ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကူအညီလိုအပ်နေသော ပါတီဝင် မိသားစုများအား တွေ့ဆုံ

ရန်ကုန်၊ အောက်တိုဘာ ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အကူအညီလိုအပ်နေသော ပါတီဝင်မိသားစု စုစုပေါင်း (၇၃)ဦးအား ၁၅-၁၀-၂၀၂၂ ရက်နေ့ နေ့လည် ၁၃:၃၀ အချိန်မှ ၁၅:၃၀ အချိန်ထိ ပါတီဌာနချုပ် ရန်ကုန်ရုံးခွဲ၌ တွေ့ဆုံခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သဘောထားထုတ်ပြန်ကြေညာချက် အမှတ်စဉ် (၄/၂၀၂၂) ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက် ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၄)ရက်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တတိယအကြိမ် ပါတီညီလာခံ(၂၀၂၂) အတွေ့အကြုံရှင်းလင်းပွဲများ မန္တလေးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပ

မန္တလေး-အောက်တိုဘာ ၁၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တတိယအကြိမ် ပါတီညီလာခံ(၂၀၂၂) အတွေ့အကြုံရှင်းလင်းပွဲများကို မန္တလေးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပလျှက်ရှိရာ (၁၂.၁၀.၂၀၂၂)ရက် နံနက် (၁၀း၃၀)နာရီအချိန်တွင် ကျောက်ဆည်ခရိုင်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားမစတင်မီ တတိယအကြိမ်ပါတီညီလာခံ(၂၀၂၂)တွင် ပြောကြားခဲ့သော ပါတီဥက္ကဌဦးခင်ရီ၏ အမှာစကား Video file နှင့် ညီလာခံကျင်းပမှုမှတ်တမ်းဓာတ်ပုံများကို တက်ရောက်လာသူများအားပြသခဲ့ပြီး နံနက်(၁၀:၃၀)နာရီ အချိန်တွင် အခမ်းအနားစတင်ကျင်းပခဲ့ပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

လားရှိုး အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ လားရှိုးအခြေပြု ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကော်မတီအဖွဲ့များ တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကိုပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ဗဟိုအလုပ်မှုဆောင်ဦးအောင်သူ၊ ပြည်နယ်ဥက္ကဋ္ဌဒေါက်တာမျိုးထွန်း၊ ပြည်နယ် အတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ပြည်နယ် ဘဏ္ဍာရေးမှူး ဦးစိုင်းခမ်းကော်နှင့်ပြည်နယ်၊ ခရိုင် မြို့နယ် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

ပါတီညီလာခံ အောင်မြင်စွာပြီးမြောက်ခြင်းအတွက် ပါတီရုံးဝင်းသန့်ရှင်းရေး စစ်တွေ ပြည်ခိုင်ဖြိုးပြုလုပ်

စစ်တွေ၊ အောက်တိုဘာ ၁၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ်ပါတီညီလာခံအောင်မြင်စွာ ပြီးမြောက်ခြင်းကို ဂုဏ်ပြုသောအားဖြင့် စစ်တွေ မြို့နယ်ပါတီရုံး ပရဝုဏ် သန့်ရှင်းရေး လှုပ်ရှားမှု ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ရှားမှုကို ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီက စစ်တွေ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်စိန်နှင့် ကော်မတီဝင်များ၊ ပါတီလူငယ်နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ ဆောင်ရွက်ခဲ့ကြသည်။

ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်အစည်းအဝေးပြုလုပ်

အောက်တိုဘာ ၁၂၊ ပန်းတောင်း

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လပတ်ပုံမှန်အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် မြို့နယ်ပါတီရုံးရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် တတိယအကြိမ်ပါတီညီလာခံအတွေ့အကြုံများ၊ လမ်းညွှန်မှာကြားချက်များနှင့် ​ရှေ့ဆက်ဆောင်ရွက်ရမည့် ပါတီလုပ်ငန်းစဥ်များအား ရှင်းလင်းဆွေးနွေးကြပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တတိယအကြိမ် ပါတီညီလာခံ(၂၀၂၂) အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကျင်းပ

မန္တလေး-အောက်တိုဘာ(၁၁)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောင်မြေသာစံခရိုင်၊ မဟာအောင်မြေခရိုင်၊ အမရပူရခရိုင် ပါတီကော်မတီဝင်များ၊ ခရိုင်အတွင်းရှိပါတီကော်မတီဝင်များအား တတိယအကြိမ်ပါတီညီလာခံ(၂၀၂၂) အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားမစတင်မီ တတိယအကြိမ်ပါတီညီလာခံ(၂၀၂၂)တွင်ပြောကြားခဲ့သော ပါတီဥက္ကဌဦးခင်ရီ၏ အမှာစကား Video file နှင့် ညီလာခံကျင်းပမှုမှတ်တမ်းဓာတ်ပုံများကို တက်ရောက်လာသူများအားပြသခဲ့ပြီး နံနက်(၉)နာရီ အချိန်တွင် အခမ်းအနားစတင်ကျင်းပခဲ့ပါသည်။

ပြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ငွေပဒေသာပင်ဆပ်ကပ် လှူဒါန်းပွဲတွင် ပါဝင်လှူဒါန်း

အောက်တိုဘာ ၁၂၊ ပြည်

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ​မှော်ဇာအုပ်စု၊ တောင်လုံးညိုကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ၁၁-၁၀-၂၀၂၂ ရက်နေ့ နေ့လည် ၁၄:၀၀ နာရီအချိန်၌ ငွေပဒေသာပင် ဆပ်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ငွေပဒေသာပင်ဆပ်ကပ်လှူဒါန်းခြင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ပြည်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် ပါတီတာဝန်ရှိသူများတက်ရောက်ခဲ့ပြီး လှူဘွယ်ဝတ္ထုပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

တတိယအကြိမ် ပါတီဗဟိုညီလာခံအား ကြိုဆိုဂုဏ်ပြုသာအားဖြင့် ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား အဟာရ လှူဒါန်း

တိုက်ကြီးစက်တင်ဘာ ၂၉

ပြည်ခိုင်ဖြိုးပါတီ တတိယအကြိမ် ပါတီဗဟိုညီလာခံအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့် ဦးဆောင်ကာ မြို့နယ်ကော်မတီဝင် အမျိးသမီးရေးရာ ခေါင်းဆောင် ဒေါ်မြင့်မြင့်အေး၊ဒုခေါင်းဆောင် ဒေါ်သီတာခိုင်တို့အဖွဲ့က ယနေ့နံနက် ၁၀ နာရီ အချိန်၊ ဥက္ကံမြို့ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား တစ်နေ့တာအာဟာရအလှူ လှူဒါန်းခဲ့ကြပါသည်။

တတိယအကြိမ်ပါတီညီလာခံအားကြိုဆိုသော အားဖြင့် သန့်ရှင်းရေးပြုလုပ်

မင်းလှ စက်တင်ဘာ ၂၉

တတိယအကြိမ် ပါတီညီလာခံအား ဂုဏ်ပြုသောအားဖြင့် မင်းလှမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြောက်ဘက်တန်း လမ်းရှိ မိဂဒါဝုန်ဘုန်းတော်ကြီးကျောင်းတွင် သန့်ရှင်းရေးလုပ်အားဒါနပြုလုပ်ခဲ့ကြပါသည်။