ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး(အရှေ့) တွဲဖက်တာဝန်ခံ ဦးလှသိန်းသည် ယနေ့တွင် ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်ယု၊ မြို့နယ်ပါတီကော်မတီဝင် ဦးသောင်းထွန်းနှင့် ရုံးအဖွဲ့များလိုက်ပါပြီး မြစ်ကျိုးကျေးရွာတာထိပ်ကျောင်းဆရာတော်၊ အထက်ဝိုင်းပတ်ကျေးရွာ ကျောင်းဆရာတော်၊ ဒလနွမ်းကျေးရွာ ကျောင်းဆရာတော်နှင့် ဆင်ရွာကျောင်းကြီး ဆရာတော်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် အထက်ဝိုင်းပတ်ကျေးရွာ အလယ်တန်း ကျောင်း၌ ကိုယ်ထူ ကိုယ်ထ ဆောက်လုပ်သည့်စာသင် ဆောင်အသစ်အတွက် အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ပြည်ခိုင်ဖြိုးပါတီ စုပေါင်းသန့်ရှင်းရေးနှင့် ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ကျောင်းဖွင့်ချိန်ကာလ၌ ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရန် အတွက် အခြေခံပညာ မူလတန်းကျောင်းအမှတ်(၂)ကျောင်းဝင်းအတွင်းအပြင် စုပေါင်းသန့်ရှင်း ရေးဆောင်ရွက် ပေးခဲ့ကြသည်။
”ကျောင်းဖွင့်တဲ့အချိန်မှာ ကျောင်းသားကျောင်းသူတွေ အဆင်ပြေပြေနဲ့ မြွေအန္တရာယ်ကင်းဝေးအောင် ကျောင်းဝင်းအတွင်းအပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊အမှိုက်များ ရှင်းလင်းခြင်းနှင့် မိုးရာသီတွင် ဖြစ်ပွားတတ်သော ရာသီတုပ်ကွေးရောဂါအား ကြိုတင်ကာကွယ်သောအားဖြင့် စာသင်ခန်းမ များအတွင်း ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်း
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးကျော်ကျော်အောင်နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းက မုတ်လွဲကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်အား သွားရောက် ဖူးမြော်ကြည်ညိုကြပြီး ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီ၊ နဝကမ္မဝတ္ထုငွေ နှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ် ရေးအထောက်အကူပြုနှာခေါင်းစည်း ၅ဝ တို့ကို ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စာဖြေသံဃာတော်များအတွက် Mask နှင့် အလှူငွေ လှူဒါန်း
ပါဠိပထမပြန်စာတော်ဖြေပွဲကြီးတွင် သိမ်ဇရပ်စာဖြေဌာနမှ ဝင်ရောက် ဖြေဆိုကြမည့်သံဃာတော်များအတွက် အလှူငွေကျပ် သုံးသိန်းနှင့်ျြေု အခု ရေ ၅ဝဝ တို့အား သိမ်ဇရပ်မြို့ မြသိန်း တန် ပရိယတ္တိစာသင်တိုက်ဆရာတော် ထံ ယနေ့နံနက်ပိုင်းက ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များက သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ပါတီဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုး ဝန်းသိုမြို့နယ်ရှိ ဆရာတော်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက ဝန်းသိုမြို့နယ်၏ ကျောက်မောင်းတောင် စေတီတော်မြတ်ကို သွားရောက်ဖူးမြော် ကြည်ညို၍ ကျောက်မောင်းတောင် တောရတွင် သီတင်းသုံးတော်မူသော ချောင်းဆုံဆရာတော်ကြီးအား လှူဖွယ် ဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းကာ ပူဇော်ကန်တော့ပြီး သြဝါဒခံယူခဲ့ကြောင်း သိရသည်။ ထိုမှတစ်ဆင့် ဝန်းသိုမြို့သို့ ဆက်လက်သွားရောက်ပြီး ခန္တီးစာသင် တိုက်ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇဝန ဆရာတော်အား လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်လှူဒါန်းပူဇော်ကန်တော့ပြီး ဆရာတော်ကြီး၏ ဆုံးမသြဝါဒကို ခံယူခဲ့ကြောင်း သိရသည်။
သထုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကျေးဒေသခံများအား ဆန် ဆီနှင့် ကြက်ဥများ ထောက်ပံ့ ပေးအပ်
သထုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်ပါတီကော်မတီ ဝင်ဦးသိန်းဇော်၊ ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစောမျိုးမင်းဌေး ဦးဆောင်ကာ ယမန်နေ့ မွန်းတည့် ၁၂နာရီက ဇရစ် ချောင်ကျေးရွာအုပ်စုရှိ ပါတီအမာခံများအား COVID-19 ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စားဝတ်နေရေး အဆင်ပြေနိုင် စေရေးအတွက် တစ်ဦးလျှင် ဆန် သုံးပြည်၊ ဆီတစ်ဘူး၊ ကြက်ဥခုနစ် လုံးစီ စုစုပေါင်း ဆန်သုံးပြည်အိတ် ၄၁အိတ်၊ ဆီဘူး၄၁ဘူးနှင့် ကြက်ဥ ၂၈၇လုံးအား ပေးအပ်ထောက်ပံ့ ခဲ့သည်။
ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်ရေးရာအဖွဲ့ ဘီးလင်းမြို့နယ်သာသနာ့ဗိမာန်တော်အား သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးမြင့်ဆွေ၊ အတွင်းရေးမှူး ဦးကျော်ဇေယျာမင်း၊ ဦးစိုးမင်းစမ်၊ မြို့နယ်လူငယ်တာဝန်ခံ ဦးဆန်းထွန်းဦးနှင့် ပါတီဝင်လူငယ် များသည် ယမန်နေ့ နံနက် ၈နာရီက ဘီးလင်းမြို့နယ် ဘိုးရာဇာရပ်ကွက် သာသနာ့ဗိမာန်တော်ကြီးအား(COVID-19)ရောဂါကာကွယ်ရေး အတွက် ပိုးသတ်ဆေးဖျန်းခြင်း နှင့် သာသနာ့ဗိမာန်တော်ပရိဝုဏ် အတွင်း သန့်ရှင်းရေးများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အထက ပေါင် သို့ Mask များလှူဒါန်း
မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီကော်မတီဝင် ဦးခင်မောင်ဇော်၊ ဒေါ်မေသူဝင်း၊ ပေါင်မြို့နယ် ပါတီအတွင်းရေးမှူးဦးအောင်ဆန်း ဦးနှင့်မြို့နယ်ပါတီကော်မတီဝင် ဦးကိုကိုလေး တို့သည် ယမန်နေ့နံနက် ၉ နာရီက အထက ပေါင်တွင် Grade -10 သင်ရိုးသစ် မြို့နယ် အဆင့်သင်တန်းတက်ဆရာမများ အား COVID-19 ကာလအတွင်း သင်ကြားရာတွင် အထောက်အကူ ဖြစ်စေရေး ရည်ရွယ်ကာFace Shield ? Mask များ သွားရောက် လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဝါးတရာကျေးရွာရှိ ပြည်သူများနှင့်သွားရောက်တွေ့ဆုံ
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်သည် ယနေ့နံနက်ပိုင်းက အမှတ်(၂၃) ဝါးတရာ ကျေးရွာရှိ ရပ်မိရပ်ဖများ ပါတီဝင်များနှင့် သွားရောက်တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ ကျေးရွာအခြေအနေများကို ဆွေးနွေးညှိနှိုင်းတိုင်ပင်ခဲ့ကြသည်။
သွားရောက်ရာတွင် ပါတီဗဟိုအတွင်း ရေးမှူးနှင့်အတူ မြောက်ပိုင်းခရိုင် ပါတီကော်မတီဝင် လူငယ်ရေးရာ တာဝန်ခံ ဒေါ်ချမ်းမြအေးရွှေပြည်သာမြို့နယ်ပြည်ခိုင်ဖြိုးပါတီနာယက ဦးရဲဆွေလှိုင်၊ ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးလင်းအောင်အောင်နှင့် မြို့နယ်ပါတီကော်မတီဝင်များနှင့်အတူ သွားရောက်တွေ့ဆုံခဲ့သည်။
မိုးမောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ Grade-10 သင်တန်းမှ ဆရာ ဆရာမများအား ထမင်းဘူးများ လှူဒါန်း
မိုးမောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက Grade-10 သင်တန်းမှ ဆရာ ဆရာမများ၊ သင်တန်းနည်းပြ များအား ထမင်းဘူးများလှူဒါန်းခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မိုးမောက်မြို့ အထက ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဗန်းမော်ခရိုင် ပါတီအတွင်း ရေးမှူး၊ မိုးမောက်မြို့နယ်တာဝန်ခံ ဒေါ်ဝိုင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင်၊ အတွင်းရေးမှူးဦးဒါ့ရှီးတူးလွမ်၊ မြို့နယ်ကော်မတီဝင်ဦးမြင့်လွင်၊ ဒေါ်မေရီနှင့် ရုံးအဖွဲ့ဝင်များက မြို့နယ်ပညာရေးမှူး ရုံးမှ ကြီးမှူးဖွင့်လှစ်သော Grade-10 သင်တန်းမှ ဆရာ ဆရာမ ၁၁၃ဦးတို့အား ထမင်းဘူးများလှူဒါန်းခဲ့ကြောင်း သိရသည်။