ပုဗ္ဗသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သောက်သုံးရေအခက်အခဲရှိသည့် ပြည်သူများထံ သောက်သုံးရေများလှူဒါန်း

 

နေပြည်တော် ဧပြီ ၂၅

ပြည်ထောင်စုနယ်မြေ ပုဗ္ဗသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ယမန်နေ့နံနက် ၈ နာရီတွင် ပူပြင်းလှသော နွေရာသီအချိန် သောက်သုံးရေရှားပါးအခက်အခဲရှိနေသည့် ပုဗ္ဗသီရိမြို့နယ် သစ်ယာကုန်းအုပ်စု သစ်ယာ ကုန်းကျေးရွာသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ လူငယ်အဖွဲ့များက သွားရောက်ပြီး ရေ ဘောက်ဆာကားဖြင့် သောက်သုံးရေများ ပေးဝေလှူဒါန်းခဲ့ကြရာ ကျေးရွာနေပြည် သူလူထုမှ ဝမ်းမြောက်ဝမ်းသာ ရှိနေကြ ကြောင်း၊ နောက်ရက်တွေမှာလည်း ထပ်မံ လာရောက်ပေးဝေစေလိုကြောင်း ဆန္ဒရှိကြ ရာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပြည်သူ လူထုအခက်အခဲ လိုအပ်ချက်များရှိလာ လျှင် မိမိတို့ဘက်က အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးရန် အဆင်သင့် ရှိသည်ဟု မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ကြိုင် က ပြောကြားခဲ့ကြောင်း သိရသည်။

တောင်​ကုတ်​မြို့နယ်​၊ပြည်​ခိုင်​ဖြိုးပါတီမှ ပါတီစိစစ်ရေးကွင်းဆင်းဆောင်ရွက်

 

တောင်​ကုတ်​မြို့နယ်​၊ပြည်​ခိုင်​ဖြိုးပါတီမှ ယ​နေ့၂၄.၄.၂၀၁၉ရက်​​နေ့နံနက်​၇နာရီအချိန်​တွင် ပန်းတင်းကျွန်းဇုံ၊ အ​ရှေ့ဘက်​​ကျေးရွာအုပ်​စုရှိ​ကျေးရွာ(၈)ရွာအနက်​မှကံပြိုင်​၊ပိန္နဲကိုင်းနှင့်​င/မုန်​တိုင်း​ကျေးရွာများသို့ပါတီဝင်​စီစစ်​ခြင်းနှင့်​၂၀၂၀ပါတီ​အောင်​နိုင်​​ရေး၊၂၀၀၈​.​ခြေ/ဥကိစ္စရပ်​များကိုမြိ့နယ်​ပါတီဥက္ကဌဦး​ကျော်​သီးကရှင်းလင်း​ပြောကြားခဲ့ပါသည်။

ယင်းလုပ်​ငန်းစဉ်​များလုပ်​​ဆောင်​ရန်​အတွက်​ပါတီဥက္ကဌနှင့်​အတူပါတီဘဏ္ဍာ​ရေးမှူးဦး​ကျော်​ခန့်​၊မြို့နယ်​​ကော်​မတီဝင်​ဇုံတာဝန်​ခံဦး​ကျော်​ဇင်​နှင့်​သတင်းတာဝန်​ခံဦး​ဇော်​ကြီးတို့လိုက်​ပါခဲ့ကြပါသည်​။

နေ့လည်​ပိုင်းတွင်​ကျန်​ရှိ​နေသည့်​ကျန်​​ကျေးရွာများဖြစ်​သည့်​မကျည်း​ကျေးရွာ၊င​မောက်​​ချောင်း၊အလယ်​တန်း။ကံဆိပ်​​တောင်​/​မြောက်​၊ငကာကိုင်း၊အ​မော်​​ကျေးရွာများသို့ဆက်​လက်​ပြီးပါတီလုပ်​ငန်းစဉ်​များဆက်​လက်​​ဆောင်​ရွက်​ခဲ့ကြပါသည်​။

Arakha Development News / Rakhine USDP


ကော့မှူးပြည်ခိုင်ဖြိုးပါတီ အပတ်စဉ်ပုံမှန် အစည်းအဝေးပြုလုပ်

 

ရက်စွဲ ။ ၂၀၁၉ခုနှစ် ၊ ဧပြီ ၂၅

ကော့မှူးပြည်ခိုင်ဖြိုးပါတီ အပတ်စဉ်ပုံမှန် အစည်းအဝေးကို ယနေ့  နံနက် (၁၁) နာရီအချိန်ခန့် က မြို့ နယ်ပါတီရုံး ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

ကလေးဝမြို့နယ် နောင်ဖနန်ကျေးရွာအုပ်စုတွင် ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်

 

ကလေးဝ ဧပြီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် နောင်ဖနန်ကျေးရွာအုပ်စု ဦးမွှေးအောင် နေအိမ်တွင် ယနေ့ နေ့လည် ၁၁နာရီ အချိန်တွင် ရေနွေးကြမ်းစကားဝိုင်းပြု ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ပြီး ကလေးဝမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဠ ဦးတင်ထွန်းလွင်၊မြို့နယ်အတွင်းရေမှူး ဦးထွန်းထွန်း နှင့် မြို့နယ်ပါတီကော်မတီဝင်များ နောင်ဖနန်ကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီဝင်များ တက်ရောက်ကြပါသည်။ မြို့နယ်ပါတီဥက္ကဠ မှ ပါတီ၏ မူဝါဒများ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ ကို အပြန်အလှန်ဆွေးနွေးကြပြီး နေ့လည် ၁၂နာရီတွင် ပြီးစီးကြောင်းသိရသည်။

လူငယ်တွေ့ဆုံပွဲ မိတ္ထီလာခရိုင် အစည်းအဝေးခန်းမတွင် ကျင်းပ

 

မိတ္ထီလာ ဧပြီ ၂၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီ လာမြို့ နန်းတော်ကုန်းရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ မိတ္ထီလာခရိုင်အစည်းအ ဝေးခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ လူငယ်တွေ့ဆုံပွဲကျင်းပခဲ့သည်။ လူငယ်တွေ့ဆုံပွဲကိုမိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်မှ ပါတီဥက္ကဋ္ဌများ၊ လူငယ်ရေးရာခေါင်းဆောင်များနှင့် လူငယ်များ စုစုပေါင်း ၇ဝ တက် ရောက်ကြောင်း သိရသည်။

ရွှေဘိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် ရပ်ကျေးပါတီ ဥက္ကဋ္ဌများတွေ့ဆုံ

 

ရွှေဘို ဧပြီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင် ရွှေဘိုမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမတွင် ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ် ရပ်/ကျေး ပါတီ ဥက္ကဋ္ဌများ တွေ့ဆုံပွဲအစည်းအဝေး ကျင်းပခဲ့သည်။

မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီ အစည်းအ​ဝေးကျင်းပ

 

မြိတ်၊ ဧပြီ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရှေ့လုပ်ငန်းစဉ်ညှိနှိုင်းအစည်းအဝေးကို ဧပြီလ ( ၂၄ )ရက်၊ (၁၃းဝဝ)အချိန်တွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခမ်းမ၌ ကျင်းပပြုလုပ်ခဲ့ကြ သည်။

အစည်းအ​ဝေးတွင် မြို့နယ်ပါတီကော်မတီဝင်များက သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအလိုက်ပါတီ ရှေ့လုပ်ငန်းစဉ်များ ၊ဒေသဖွံ့ဖြိုးရေး အကျိုးပြုငန်းများ အကောင်ထည်ဖေါ် ဆောင်ရွက်နိုင်ရေး၊ ပါတီဝင်များ အနေဖြင့် အမျိုးသားရေးတာဝန်သိစိတ်ဖြင့် ဆောင်ရွက်ကြရမည့် ရှေ့လုပ်ငန်းစဉ်များဆိုင်ရာ ကိစ္စတို့ကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။

ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ကော်မတီဝင်များနှင့် မြို့နယ်ကော်မတီဝင်များတွေ့ဆုံ လုပ်ငန်းညှိနှိုင်း

 

ကနီ ဧပြီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ခရိုင်ပါတီကော်မတီဝင် များနှင့် မြို့နယ်ပါတီကော်မတီဝင် များတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ကြို့ပင်ကောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျင်းပ

 

ကြို့ပင်ကောက် ဧပြီ ၂၃

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုကော်မတီဝင် ဦးဝင်းမြင့် စိုး ဦးဆောင်သောအဖွဲ့သည် ယမန်နေ့ နံနက် ၁ဝ နာရီက ရုံးချောင်း အုပ်စု/ကျေးရွာရှိ ပြည်ခိုင်ဖြိုး ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးသောင်း ကြည်နေအိမ်တွင် ပြည်ခိုင်ဖြိုး ဆိုင်းဘုတ်တင် အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ ဓမ္မစကူးလ်စာကြည့်တိုက်အတွက် အလှူငွေများလှူဒါန်း

 

နေပြည်တော် ဧပြီ ၂၃

ပြည်ခိုင်ဖြိုးပါတီပြည်ထောင်စု နယ်မြေနှင့် နေပြည်တော်ခရိုင် ပါတီတို့က ယမန်နေ့ နံနက်၉နာရီခွဲတွင် ဒက္ခိဏသီရိမြို့နယ် ရွှေခဲအင်း ကျေးရွာအုပ်စု ရွှေခဲအင်းကျေးရွာ ဓမ္မကျောင်းတော် ရွှေရောင်အနာ ဂတ်ဓမ္မစကူးလ်စာကြည့်တိုက် ဆောက်လုပ်ရန် ပြည်ထောင်စုနယ် မြေပါတီမှ ကျပ်သုံးသိန်းနှင့် နေ ပြည်တော်ခရိုင်ပါတီမှ ကျပ်နှစ်သိန်း စုစုပေါင်း မတည်အလှူငွေကျပ် ငါးသိန်းကို ဆရာတော်ဦးမုနိန္ဒထံ ပေးအပ်လှူဒါန်းခဲ့ရာ ဆရာတော် က သာဓုအနုမောဒနာခေါ်ဆို၍ သီလပေးတရားဟောကြားပြီး ရေ စက်ချအမျှပေးဝေခဲ့သည်။