရုံး၌ ပြုလုပ်ကြောင်း သိရသည်။
ရန်ကုန် မေ ၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် စည်းကမ်းထိန်းသိမ်းရေး ဌာနကြီးမှ ပါတီဗဟိုကော်မတီဝင် ဒေါက်တာဌေးဝင်းနှင့် အဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီတွင် ကျောက်တန်းမြို့နယ် ပါတီရုံး၌ ကျောက်တန်း မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
မေ(၆)၊မတ္တရာ သုတ
ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်မှ ညနေပိုင်းအထိ မြို့နယ်ပါတီ၏ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်/ ရပ်ကွက်ကျေးရွာ ပါတီကော်မတီဝင်များ လပတ်အစည်းဝေးနှင့် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေအကြောင်း သိကောင်းစရာ ဟောပြောပွဲ အခမ်းအနားကို ကျင်းပပြုလုပ် ခဲ့သည်။ အခမ်းအနားကို နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ နိုင်ငံတော်အလံအား အလေးပြုဖွင့်လှစ်ပြီးနောက် ပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ပုသိမ်ကြီး မေ ၆
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆွေသန်း၊ အတွင်းရေးမှူး ဦးကိုကိုလွင်၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးအောင်ကျော်မျိုးမင်း၊ ဦးကျော်ခိုင် (နယ်မြေမှူး) တို့သည် ယမန်နေ့ နံနက်ပိုင်းတွင် ဒဟတ္တောကျေးရွာအုပ်စု သရက်ကိုင်းကျေးရွာ ဓမ္မဝိဟာရ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော် ဦးဓမ္မပါလ အားလှူဖွယ်ခြင်း ဆက်ကပ် လှူဒါန်းပြီး သြဝါဒခံယူကာ ကျောင်းတွင်းရှိ ဓမ္မာရုံတွင် ကျေးရွာပါတီ ခေါင်းဆောင် ဦးခင်မောင်ဦးနှင့် ပါတီဝင်များ၊ ရပ်မိရပ်ဖများနှင့် ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ပြီး လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည်။
ဆင်ပေါင်ဝဲ မေ ၆
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီး ရေးရာကော်မတီ၏ ကြီးကြပ်မှုဖြင့် ပါတီဝင်အမျိုး သမီးများပိုမို ထိတွေ့ဆက်ဆံရေး ကောင်းမွန်လာစေရန် တစ်နိုင်တစ်ပိုင် အိမ်တွင်းမှု လုပ်ငန်းများလုပ် ကိုင်တတ်စေရန် ရည်ရွယ်၍ အသက်မွေး အထောက်အကူပြု အိမ်တွင်းလက်မှု သင်တန်း အမှတ်စဉ် ၁/ ၂ဝ၁၉ ကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပါတီရုံး ခန်းမ၌ ကျင်းပခဲ့ သည်။
ဘုတလင် မေ ၆
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် ထနောင်းကုန်းကျေးရွာအုပ်စု ထနောင်းကုန်းကျေးရွာ ဦးအောင်အောင်၏ နေအိမ်ခြံဝင်း အတွင်း၌ ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ပြည်ခိုင်ဖြိုးပါတီဆိုင်း ဘုတ်တင်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ပဲခူး မေ ၆