ဇူလိုင် ၇၊ နေပြည်တော်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကမ္ဘာ့ကပ်ရောဂါ covid – 19 ကူးစက်ခံရခြင်းကြောင့် ဆေးရုံတက်ရောက်ပြီး ကုသမှုခံယူနေရသော Positive လူနာများနှင့် Quarantine Center တွင် ဆေးစစ်ချက်ယူနေရသော သံသယလူနာများအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ ဌာနချုပ်မှူး ဦးသောင်းရွှေ၊ ပြည်ထောင်စုနယ်မြေ ပါတီကော်မတီဝင် ဦးဌေးဝင်းနှင့် ပါတီအဖွဲ့ဝင်များက အလှူငွေများအား ၇-၇-၂၀၂၁ ရက်နေ့ နေ့လည်ပိုင်းတွင် သွားရောက်လှူဒါန်းခဲ့ကြရာ တာဝန်ရှိသူများမှ လက်ခံခဲ့ကြပါသည်။