
စက်တင်ဘာ ၁၅၊ တိုက်ကြီး
တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်မှစတင်ကာ ဥက္ကံမြို့ ဦးမောင်ရုံး+ဒေါ်ရင် ဘိုးဘွားရိပ်သာ၌ တစ်နေ့တာအာဟာရ အလှူတော်ပွဲ ကျင်းပခဲ့ပါသည်။
ရှေ့ဦးစွာ မြို့နယ်ပါတီတာဝန်ရှိသူများက ဘုရားအမှူးပြုသော သံဃာတော်များထံမှ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလတော်မြတ်ကို ခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်(၅)ပါးအား ဝါဆိုလျာသင်္ကန်းနှင့် ဝတၳဳငွေများ ဆက်ကပ်လှူဒါန်းပြီးကုသိုလ်ကောင်းမှုတိုအား အမျှအတန်းပေးဝေကြပါသည်။












