မိုးမိတ် စက်တင်ဘာ ၁၇
မိုးမိတ်မြို့နယ် လက်ခုတ်တန်းရပ်ကွက်ရှိ ဂူတော်သစ်မြတ်စွာဘုရားဝန်းအတွင်း သုဓမ္မာဇရပ် ဆောက်လုပ်ရန် အတွက် မိုးမိတ်ခရိုင်ပါတီဥက္ကဋ္ဌဦးစိုးမြင့် မိသားစုမှ မတည်အလှူငွေ ၃၀၀၀၀၀၀ိ(သိန်းသုံးဆယ်တိတိ) လှူဒါန်းခဲ့ပါသည်။
မိုးမိတ် စက်တင်ဘာ ၁၇
မိုးမိတ်မြို့နယ် လက်ခုတ်တန်းရပ်ကွက်ရှိ ဂူတော်သစ်မြတ်စွာဘုရားဝန်းအတွင်း သုဓမ္မာဇရပ် ဆောက်လုပ်ရန် အတွက် မိုးမိတ်ခရိုင်ပါတီဥက္ကဋ္ဌဦးစိုးမြင့် မိသားစုမှ မတည်အလှူငွေ ၃၀၀၀၀၀၀ိ(သိန်းသုံးဆယ်တိတိ) လှူဒါန်းခဲ့ပါသည်။
ညောင်လေးပင် စက်တင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်ပါတီမိသားစုမှ ဝါဆိုသင်္ကန်းဆပ်ကပ်ပူဇော်ပွဲအား စက်တင်ဘာ ၁၇ရက်နေ့နံနက်ပိုင်းက မြို့နယ်ပါတီအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ပင့်လှောက်ထားသော ဆရာတော်သံင်္ဃာတော်များအား မြို့နယ်ပါတီဥက္ကငှ ဦးမြင့်စိုး ၏ ပါတီကော်မတီ၀င်များ မြို့မိမြို့ဖများ ပရဟိတလူမူရေးအသင်းအဖွဲ့များ ရပ်ကျေးကော်မတီ၀င်များ တက်ရောက်ခဲ့ပါသည်။ ရှေ့ဦးစွာဆရာတော်ထံမှ ငါးပါးသီလကတော့ချိုးဖြင့် ငါးပါးသီလဆောက်တည် ကန်တော့ခဲ့ ပြီးနောက် ဝါဆိုသင်္ကန်း နှင့်လှူဖွယ်၀တ္တူများ နေဆွမ်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။
စက်တင်ဘာ ၁၅၊ မြန်အောင်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၁၅-၉-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၂၉)နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် လူငယ်ရေးရာလှုပ်ရှားမှုအနေဖြင့် ဘုရားသုံးဆူအနောက် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းအား ပြုလုပ်ခဲ့ကြပါသည်။
ဆောင်ရွက်ရာသို့ ခရိုင်အတွင်းရေးမှူး၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ လူငယ်ရေးရာပါတီဝင်များမှ စုပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးညဏ်ဝင်းထိုက်၊ အတွင်းရေးမှူး ဒေါ်ဇာခြည်လင်းနှင့် ကော်မတီဝင်များသည် ၁၄-၉-၂၀၂၂ ရက်နေ့ နေ့လည် (၁၁)နာရီအချိန်တွင် သာကတမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ပါတီကော်မတီများနှင့် တွေဆုံဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးပြီးနောက် တက်ရောက်လာကြသောရပ်ကွက်အသီးသီးမှ ပါတီကော်မတီဝင်များအား ဆန်များ ထောက်ပံပေးခဲ့ကြောင်းသိရသည်။
စက်တင်ဘာ ၁၅၊ တိုက်ကြီး
တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်မှစတင်ကာ ဥက္ကံမြို့ ဦးမောင်ရုံး+ဒေါ်ရင် ဘိုးဘွားရိပ်သာ၌ တစ်နေ့တာအာဟာရ အလှူတော်ပွဲ ကျင်းပခဲ့ပါသည်။
ရှေ့ဦးစွာ မြို့နယ်ပါတီတာဝန်ရှိသူများက ဘုရားအမှူးပြုသော သံဃာတော်များထံမှ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလတော်မြတ်ကို ခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်(၅)ပါးအား ဝါဆိုလျာသင်္ကန်းနှင့် ဝတၳဳငွေများ ဆက်ကပ်လှူဒါန်းပြီးကုသိုလ်ကောင်းမှုတိုအား အမျှအတန်းပေးဝေကြပါသည်။
စက်တင်ဘာ ၁၄၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂)ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှ (၁၄)ရက်နေ့ထိ ပါတီဌာနချုပ် အစည်းအဝေးခန်းမ (၁)တွင် ကျင်းပပြုလုပ်ခဲ့ရာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
လယ်ဝေး စက်တင်ဘာ ၁၃
ယနေ့ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးရုံးတွင် မြို့နယ်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးသို့ ပြည်ထောင်စုကော်မတီဝင် ဦးခင်မောင်ထွန်း လယ်ဝေးမြို့နယ် ပါတီဥက္ကဌ ဦးအောင်ခိုင်မိုးနှင့် မြို့နယ်ကော်မတီဝင်များစုံညီစွာ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
စက်တင်ဘာ ၁၃၊ သံတွဲ
သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီဥက္ကဌ ဦးစန်းနိုင်၊ မြို့နယ် ကော်မတီဝင်များ ဖြစ်ကြသော ဦးသန်းလှ၊ ဦးအောင်မျိုးဦး၊ အမျိုးသမီးရေးရာအဖွဲ့ဝင် အရံကော်မတီ ဒေါ်မူယာကျော်နှင့် လူငယ်ပါတီဝင်များ၊ အမျိုးသမီးရေးရာပါတီဝင်များသည် ငပလီမြို့၊ ဇီးဖြူကုန်းရပ်ကွက်ရှိ ရတနသဒ္ဓိပရဟိတ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် TMP အအေးခန်းစက်ရုံမိသားစုတို့ စုပေါင်းလှူဒါန်းသော ဆွမ်းဆန်တော် (၂၄) ပြည်အိပ် (၃)အိပ်အား ကျောင်းတိုက်ရှိ ဆရာတော် သံဃာတော်များနှင့် ကျောင်းသား/သူများ အာဟာရဒါနအဖြစ် သွားရောက်လှူဒါန်းခဲ့ပြီး ဆရာတော်၏ သြဝါဒတရားများ နာကြားခဲ့ကြသည်။
ချောက် စက်တင်ဘာ ၉
ချောက်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရွှေပုံတောင်ရပ်တွင် တည်ထားကိုးကွယ်တော်မူသည့် ရွှေပုံတောင် မာန်အောင်မြင်စေတီတော်မြတ်ကြီး၏ အကြိမ်(၅၁၇) ကြိမ်မြောက် ဆွမ်းလောင်းလှူပွဲကြီးအား ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းလှိုင်၊ အတွင်းရေးမှူး ဦးဖေသန့်ဇော် နှင့် ကော်မတီဝင်များမှ ဆရာတော် အရှင်သူမြတ်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ကျောက်မဲ စက်တင်ဘာ ၉
ယနေ့(9-9-2022)ရက်နေ့နံနက်ပိုင်းတွင် ကျောက်မဲခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းထိုက်ဇော်၊ မြို့နယ်ပါတီဥက္ကဌ ဦးလှတင်၊ ဘဏ္ဍာရေးမှူးဒေါ်ဖြူဖြူမြင့်နှင့် ဒေါ်ဝင်းမြင့်တို့မှ သာသနောဒယကျောင်းတိုက် အမှတ်(၁)ရပ်ကွက် ပြိန်းနင်ရပ်(14)ကြိမ်မြှောက်ပုညသဟာရ ဆွမ်းလောင်ပွဲတွင်လှူဖွယ်ဝတ္ထုအစုစုတို့ကို လှူဒါန်းခဲ့ပါသည်။