သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထက (ခွဲ) တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများ အတွက် သင်ထောက်ကူစာအုပ်များ လှူဒါန်း

 

သဲတွဲ ဇွန် ၁၂

သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ (၁၂.၆.၂၀၁၉ ) ရက်နေ့ နံနက် (၁း၀၀) အချိန်တွင် ငပလီမြို့ အထက (ခွဲ) လင်းသာကျောင်းရှိ တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူ ၃၇ ဦးအတွက် အင်္ဂလိပ်စာ သင်ထောက်ကူ လေ့ကျင့်ခန်းစာအုပ် ၄၄ အုပ် တန်ဖိုးငွေ (၇၀၀၀၀ိ/-) ကျပ်ဖိုးအား ပြည်ခိုင်ဖြိုးပါတီ ခရိုင်အရံကော်မတီဝင် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ခင်မူနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ မြို့နယ်ဥက္ကဌ ဦးစန်းနိုင်နှင့် လူငယ်ပါတီ ဝင်များ သွားရောက်၍ ပေးအပ်လှူဒါန်း ခဲ့သည်။

မင်းလှမြို့နယ် ပြည်ခိုင်ြဖိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

ဇွန် ၁၁၊ မင်းလှ

ပဲခူးတိုင်းဒေသကြီး (အနောက်) သာယာဝတီခရိုင် မင်းလှမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ တိုင်း/ ခရိုင်/ မြို့နယ်နှင့် ရပ်ကွက်/ ကျေးရွာအုပ်စု (၆၆) အုပ်စုမှ ရပ်ကျေးပါတီဥက္ကဌများ လစဉ်ပုံမှန် အစည်းအဝေး (၆/၂၀၁၉) ကို ယမန်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ်ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆက်လက်ကျင်းပ ခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် ကျိုက်လတ်မြို့နယ် ပါတီကော်မတီဝင် များ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

 

ကျိုက်လတ် ဇွန် ၁၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီလုပ်ငန်းစိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် သည် တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါ်စိုးစိုးရီ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစန်းမောင်၊ ခရိုင်ပါတီ ကော်မတီဝင်များနှင့် အတူ ယမန်နေ့ မွန်းလွဲ ၁ နာရီမှစ၍ ကျိုက်လတ်မြို့နယ် ပါတီရုံးတွင် မြို့နယ်ပါတီ ကော်မတီဝင်များ၊ အရန် ပါတီကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပွဲ ပြုလုပ်ပြီး အခမ်းအနားအား ညနေ ၄ နာရီတွင် ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကျင်းပ

 

ကြို့ပင်ကောက် ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင် ဦးဝင်းမြင့်စိုး ဦးဆောင်သော အဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီခွဲခန့်က ဂုမ္မကွင်းအုပ်စု လိမ္မင်ကွင်း ကျေးရွာရှိ ပြည်ခိုင်ဖြိုးရပ်ကျေး ပါတီဥက္ကဋ္ဌ ဦးနေလင်းအောင် နေအိမ်တွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းအခမ်းအနားတွင် အခမ်းအနားမှူး ဒေါ်တင့်တင့်ခိုင်က အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တိုင်း နာယက ဦးဝင်းမြင့်စိုးက အဖွင့်စကားများနှင့် ယနေ့ဖြစ်ပေါ်နေသော ပဂတိအခြေအနေ အကြောင်းအရာများကို ဆွေးနွေး ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဇေယျာသီရိမြို့နယ်ရှိ လေဘေးသင့် ပြည်သူများနှင့် တွေ့ဆုံ

 

ဇွန် ၁၁ ၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် ဇေယျာသီရိ မြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများ၊ ပါတီဝင်များ ပရဟိတ အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းအာ စုပေါင်းသီဆိုခြင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ရှေးဦးစွာ ဇေယျာသီရိမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးဝင်းမှ နှုတ်ခွန်းဆက်စကား ပြောကြား ခဲ့ပြီး တက်ရောက်လာသော ပြည်သူလူထုမှသိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့သည်။

လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရေနွေးကြမ်း စကားဝိုင်း ကျင်းပ

 

နေပြည်တော် ဇွန် ၁ဝ

ပြည်ထောင်စုနယ်မြေ နေ ပြည်တော်ခရိုင် လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ နံနက် ၈ နာရီမှစတင်၍ ကျေးရွာများရှိ ပါတီဝင်များ၊ ပြည်သူများနှင့် ကွင်းဆင်းတွေ့ဆုံပြီး ရေနွေးကြမ်း စကားဝိုင်း ကျင်းပခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကျေးပါတီအဖွဲ့များအား ကွင်းဆင်းတွေ့ဆုံ

 

ပြည်ကြီးတံခွန် ဇွန် ၁ဝ

ပြည်ကြီးတံခွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအထိ မြို့နယ်အတွင်းရှိရဲ ဘော်စိုက်ကွင်း အနောက်ရပ်ကွက် နယ်မြေတာဝန်ခံ မြို့နယ်ကော်မတီ ဝင်ဦးကျော်လွင် နေအိမ်သို့ သွားရောက်၍ ရပ်/ကျေးပါတီအဖွဲ့များအား ကွင်းဆင်းတွေ့ဆုံ ခဲ့သည်။

ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ရပ်ကျေး လစဉ်ပုံမှန် အစည်းအဝေး ကျင်းပ

 

ငါန်းဇွန် ဇွန် ၁ဝ

မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေး လစဉ်ပုံမှန် အစည်းဝေးကို မြို့နယ်ပြည်ခိုင်ဖြိုးရုံး အစည်းအဝေး ခန်းမတွင် ယမန်နေ့ နံနက် ၁ဝ နာရီမှမွန်းလွဲ ၁ နာရီအထိ ကျင်းပခဲ့သည်။

အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီအဖွဲ့များနှင့် တွေ့ဆုံ

 

အမရပူရ ဇွန် ၁ဝ

အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အတွင်းရှိ လက်ပံဇင် ကျေးရွာပါတီဥက္ကဋ္ဌ ဦးထွန်းနိုင်လင်း၏ နေအိမ်သို့ သွားရောက်၍ ရပ်/ကျေး ပါတီ အဖွဲ့များအား သွားရောက် တွေ့ဆုံ ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင် မန္တလေးမြို့ နိုင်ငံရေးပါတီများ အလွတ်သဘော တွေ့ဆုံပွဲသို့ တက်ရောက်

 

မန္တလေး ဇွန် ၁ဝ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပတ်ကုန်းဝန်းကျင် ရပ်ကွက် ၇၁ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ မန္တလေး တိုင်းဒေသကြီး တစညပါတီရုံးတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီမှ ၂ နာရီခွဲအထိ မန္တလေး မြို့အခြေစိုက် နိုင်ငံရေးပါတီများ အလွတ်သဘော တွေ့ဆုံမှုတစ်ရပ်ပြုလုပ်ခဲ့ရာ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌဦးဝင်းမောင် တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။