
ဒူဘိုင်းက နည်းပညာ နယ်ပယ်မှာ အလုပ်လုပ်နေသူတွေဟာ ကမ္ဘာမှာ တတိယ လစာ အများဆုံးရနေတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြထားပါတယ်။ အနည်းဆုံး လုပ်သက် ၃ နှစ်ရှိတဲ့ ဒူဘိုင်းက Software Engineer တွေဟာ လန်ဒန်၊ အမ်စတာဒမ်နဲ့ ဘာလင်က Software Engineer တွေထက် ဝင်ငွေ ၃၀ ရာခိုင်နှုန်း ပိုများပါတယ်။









