ဘားအံ ဖေဖော်ဝါရီ ၉
ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး ဒေါနခန်းမတွင် ယမန်နေ့ နံနက် ၁ဝ နာရီက ပြည်နယ်၊ ခရိုင်နှင့်မြို့နယ် လစဉ်ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။ အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင် ဖာပွန်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးက လွှတ်တော်အတွင်း တွေ့ကြုံရသည့်အခြေ အနေများ၊ အခြေခံဥပဒေပြင်ဆင်ရေး အချက်များအား သတင်းအမှန်သိရှိရေးအတွက် တက်ရောက်လာသည့် ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများမှ မိမိတို့မြို့နယ်ရှိ ပြည်သူများအား ရှင်းလင်းပြောကြားခဲ့ သည်။





