ရန်ကုန် မေ ၈
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်စိုး ဦးဆောင်သော အဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီခွဲက ဆင်နင်းပင်အုပ်စု ဆင်နင်းပင်ကျေးရွာရှိ ပြည်ခိုင်ဖြိုးရပ်ကျေး ပါတီဥက္ကဋ္ဌ ဦးကျော်စီနေအိမ်တွင် ပြည်ခိုင်ဖြိုး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။



