
မိုးမိတ် ဇူလိုင် ၂၇
မိုးမိတ်မြို့ လက်ခုတ်တန်းရပ်ကွက်ရှိအေးမြချမ်းသာသီလရှင်ကျောင်းရှိ ဆောက်လုပ်ဆဲနှစ်ထပ်ကျောင်းဆောင် ဒုတိယထပ်ဆလစ်လောင်းရာတွင်မိုးမိတ်ခရိုင်နှင့် မြို့နယ်ဥက္ကဌတို့ဦးဆောင်ပြီးပါတီဝင် (၂၁)ဦးတို့မှ လုပ်အား ဒါနကုသိုလ်ပါဝင်ခဲ့ကြပါသည်။

မိုးမိတ် ဇူလိုင် ၂၇
မိုးမိတ်မြို့ လက်ခုတ်တန်းရပ်ကွက်ရှိအေးမြချမ်းသာသီလရှင်ကျောင်းရှိ ဆောက်လုပ်ဆဲနှစ်ထပ်ကျောင်းဆောင် ဒုတိယထပ်ဆလစ်လောင်းရာတွင်မိုးမိတ်ခရိုင်နှင့် မြို့နယ်ဥက္ကဌတို့ဦးဆောင်ပြီးပါတီဝင် (၂၁)ဦးတို့မှ လုပ်အား ဒါနကုသိုလ်ပါဝင်ခဲ့ကြပါသည်။

မန်တုံ ဇူလိုင် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့ အမှတ်( ၁)ရပ်ကွက် အောင်ချမ်းသာ (မန်တောက်)ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ပညာသင်ကလေးများနှင့်ဆရာ/ဆရာမများ ရဟန်း သံဃာတော်များနှင့် ရှင်သာမဏေများ သီလရှင်များ စုစုပေါင်း (၃၆၄)ဦးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဆန်(၁၀)အိတ်၊ မန်တုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဆီ (၂ )ပုံး အိုင်အိုဒင်းဆား (၂)အိတ်တို့ကို ပြည်နယ်ပြည်ခိုင်ဖြိုးပါတီကိုယ်စား မန်တုံမြို့နယ်ပါတီ ဥက္ကဌနှင့် ကော်မတီဝင်များ သွားရောက်လှူဒါန်းခဲ့ပါသည်။

ဇူလိုင် ၂၇။ ။ တောင်ညွန့်
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဟင်္သာတကျောင်းတိုက်ရှိ ဝါဆိုသံဃာများအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းမှုကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ နံနက်( ၉ ) နာရီအချိန်တွင်ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွက်ဆိုဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယက ဥက္ကဌ ဟင်္သာတကျောင်း ဆရာတော် သီလပေးတရားဟောကြား၍ ဝါဆိုသက်န်းနှင့် လှုဖွယ်ပစည်းများဆပ်ကပ်လှုဒါန်းကြပါသည်။


ပဲခူး
ပဲခူးတိုင်းဒေသကြီး(အရှေ့) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ တိုင်း ခရိုင် မြို့နယ်ပါတီကော်မတီဝင် များ၏ ပါတီလုပ်ငန်းညှိုနှိုင်းဆွေးနွေးပွဲအား ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းပါတီရုံးချုပ်အစည်းအဝေး ခမ်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော် ဇူလိုင် – ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီက တိုင်ဒေသကြီးပြည်ခိုင်ဖြိုးပါတီရဲ့လမ်းညွှန်မှုအရ ရှေ့လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များအား ဆောင်ရွက်နိုင်ရန်ညှိ့နှိုင်းဆောင်ရွက်မှုများပြုလုပ်၍ အစည်းအဝေးကို နေ့လည်(၁)နာရီတွင် ပြီးစီးခဲ့ပါသည်။
အဆိုပါအစည်ဝေးပွဲသို့ မအူပင်ခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဦးဝင်းကျော်ကျော်နှင့် ကော်မတီဝင်များ၊ မအူပက်ခရိုင် လေးမြို့နယ်ပါတီဥက္ကဌနှင့်အတွင်းရေးမှုး တတ်ရောက်ခဲ့ကြောင်းသတိရရှိပါသည်။

ဇူလိုင် ၂၆၊ ပြည်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် ပြည်မြို့နယ်ရှိ တိုင်းဒေသကြီပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရန်ကုန် ဇူလိုင် ၂၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်း ခရိုင် မြို့နယ် တွေ့ဆုံပွဲကို့ ယနေ့နံနက် ၁၀ နာရီအချိန်က သံလွင်လမ်းရှိ ပါတီဌာနချုပ်ရန်ကုန်ရုံးခွဲ၌ ကျင်းပပြုလုပ်ခဲ့ကြသည်
အစီအစဉ်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာသော ခရိုင်ဥက္ကဌများနှင့် မြို့နယ်ဥက္ကဌများက မိမိတို့မြို့ရွာများ၏ ပါတီဝင်စီစစ်ပြီးအခြေအနေနှင့် လှုပ်ရှားဆောင်ရွက်မှုများ ဒေသတွင်းလိုအပ်ချက်များအား မြို့နယ်အလိုက် တင်ပြခဲ့ကြသည်။

ဇူလိုင် ၂၅၊ နေပြည်တော်
နေပြည်တော် ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ထန်းတပင်တောရကျောင်းတိုက်ရှိ ဝါဆိုသံဃာများအား အာရုံဆွမ်းလောင်းလှူပွဲနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းမှုကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။
အဆိုပါလှူဒါန်းပွဲသို့ ပြည်ထောင်စုနယ်မြေပါတီဥက္ကဌ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်လှိုင်၊ ပါတီဗဟို အလုပ်အမှုဆောင် ဦးသောင်းအေး၊ ပြည်ထောင်စုနယ်မြေ ပါတီနာယကနှင့် ကော်မတီဝင်များတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

လားရှိုး ဇူလိုင် ၂၁
၂၀၂၂ ခုနှစ် ဇုလိုင် ၂၁ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယအကြိမ်(၃)လပါတ် လုပ်ငန်းညှိနိုင်းအစည်းအဝေး ပထမနေ့ကို ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံး၌ ကျင်းပခဲ့ပါသည်။