ဖေဖော်ဝါရီ ၂၄၊ နေပြည်တော်
ဖေဖော်ဝါရီ ၂၄၊ နေပြည်တော်
(ဖေဖေါ်ဝါရီ) ၂၃
ပြည်ထောာင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ အရန်ဗဟိုကော်မတီဝင် ရန်ကုန်တိုင်း ပါတီကော်မတီဝင် ဦးသန်းမြင့်၊ ထန်းတပင်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးသိန်းရီတို့သည် ရန်ကုန်မြောက်ပိုင်း ခရိုင် ထန်းတပင်မြို့နယ် ကျားဟုန်းကျေးရွာအုပ်စု ကျားဟုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယမန်နေ့ နံနက် (၁၁း၃၀) အချိန်ကျေးရွာရှိ ရပ်မိ/ရပ်ဖများဒေသခံများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ မိတ်ဆက်ကြပြီး ရေနွေးကြမ်း စကားဝိုင်း ကျင်းပပြုလုပ်ကြသည်။
ထားဝယ် ဖေဖော်ဝါရီ ၂၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီး တာဝန်ခံ ဒေါက်တာ ကျော်ကျော်ဌေးသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပါတီဗဟို အလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးသန်းအောင် လိုက်ပါ၍ ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက် ရေးလမ်းဘေးတွင် နေထိုင်သော ဦးကျော်မြင့်အိမ်၌ ရပ်မိ ရပ်ဖများ၊ ပါတီကော်မတီဝင်များ၊ ပါတီကိုစိတ်ပါဝင်စားသူ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပခဲ့ ရာတွင် အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြု၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ၂၃ ၊အောင်လံ
ရန်ကုန် ဖေဖော်ဝါရီ ၂၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ယမန်နေ့ နံနက်ပိုင်းတွင် ဒဂုံ မြို့သစ် (မြောက်ပိုင်း) မြို့နယ် (၃၇) ရပ်ကွက် ပြည်ထောင်စုလမ်းမကြီး ပေါ်တွင်ရှိသော ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဖွင့်လှစ်သော ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းအမှတ်စဉ် (၁) သို့ သွားရောက်အားပေးစကား ပြောကြားကာ သင်တန်းသားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
ပျော်ဘွယ်၊ ဖေဖော်ဝါရီ ၂၃
ပျော်ဘွယ်မြို့နယ်မှာရှိတဲ့ ကျေးရွာနှစ်ဆယ်ဝန်းကျင်းကို လျှပ်စစ်မီးရရှိရေးအတွက် လုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။
ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးတို့က လျှပ်စစ်မီးရရှိရေးအတွက် ဦးဆောင်ပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၃၊ မော်လမြိုင်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နေ့လည် (၂) နာရီက မွန်ပြည်နယ် ပြည်နယ်ပါတီရုံးခန်းမတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ရာ အခမ်း အနားကို နိုင်ငံတော်သီချင်း သီဆို၍ နိုင်ငံတော်အလံအား အလေးပြုကြပြီးနောက် (၂) ခရိုင် ( ၁၀) မြို့နယ်ပါတီ ဥက္ကဌများမှ ပါတီအတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် သိရှိလိုသည်များကို ရှင်းလင်းတင်ပြ ခဲ့ကြပါသည်။ ထို့နောက် ခရိုင်ပါတီဥက္ကဌ၊ ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် ပြည်နယ်ပါတီဥက္ကဌတို့မှ ပါတီအတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပါသည်။
ဖေဖော်ဝါရီ(၁၃)၊
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ဝင်ရောက်လာသော ပါတီဝင်အသစ်များ၏ ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်မှ ၁၁ နာရီ ၃၀ မိနစ်အထိ ပုသိမ်ကြီးမြို့နယ် ပါတီရုံးတွင် ကျင်းပခဲ့သည်။
ဖေဖော်ဝါရီ ၁၄၊ ကံမ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကံမမြို့နယ်အတွင်းရှိ ကံစု၊ ကညင်တိုင်း၊ ဂျင်းရဲ၊ မုန်းဒါး၊ သာဇီကျေးရွာများသို့သွားရောက်ပြီး ပါတီ ဆိုင်းဘုတ်အသစ်တင်ခြင်း၊ ကျေးရွာများမှ ပြည်သူများနှင့်ရင်းနှီးနွေးထွေးစွာ တွေ့ဆုံခြင်းများအား ဆောင်ရွက်ခဲ့ ပါသည်။
ဖေဖော်ဝါရီ ၁၃