ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်းဒေသကြီးပါတီကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

မကွေး ၊ နိုဝင်ဘာ ၊ ၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်းဒေသကြီးပါတီကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က တိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးပါတီ ဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်း နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ အရံပါတီကော်မတီဝင်များ၊ ခရိုင်ပါတီ ဥက္ကဌများ၊ မြို့နယ်ပါတီဥက္ကဌများ၊ တိုင်းအမျိုးသမီးရေးရာ ကော်မတီဝင်များ တက်ရောက်ကြသည်။

ရှမ်းပြည်(တောင်ပိုင်း)ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

တောင်ကြီး အောက်တိုဘာ ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ်ပါတီရုံးအစည်းဝေးခန်းမ၌ ပြည်နယ်ပါတီဥက္ကဌ ဦးစိုင်းလုံကျော်နှင့် ပြည်နယ်ပါတီအကော်မတီဝင်များ၊ ပြည်နယ်အရန်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းဝေး ပြုလုပ်ကျင်းပခဲ့ပါသည်။

တတိယအကြိမ်ဗဟိုပါတီညီလာခံအတွေ့အကြုံရှင်းလင်းခြင်းနှင့်PRစနစ်အကြောင်း ဆွေးနွေးပွဲကျင်းပပြုလုပ်

ကွမ်းခြံကုန်း နိုဝင်ဘာ ၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ တတိယအကြိမ်ပါတီညီလာခံ အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားအား ယနေ့နံနက် (၁၀း၀၀) နာရီအချိန်က ရပ်ကျေးစည်းရုံး​ရေးမှူးများနှင့် တွေ့ဆုံ၍ ပြုလုပ်ခဲ့ကြသည်။

အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်ပါတီဥက္ကဌ ဦးကျော်ဇင်ဟိန်းမှ အမှာစကားပြောကြားခဲ့သည်။

မဂ်လာဒုံခရိုင် ပြည်ခိုင်ဖြိုးပါတီ ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး မဂ်လာဒုံခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့(၁.၁၁.၂၀၂၂) နေ့လည် (၁၃:၀၀)က မဂ်လာဒုံ ခရိုင် ပါတီ ရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ ခရိုင် ပါတီဥက္ကဋ္ဌ ဦးမျိုးမင်းနိုင်၊ ခရိုင်ပါတီအတွင်းရေးမှုး ဒေါ်ချမ်းမြအေး၊ ခဘဏ္ဍာရေးမှုး ဦးထွန်းထွန်းဦးနှင့် ခရိုင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

ဗိုလ်တထောင် ခရိုင် ပြည်ခိုင်ဖြိုးပါတီ ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းအစည်းအဝေးပြုလုပ်

တောင်ညွန့်။ ။အောက်တိုဘာ ၃၁

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့(၃၁.၁၀.၂၀၂၂) နေ့လည် (၁၁:၃၀)က မင်္ဂလာတောင်ညွန့်မြို့နယ် ပါတီရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ အရန်ဗဟိုကော်မတီဝင် ဗိုလ်တထောင်ခရိုင် ပါတီဥက္ကဋ္ဌ ဦးညဏ်ဝင်းထိုက်၊ အတွင်းရေးမှုး ဒေါ်လဲ့လဲ့အေး၊ ခရိုင်ကော်မတီဝင်များ၊ ဗိုလ်တထောင်ခရိုင်အတွင်းရှိ (၅)မြို့နယ်မှ ပါတီဥက္ကဋ္ဌ ၊အတွင်းရေးမှုး၊ ဘဏ္ဍာရေးမှုးများ တက်ရောက်ခဲ့ကြပါသည်။

မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန် မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန် မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ် စကားဝိုင်း …၃၁.၁၀.၂၀၂၂ မနက် ၁၀:၀၀ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ရုံး၌ စကားဝိုင်းကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှူး ၊ လူငယ်ရေးရာတာဝန်ခံ ဒေါ်သိဂ်ီအောင် မှ လက်ရှိ နိုင်ငံရေးရာ အခြေအနေကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော လူငယ်များမှ သိရှိလိုသည်များကို အသီးသီး မေးမြန်းခဲ့ရာ တာဝန်ရှိသူအသီးသီးမှ ပြန်လည်ဖြေကြားခဲ့ပါသည်။

ပါတီရှေ့လုပ်ငန်းစဥ်များညှိနှိုင်းအစည်းအဝေးပြုလုပ်

မြို့သစ် အောက်တိုဘာ ၃၁

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ရုံးတွင် တတိယအကြိမ် ပါတီညီလာခံ(၂၀၂၂) အတွေ့အကြုံရှင်းလင်းပွဲနှင့် မြို့နယ်ပါတီကော်မတီ ရှေ့လုပ်ငန်းစဉ်များ  ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။


ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံရှင်းလင်းပွဲပြုလုပ်

အောက်တိုဘာ ၃၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က တွံ​တေးခရိုင် ဆိပ်ကြီးခနောင်တိုမြို့နယ် ရပ်ကွက်စည်းရုံးရေးမှူးအိမ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီ တွံတေးခရိုင်ဥက္ကဌ ဦးကျော်ဇင်ဟိန်းမှ အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဥက္ကဌ ဒေါ်အေးအေးမြင့်မှ တတိယအကြိမ်ပါတီညီလာခံ အတွေ့အကြုံအား ရှင်းလင်းပြောကြားခဲ့သည် ၄င်းရှင်းလင်းပွဲအခမ်းအနားအား နံနက် ၁၁နာရီခွဲအချိန်၌ ပြီးဆုံးခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပုံမှန်လပတ်အစည်းအဝေး ပြုလုပ်

ချောက် ၊ အောက်တိုဘာ ၊ ၃၁

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လစဉ်ပြုလုပ်သည့် ပုံမှန်လပါတ်အစည်းအဝေးကို ယနေ့ နံနက် ၉:၃၀နာရီ အချိန်က မြို့နယ်ပါတီအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်ပါတီဥက္ကဌ ဦးသန်းလှိုင်၊  မြို့နယ်ပါတီအတွင်းရေးမှူး ဦးဖေသန့်ဇော် နှင့် မြို့နယ်ကော်မတီဝင်များ၊ အရံကော်မတီဝင်များ တက်ရောက်ကြပြီး ရပ်ကျေးပါတီများ ပြီးမြောက်အောင်ဖွဲ့စည်းနှိုင်ရေး၊ ရေးရာကော်မတီဝင် တာဝန်ခံများ၏ လုပ်ငန်းတာဝန်များ ကျယ်ပြန့်စွာဆောင်ရွက်နှိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ လူငယ်စကားဝိုင်းကျင်းပပြုလုပ်

အောက်တိုဘာ(၃၀)

ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ လူငယ်စကားဝိုင်းအား နံနက် (၁၀) နာရီ အချိန်က ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါစကားဝိုင်းသို့ မဟာအောင်မြေခရိုင်ပါတီဥက္ကဌ ဦးမြင့်သန်းနှင့်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌ ဦးကျော်ကျော်ဌေးနှင့်ကော်မတီဝင်များ၊ လူငယ်တာဝန်ခံ ဦးအောင်မင်းဦးနှင့်လူငယ်ပါတီဝင်များ တက်ရောက်ခဲ့ကြပြီး လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။