မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင် ပါတီကော်မတီ ရွေးချယ်ဖွဲ့စည်းခြင်းအခမ်းအနားကျင်းပ

မန္တလေး-စက်တင်ဘာ ၁၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမရပူရခရိုင်ပါတီကော်မတီ ရွေးချယ်ဖွဲ့စည်းခြင်းအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပါတီရုံးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသော ဦးမျိုးမြင့်၊ ဦးသိန်းထွန်းဦး၊ ဒေါ်ဝါဝါလှိုင်တို့မှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။

မိုးညှင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အဝတ်စားများထောက်ပံ့လှူဒါန်း

မိုးညှင်း စက်တင်ဘာ ၁၈

ယနေ့နံနက်(၁၀)နာရီအချိန် ကာဒူကျေးရွာအုပ်ချုပ်ရေးမှူးအိမ်၌  မိုးညှင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ခရိုင်အတွင်းရေးမှူး ဦးခိုင်ဇော်ထွန်း မြို့နယ်အတွင်းရေးမှူး ဦးဇော်ဝင်းမြို့နယ်ကော်မတီဝင် မစန်းစန်းဝင်း ရပ်ကျေးပါတီအဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးတို့မှ  ကာဒူကျေးရွာရှိ အဆင်မပြေဖြစ်နေသည့် အိမ်ထောင်စု (၂၄)စုအတွက် အဝတ်အစားများ ထောက်ပံ့လှူဒါန်းခဲ့ကြပါသည်။


အလှူငွေ(၃)သိန်းလှူဒါန်း

လားရှိုး စက်တင်ဘာ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ပြည်ခိုင်ဖြိုးပါတီရုံး၌ ပန်းဟုန်ကျေးရွာအုပ်စု ကျေးခွမ်ကျေးရွာ ဘုရားကျောင်းခန်းမ ပြုလုပ်ရာတွင် အောက်အခင်းခင်းရန်အတွက် အလှူငွေကျပ်(၃)သိန်းအား ပြည်နယ် ဥက္ကဋ္ဌဒေါက်တာမျိုးထွန်းမှ သက်ဆိုင်ရာတာဝန်ရှိသူထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။


အလှူငွေသိန်း(၃၀)မတည်လှူဒါန်း

မိုးမိတ် စက်တင်ဘာ ၁၇

မိုးမိတ်မြို့နယ် လက်ခုတ်တန်းရပ်ကွက်ရှိ ဂူတော်သစ်မြတ်စွာဘုရားဝန်းအတွင်း သုဓမ္မာဇရပ် ဆောက်လုပ်ရန် အတွက် မိုးမိတ်ခရိုင်ပါတီဥက္ကဋ္ဌဦးစိုးမြင့် မိသားစုမှ မတည်အ​လှူငွေ ၃၀၀၀၀၀၀ိ(သိန်းသုံးဆယ်တိတိ) လှူဒါန်းခဲ့ပါသည်။


ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမိသားစုမှ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်း

ညောင်လေးပင် စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်ပါတီမိသားစုမှ ဝါဆိုသင်္ကန်းဆပ်ကပ်ပူဇော်ပွဲအား  စက်တင်ဘာ ၁၇ရက်နေ့နံနက်ပိုင်းက မြို့နယ်ပါတီအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ပင့်လှောက်ထားသော ဆရာတော်သံင်္ဃာတော်များအား မြို့နယ်ပါတီဥက္ကငှ ဦးမြင့်စိုး ၏ ပါတီကော်မတီ၀င်များ မြို့မိမြို့ဖများ ပရဟိတလူမူရေးအသင်းအဖွဲ့များ ရပ်ကျေးကော်မတီ၀င်များ တက်ရောက်ခဲ့ပါသည်။ ရှေ့ဦးစွာဆရာတော်ထံမှ ငါးပါးသီလကတော့ချိုးဖြင့် ငါးပါးသီလဆောက်တည် ကန်တော့ခဲ့ ပြီးနောက် ဝါဆိုသင်္ကန်း နှင့်လှူဖွယ်၀တ္တူများ နေဆွမ်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။

မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်ရေးရာလှုပ်ရှားမှုအဖြစ် စုပေါင်းသန့်ရှင်းရေးပြုလုပ်

စက်တင်ဘာ ၁၅၊ မြန်အောင်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၁၅-၉-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၂၉)နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် လူငယ်ရေးရာလှုပ်ရှားမှုအနေဖြင့် ဘုရားသုံးဆူအနောက် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းအား ပြုလုပ်ခဲ့ကြပါသည်။

ဆောင်ရွက်ရာသို့ ခရိုင်အတွင်းရေးမှူး၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ လူငယ်ရေးရာပါတီဝင်များမှ စုပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ သာကေတမြို့နယ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

ရန်ကုန်၊ စက်တင်ဘာ ၁၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးညဏ်ဝင်းထိုက်၊ အတွင်းရေးမှူး ဒေါ်ဇာခြည်လင်းနှင့် ကော်မတီဝင်များသည် ၁၄-၉-၂၀၂၂ ရက်နေ့ နေ့လည် (၁၁)နာရီအချိန်တွင် သာကတမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ပါတီကော်မတီများနှင့် တွေဆုံဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးပြီးနောက် တက်ရောက်လာကြသောရပ်ကွက်အသီးသီးမှ ပါတီကော်မတီဝင်များအား ဆန်များ ထောက်ပံပေးခဲ့ကြောင်းသိရသည်။

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ (၂၉)နှစ်မြောက်နှစ်ပတ်လည် အလှူတော် ဥက္ကံမြို့ဘိုးဘွားရိပ်သာ၌ ကျင်းပ

စက်တင်ဘာ ၁၅၊ တိုက်ကြီး

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်မှစတင်ကာ ဥက္ကံမြို့ ဦးမောင်ရုံး+ဒေါ်ရင် ဘိုးဘွားရိပ်သာ၌ တစ်နေ့တာအာဟာရ အလှူတော်ပွဲ ကျင်းပခဲ့ပါသည်။

ရှေ့ဦးစွာ မြို့နယ်ပါတီတာဝန်ရှိသူများက ဘုရားအမှူးပြုသော သံဃာတော်များထံမှ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလတော်မြတ်ကို ခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်(၅)ပါးအား ဝါဆိုလျာသင်္ကန်းနှင့် ဝတၳဳငွေများ ဆက်ကပ်လှူဒါန်းပြီးကုသိုလ်ကောင်းမှုတိုအား အမျှအတန်းပေးဝေကြပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး (၅/၂၀၂၂)ပြုလုပ်

စက်တင်ဘာ ၁၄၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂)ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှ (၁၄)ရက်နေ့ထိ ပါတီဌာနချုပ် အစည်းအဝေးခန်းမ (၁)တွင် ကျင်းပပြုလုပ်ခဲ့ရာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

လယ်ဝေး စက်တင်ဘာ ၁၃

ယနေ့ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးရုံးတွင် မြို့နယ်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးသို့ ပြည်ထောင်စုကော်မတီဝင် ဦးခင်မောင်ထွန်း လယ်ဝေးမြို့နယ် ပါတီဥက္ကဌ ဦးအောင်ခိုင်မိုးနှင့် မြို့နယ်ကော်မတီဝင်များစုံညီစွာ တက်ရောက်ဆွေးနွေးခဲ့ကြသည်။