မဟော်သဓာအခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေး အလှူငွေ သိန်း (၁၀၀) ကျပ်လှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ငွေနံ့သာကျေးရွာရှိ မဟော်သဓာအခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်းသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးသန်းဌေးက အလှူငွေ သိန်း (၁၀၀) ကျပ်အား ယနေ့ နံနက် ၈ နာရီအချိန်က လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဆရာတော် အရှင်ပညာဝရထံမှ သြဝါဒခံယူခဲ့ကြပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးက အလှူငွေသိန်း (၁၀၀) ကျပ်အား လှူဒါန်းခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးမှ အမှတ် (၁၆) ရပ်ကွက်ရှိ သာမဏေကျော်စာသင်တိုက်သို့ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်း

 

သြဂုတ် ၃၀

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်နှင့် ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီမှ အမှတ် (၁၆) ရပ်ကွက်ရှိ သာမဏေကျော်စာသင်တိုက်ရှိ ဆရာတော်ထံသို့ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝထ္တုပစ္စည်းများ သွားရောက် ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။ သွားရောက်လှူဒါန်းရာတွင် ဗဟိုအတွင်းရေးမှူးနှင့်အတူ ရန်ကုန်မြောက်ပိုင်းခရိုင် ကော်မတီဝင် ဒေါ်ချမ်းမြအေး ရွှေပြည်သာပြည်ခိုင်ဖြိုးနာယက ဦးရဲဆွေလှိုင် ရွှေပြည်သာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင်နှင့်မြို့နယ် ကော်မတီဝင်များနှင့်အတူ သွားရောက်လှူဒါန်း ခဲ့ကြပါသည်။

ကရင်ပြည်နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး ဖာပွန်မြို့နယ်တွင် ဘုရားဆင်းတုတော်များ ပြက္ခဒိန်များနှင့် နိဗ္ဗာန်ယာဉ်လှူဒါန်း

 

ဖာပွန် သြဂုတ် ၃၁

ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးသည် ယမန်နေ့ နံနက် ၅နာရီက ဖာပွန်မြို့အမှတ် (၂) ရပ်ကွက်ရှိ ဝေဠုဝန်ကျောင်းတိုက်တွင် ပန်းပေါင်းစုံ ဘုရားဆင်းတုတော် အဆူ ၅ဝဝ အနေ ကဇာတင်ခြင်းနှင့် နာရေးကူညီမှု အသင်းကို နိဗ္ဗာန်ယာဉ် လိုက်ထရပ်ကားတစ်စီး လှူဒါန်းခြင်းအတွက် ရေစက်ချ အခမ်းအနားပြုလုပ်ခဲ့သည်။

ဘားအံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကရင်ပြည်နယ် မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့သို့ အခြေခံ စားသောက်ကုန်များ ထောက်ပံ့

 

ဘားအံ သြဂုတ်လ

ကရင်ပြည်နယ်ဘားအံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးအောင်လွင်၊ ဦးဝင်းတင်၊ ဒေါ်နန်းနီနီအောင် တို့သည် ယမန်နေ့နံနက် ၉နာရီခွဲက ကရင်ပြည်နယ် မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့သို့ ဆန် ဆီ ပဲ ခေါက်ဆွဲနှင့် ဘုရားဆင်းတုတော်များထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ခင်နီနီအောင်


မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီက COVID -19 ကာလတွင် အခက်အခဲရှိသော အိမ်ထောင်စု ၁၄ဝ အတွက် ဆန်နှင့်ကြက်ဥများ လှူဒါန်း

 

ရန်ကုန် သြဂုတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းထိုက်၊ ဘဏ္ဍာ ရေးမှူး ဦးအောင်ဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မြန်မာစာပါမောက္ခ ဒေါက်တာရွှေပြည်စိုး၊ ဦးကျော်စွာ တိုးမြင့်၊ တရားလွှတ်တော်ရှေ့နေ ဦးနေလင်းအောင်တို့သည် ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် အမှတ် (၂) ရပ်ကွက် မေတ္တာရပ်ကွက်အတွင်း ရှိCOVID -19 ကာလအခက်အခဲရှိ မိဘပြည်သူများအား ဆန်နှင့် ကြက်ဥများ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လှူဒါန်းရာ အမှတ် (၂) ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောထွန်း နှင့် မေတ္တာရပ်ကွက် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက စေတနာရှေ့ထား ပေါင်းစပ် ကူညီဆောင်ရွက် ပေးကြောင်း သိရသည်။ အေးမင်းဇော်(မြောက်ဥက္ကလာ)

လှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်များအား ဝါဆိုသင်္ကန်း ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း

 

ရန်ကုန် သြဂုတ်လ

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် လှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ယမန်နေ့တွင် ဘုန်းတော်ကြီးကျောင်း ငါးကျောင်းသို့ ဝါဆိုသင်္ကန်းနှင့် အလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။

ပါတီဗဟိုအတွင်းရေးမှူး တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်သော အောင်လံမြိုကနယ်ရှိ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

အောင်လံ သြဂုတ် ၂၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ တိုင်းဒေသကြီး အရန်ပါတီ ကော်မတီဝင် ဦးတင်ဝင်းနှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစန်းလွင်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးခင်ဆွေတို့သည် ယမန်နေ့က ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်ကြသော ခြောက်ဘာ သာဂုဏ်ထူးရှင် နှစ်ဦးအား တစ်ဦးလျှင် ကျပ်တစ်သိန်းဖြင့် ကျပ်နှစ်သိန်း၊ လေးဘာသာဂုဏ် ထူးရှင် ရှစ်ဦးအား တစ်ဦးလျှင် ကျပ်ငါးသောင်းဖြင့် ကျပ်လေးသိန်း၊ သုံးဘာသာ ဂုဏ်ထူးရှင်ကိုးဦးအား တစ်ဦးလျှင် ကျပ်လေးသောင်း ဖြင့် ကျပ်သုံးသိန်းခြောက်သောင်း စုစုပေါင်း ကျပ်ကိုးသိန်းခြောက်သောင်း ကိုဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆားချက်တံတား ကွန်ကရစ်လမ်းခင်းရန် ဘိလပ်မြေ အိတ်များ လှူဒါန်း

မန္တလေး သြဂုတ်လ

အမရပူရမြို့နယ် ကျန်တန်းရပ်ကွက် ဆားချက်တံတားကွန် ကရစ်လမ်းခင်းရန်အတွက် ယမန်နေ့နံနက် ၉ နာရီခွဲက အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဘိလပ်မြေ အိတ်များအား အဆိုပါတံတားရှိရာသို့ သွားရောက်လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာသို့ ပါတီပြောရေးဆိုခွင့်ရှိသူ အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦး၊ မန္တလေးခရိုင် ပါတီအတွင်းရေးမှူး ဒေါ်ဝါဝါလှိုင်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်စောမြိုင်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ပါတီဝင်များ လိုက်ပါကူညီ ဆောင်ရွက်ခဲ့သည်။

ကျောက်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ဆေးရုံအတွက် လူနာခုတင်နှင့် လေးဝတီကုလရက္ခိတ အသင်းအတွက် PPE ဝတ်စုံလှူဒါန်း

ကျောက်ဖြူ သြဂုတ်လ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြည်နယ်ပါတီကော်မတီဝင် ဦးသိန်းနု၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးမြလင်း၊ ခရိုင်ဘဏ္ဍာရေးမှူး ဦးခင်မောင်ကြီး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာ ထင်လင်းဦး၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးတင်ထွန်း၊ ပါတီကော်မတီဝင်များနှင့် ရုံးဝန်ထမ်းများသည် ယနေ့ မွန်းလွဲ ၂ နာရီက ကျောက်ဖြူမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ COVID-19 ရောဂါကာလအတွင်း သီးသန့်လူနာခန်း Isolation Room တွင် အသုံးပြုနိုင်ရန်အတွက် လူနာခုတင် နှစ်လုံးကို လှူဒါန်းခဲ့ပြီး လေးဝတီကုလ ရက္ခိတအသင်းတွင် အသုံးပြုရန်အတွက် PPE ဝတ်စုံများ လှူဒါန်းခဲ့ကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်ရာတွင် ဒေသကို အကျိုးပြုမည့်သူအား ဦးစားပေးရွေးချယ်ရမည်ဖြစ်ကြောင်း ဒုဥက္ကဋ္ဌ ပြောကြား

 

နေပြည်တော်၊ သြဂုတ် ၂၇

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ရာ၌ ဒေသကို အမှန်တကယ် အကျိုးပြုမည့်သူအား ဦးစားပေးရွေးချယ်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဦးလှထွန်းက ပြောကြားသည်။

ကျောက်ပန်းတောင်းမြို့နယ်မှ ဒေသခံပါတီဝင်များနှင့် တွေ့ဆုံစဉ်တွင် ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းက ထိုသို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။