အင်းစိန်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီမှ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ်

အင်းစိန်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီရုံးဝင်းအတွင်း၌ နိုဝင်ဘာလ (၃) ရက်နံနက်(၉:၀၀)နာရီ အချိန်တွင် လူငယ်စကားဝိုင်းကို  ပါတီ၏ရှေ့လုပ်ငန်းစဉ်များတွင် လူငယ်များတက်ကြွစွာ ပါဝင်ဆောင်ရွက်ရေး ခေါင်းစဉ်ဖြင့် ကျင်းပကာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ပါတီဗဟိုအရံကော်မတီဝင် အင်းစိန်ခရိုင်ဥက္ကဌ ဦးမင်းသူထွန်း၊ အင်းစိန်ခရိုင်အတွင်းရေးမှူး ဦးသူရိန်လင်း၊ အင်းစိန်ခရိုင်ဘဏ္ဌာရေးမှူး ဦးကြည်စိုး နှင့်ခရိုင်အတွင်းရှိလူငယ် များတက်ရောက်ခဲ့ကြပါသည်။ တက်ရောက်လာသည့်လူငယ်များအား ပါတီ၏ရှေ့လုပ်ငန်းစဉ်များ၊ နိုင်ငံတော်၌ လူငယ်များ၏ အခန်းကဏ္ဍ အရေးပါပုံများအား ရှင်းလင်းပြောကြားခဲ့ပြီးတက်ရာက်လာသော လူငယ်များနှင့် ရင်းရင်းနှီးနှီး အပြန်အလှန်ဆွေးနွေးကာ လူငယ်စကားဝိုင်းအား နံနက်(၁၀:၃၀)အချိန်တွင် ရပ်နားခဲ့ပါသည်။

တိုင်း/ခရိုင်/မြို့နယ်ပါတီကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊ နိုဝင်ဘာဘာ ၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မင်္ဂလာဒုံခရိုင်အတွင်းရှိ ရွှေပြည်သာမြို့နယ်တွင် လူငယ်နှင့် အမျိုးသမီးရေးရာကဏ္ဍရှေ့လုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့်ပါတီစည်းရုံးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေနေ့လည်(၁၃:၀၀)နာရီ အချိန်မှစတင်ကာ ရွှေပြည်သာမြို့နယ် ပါတီရုံးအစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ်ပါတီညီလာခံ(၂၀၂၂) အောင်မြင်သည့် ဂုဏ်ပြုပွဲ အထိမ်းအမှတ် ပါတီဝင်အသစ် (၅၁၈)ဦးအား ပါတီဝင်ကဒ်ပေးအပ်ခြင်းအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ တက်ရောက်

နိုဝင်ဘာ ၃၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီသည် ဒုတိယဥက္ကဋ္ဌများဖြစ်သော ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်လှိုင်တို့ လိုက်ပါလျက် ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ် ပြည်ထောင်စုကြ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆောက်လုပ်ဆဲရုံးသစ်၌ ယနေ့နံနက် ၀၉:၀၀ အချိန်မှ ၁၃:၀၀ အချိန်ထိပြုလုပ်သော တတိယအကြိမ် ပါတီညီလာခံ(၂၀၂၂) အောင်မြင်သည့် ဂုဏ်ပြုပွဲ အထိမ်းအမှတ်အနေဖြင့် ပါတီဝင်သစ် ၅၁၈ ဦးအား ပါတီဝင်ကဒ် ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ခြင်းအခမ်းအနားနှင့် တတိယအကြိမ် ဗဟိုညီလာခံအတွေ့အကြုံရှင်းလင်းပွဲပြုလုပ်

သန်လျင် နိုဝင်ဘာ ၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သန်လျင်ခရိုင်ပါတီဆိုင်းဘုတ်တင်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က သန်လျင်ခရိုင်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားအားနိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ ခရိုင်ပါတီဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းကာ ဖွင့်လှစ်ခဲ့ကြသည်။

အစီအစဉ်အရ တတိယအကြိမ်ဗဟိုညီလာခံအတွေ့အကြုံရှင်းလင်းပွဲအား သန်လျင်ခရိုင်ပါတီရုံး အစည်းအဝေး ခန်းမ၌ ဆက်လက်ကျင်းပခဲ့ကြရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူး ဦးအောင်ကျော်မင်းမှ အမှာစကားပြောကြားခဲ့သည်။

ခရိုင်ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဒဂုံမြို့သစ် နိုဝင်ဘာ ၂

ယနေ့(၂.၁၁.၂၀၂၂)နံနက်ပိုင်းက ဒဂုံမြို့သစ်ခရိုင်ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး

ပြုလုပ်ကျင်းပကာသို့ဗဟိုကော်မတီဝင်နှင့် တိုင်းကော်မတီဝင်တို့ တက်ရောက်ပြီး ဒဂုံမြို့သစ်ခရိုင်မှ ဥက္ကဋ္ဌနှင့် ခရိုင်ကော်မတီဝင်များ၊ လေးမြို့နယ်မှမြို့နယ်ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ပါတီ၏ ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။


ကထိန်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများလှူဒါန်း

ဆီဆိုင် နိုဝင်ဘာလ၂

ဆီဆိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကုန်းဆွတ်ကျေးရွာအုပ်စု၊ မြေနီရွာ၊ဘုန်းကြီးကျောင်း ကျောင်ထိုင်ဆရာတော်ထံ ကထိန်းသက်န်းနှင့်လှူဖွယ်ပစ္စည်းများအား မြို့နယ်ပါတီ ဥက္ကဌ၊ အတွင်းရေးမှူး၊ မြို့နယ်ပါတီ ကော်မတီဝင်များက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ပါသည်။


မိတ္ထီလာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီမှ လူငယ်စကားဝိုင်းပြုလုပ်

မိတ္ထီလာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီရုံးတွင် ယနေ့နံနက် (၉:၃၀) နာရီ အချိန်တွင် လူငယ်စကားဝိုင်းကို ပါတီ၏ ရှေ့လုပ်ငန်းစဉ်များတွင်လူငယ်များ ပါဝင်ဆောင်ရွက်ရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ မိတ္ထီလာခရိုင်ပါတီအတွင်းရေးမှူး ဦးရဲထွန်းနိုင်နှင့် ကော်မတီဝင်များ၊ ခရိုင်လူငယ်တာဝန်ခံ ဒေါ်သီတာဝင်းကို၊ မြို့နယ်ပါတီဥက္ကဌ ဦးမြင့်စန်းနှင့် ကော်မတီဝင်များ၊ မြို့နယ် လူငယ်ခေါင်းဆောင် ဦးမင်းမင်းထိုက်နှင့် ပါတီဝင်လူငယ်များ တက်ရောက်ခဲ့ကြပါသည်။

မတ္တရာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီမှ လူငယ်စကားဝိုင်း ဆွေးနွေးပွဲပြုလုပ်

မတ္တရာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီရုံးဝင်းအတွင်း ယနေ့နံနက်(၉:၃၀)နာရီအချိန်တွင် လူငယ်စကားဝိုင်းကို လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ အောင်မြေသာစံခရိုင်ပါတီကော်မတီဝင် ဦးနန်းဝင်းထွေး၊ မတ္တရာမြို့နယ် ပါတီဥက္ကဌ ဦးလှမြင့်၊ အတွင်းရေးမှူး ဦးကျော်စွာဝင်းနှင့် ကော်မတီဝင်များ၊ ပါတီဝင်လူငယ်များ တက်ရောက်ခဲ့ ကြပါသည်။


လက်ပံတန်းမြို့နယ် မြို့နယ်ပါတီကော်မတီဝင်များအစည်းအဝေးသို့ ခရိုင်ပါတီဥက္ကဋ္ဌတက်ရောက်

နိုဝင်ဘာ ၂၊ လက်ပံတန်း

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီဝင်များအစည်းအဝေးကို ၂-၁၁-၂၀၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်ရာ ခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ပါတီ၏ ​ရှေ့လုပ်ငန်းစဥ်ဆိုင်ရာကိစ္စရပ်များ၊ ၃ လစီမံချက်တွင်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မြို့နယ်အတွင်းရှိ ဒေသဆိုင်ရာအချက်အလက်အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

ပဲခူးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးပွဲကျင်းပပြုလုပ်

ပဲခူး

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းအလုပ်အမှုဆောင် အစည်းအဝေးအား တိုင်းပါတီရုံး အစည်းအဝေးခန်းမတွင် နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွှဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ရှေးဦးစွာတိုင်းပါတီဥက္ကဌ ဦးရဲမြင့်ထွန်းမှ ဗဟိုညီလာခံမှချမှတ်ခဲ့သောလုပ်ငန်းစဉ်များ ရှေ့လုပ်ငန်းစဉ်များ ပါတီဗဟိုမှလမ်းညွန်မှာ ကြားချက်များအား ချပြရှင်းလင်းခဲ့ပြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်နိုင်မှ ရေးရာကဏ္ဍ အလိုက်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာရေးရာကဏ္ဍ အလိုက်တာဝန်ရှိသူများမှ လုပ်ငန်းဆောင်တာကိစ္စရပ်များအား  အသီးသီးရှင်းလင်းတင်ပြခဲ့သည် ။ ထို့နောက် သက်ဆိုင်ရာနယ်မြေတာဝန်ခံများမှ မိမိတို့နယ်မြေပါတီ၏ ပကတိမြေပြင်အခြေနေများ ထူးခြားဖြစ်စဥ်များ အားတင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ်ပေါင်းစပ်ညှိုနှိုင်းဆောင်ရွှက်ခဲ့ပြီး အစည်းအဝေးအားရုပ်သိမ်းခဲ့ကြောင်း သိရသည်။