နေပြည်တော်၊ သြဂုတ် ၁၈
ပြည်ခိုင်ဖြိုးပါတီမှ ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းတွေကို ဗဟိုဦးစီးစနစ်ဖြင့် ချုပ်ကိုင်ရွေးချယ်ထားခြင်း မဟုတ်ပဲ ဒေသအကျိုး ပြည်သူ့အကျိုးဆောင်ရွက်နိုင်ပြီး ဒေသခံတွေနှစ်ကြိုက်မည့် အဆိုပြုထားသူများကိုသာ ဦးစားပေး ရွေးချယ်ထားတယ်လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောဆို လိုက်ပါတယ်။
ဒီကနေ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ ဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာ နန္ဒာလှမြင့်က အခုလို ပြောဆိုခဲ့တာပါ။