အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများအား ပြည်ခိုင်ဖြိုးပါတီမှ ကြိုဆို

 

ကျိုက်ထို၊ ဧပြီ ၂၈

ယမန်နေ့ (28.4.2019) ရက်နေ့ မွန်းလွှဲ (၁၅:ဝဝ)နာရီတွင် ရှေ့တန်းစစ်မြေပြင်မှ အောင်ပွဲနှင့်အတူ ပြန်လာသော သိမ်ဇရပ် နယ်မြေ ခ.လ.ရ.(၂)ရှေ့တန်းပြန် တပ်မတော်သားများအား ကျိုက်ထို မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ပြည်နယ် ပါတီ ကော်မတီဝင် ဦးဌေးလွင်၊မြို့နယ်ပါတီဥက္ကဌ ဦးဇေယျာဦး ၊မြို့နယ်ပါတီ ကော်မတီဝင် ဦးမြင့်ဆွေ ၊ ဒေါ်မြစန္ဒာဦး နှင့် ရပ်/ကျေး ပါတီဝင်များ မှ စားသောက်ဖွယ်ရာများ၊ ရေသန့်ဗူးများနှင့် အောင်သပြေများ ကမ်းလှမ်းကာ ကျန်းမာချမ်းသာပါစေ ဆုတောင်းသံများနှင့် ဂုဏ်ယူပျော်ရွှင်စွာ ကြိုဆိုခဲ့ကြပါသည်။

ဖားကန့် ပြည်ခိုင်ဖြိုးပါတီ လက်ဖက်ရည်ကြမ်း စကားဝိုင်း ကျင်းပပြုလုပ်

 

ဖားကန့် ဧပြီ ၂၉

မိုးညှင်းခရိုင်ဖားကန့် ပြည်ခိုင်ဖြိုးပါတီလက်ဖက်ရည်ကြမ်းဝိုင်းကိုယနေ့ နံက်၁၀း၃၀နာရီမှ ၁၁း၄၀ထိဖါးကန့် မြို့နယ်နမ္မဖြစ်ကျေးရွာရပ်ကွက်(၂) ဦးထွန်းမြင့်နေအိမ်တွင်ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင်ခရိုင်ပါတီကော်မတီဝင်ဦးစိုင်းသိန်းထွန်း အရံဦးမရန်ဘရန်ဆိုင်း နှင့်မြို့နယ် ဥက္ကဌ ဦးအင်ဖရောင်းဂမ် အတွင်းရေးမှူး ဦးထွန်းမြင့်နှင့် ကော်မတီဝင်များ ရပ်ကျေးအဖွဲ့များ လက်ရှိနိုင်ငံရေးနှင့်မိမိပါတီအကြောင်းသိကောင်းစရာများရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

မိုးညှင်းပြည်ခိုင်ဖြိုးပါတီ


ဘုတလင်မြို့နယ် ယုန်လှေးကုန်းကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်တင်

 

ဘုတလင် ဧပြီ ၂၈

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာ ခရိုင် ဘုတလင်မြို့နယ် ယုန်လှေး ကုန်းကျေးရွာအုပ်စုယုန်လှေးကုန်း ရွာဟောင်းကျေးရွာ ဦးမန်းစီ၏ နေအိမ်ခြံဝင်းအတွင်း ယမန်နေ့ နံနက် ၁၁ နာရီခွဲက ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။

သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ပတုပ်ကြီးကျေးရွာပါတီဝင်များနှင့်တွေ့ဆုံဆွေးနွေး

 

ရန်ကုန် ဧပြီ ၂၈

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီဝင်များသည် ယမန်နေ့ နံနက် ၁ဝ နာရီကပုဂံတောင်ကျေးရွာအုပ်စု ပတုပ်ကြီးကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များအားကျေးရွာပါတီဥက္ကဋ္ဌ ဦးကြည်မြင့် နေအိမ်၌ တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ကြာင်း သိရသည်။

ယင်းသို့တွေ့ဆုံရာတွင် သုံးခွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီဝင်ဦးကျင်ဝင်း၊ မြို့နယ်ပါတီကော် မတီဝင်ဦးသိန်းအောင်နှင့် မြို့နယ်ပါတီကော်မတီဝင်တိုက်နယ်တာဝန်ခံ ဦးကြည်ဝင်းတို့က ပါတီလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးခြင်းနှင့် ပါတီဝင်များအား လက်ရှိနိုင်ငံရေးဖြစ်စဉ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝက်လက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီကော်မတီဝင်များအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(ငြိမ်း)တွေ့ဆုံ

 

ဝက်လက် ဧပြီ ၂၈

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(ငြိမ်း) ဝဏ္ဏကျော် ထင်ဦးတင်ငွေသည် ဝက်လက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့နယ် အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီတွင် ဝက်လက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရပ်ကျေးကော်မတီဝင်များနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်ကော်မတီဝင်ဦးသက်အောင်ဇော် ကနှုတ်ခွန်းဆက်စကားပြောကြားပြီး မြို့နယ်ပါတီဥက္ကဋ္ဌဦးစိုးခိုင်က ဝက်လက်မြို့အတွင်းပါတီရှေ့လုပ်ငန်းစဉ်များဆောင်ရွက်ထားရှိမှု များကို ဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(ငြိမ်း)ဝဏ္ဏကျော်ထင်ဦးတင်ငွေက ရပ် ကျေးပါတီကော်မတီဝင်များအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံအား ပေးစကားပြောကြားခဲ့ပြီး အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲပြုလုပ်

 

ယင်းမာပင် ဧပြီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင် ခရိုင် ယင်းမာပင်မြို့နယ် တောင်ပုအုပ်စု အိုးဘိုကျေးရွာ ဦးတင်မြင့် နေအိမ်ဝိုင်း အတွင်း ပါတီရုံးဖွင့်လှစ်ခြင်းနှင့် ပါတီဆိုင်း ဘုတ်တင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီတွင် စတင်ပြုလုပ်ခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စာနာဝမ်းနည်းကြောင်းထုတ်ပြန်ကြေညာချက် ၂၀၁၉ခုနှစ်၊ဧပြီလ ၂၅ ရက် ၁၃၈၁ ခုနှစ်၊တန်ခူးလပြည့်ကျော် ၆ ရက်


ပုသိမ်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးအစည်းအဝေးပြုလုပ်

 

ပုသိမ်ကြီး ဧပြီ ၂၅

မန္တလေးတိုင်းဒေသကြီးပုသိမ် ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကျေး ပါတီကော်မတီအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ သည်။
ယင်းအခမ်းအနားသို့ မြို့နယ် အတွင်းရေးမှူး ဦးကိုကိုလွင်၊ ဘဏ္ဍာရေးမှူးဦးဝင်းနိုင်နှင့် ပါတီ ကော်မတီဝင်များ၊ ကျေးရွာပါတီ ဥက္ကဋ္ဌများနှင့်ပါတီ ကော်မတီဝင် များ တက်ရောက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်တွေ့ဆုံပွဲ ကျင်းပပြုလုပ်

 

ဧပြီ- ၂၅
မန္တလေး

မန္တလေးတိုင်းဒေသကြီးရှိ တိုင်းဒေသကြီးပါတီရုံးခန်းမတွင် ယနေ့ မနက်(၉း၀၀) အချိန်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင် ပါတီဗဟိုကော်မတီဝင် ဗဟိုလူငယ်ရေးရာကော်မတီအဖွဲ့ဝင် ဒေါက်တာနန္ဒာလှမြင့်၊ ဗဟိုကော်မတီဝင် ဗဟိုလူငယ်ရေးရာကော်မတီအဖွဲ့ဝင် ဒေါ်ကျော့ယဉ်ဝင်းနှင့် တိုင်းလူငယ်တာဝန်ခံ ဒေါ်သိင်္ဂီအောင်တို့ တက်ရောက်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မြို့နယ်ပါတီဥက္ကဌများ လူငယ်ပါတီဝင်များ စုစုပေါင်းအင်အား(၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။