OPPO F9 Pro ကို သြဂုတ် ၂၁ တွင် မိတ်ဆက်မည်

OPPO ဟာ F9 Pro ကို သြဂုတ် ၂၁ ရက်မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒီအချက်အလက်ဟာ OPPO ရဲ့ ဝက်ဘ်ဆိုက်ကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ F9 Pro ရဲ့ သုံးစွဲသူတွေကို ဆွဲဆောင်နိုင်မယ့် အဓိက feature က selfie ကင်မရာ ဖြစ်နိုင်ပြီး 25MP f/2.0 sensor ပါဝင်လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အလွန် လျင်မြန်တဲ့ VOOC Flash Charge အားသွင်း စနစ် ပါဝင်ပြီး ၅ မိနစ်အားသွင်းရုံနဲ့ ၂ နာရီကြာ ဖုန်းပြောနိုင်မယ်လို့ OPPO က ပြောကြားထားပါတယ်။

OPPO Find X Super Flash Edition ကို သြဂုတ် ၁၇ တွင် ရောင်းချမည်

OPPO Find X ရဲ့ တတိယအမျိုးအစားက Super Flash Edition ဖြစ်ပါတယ်။ ဒီအမျိုးအစားမှာ Lamborghini Edition ရဲ့ Super VOOC fast charging နည်းပညာပါဝင်ပြီး 256GB storage နဲ့ ရရှိနိုင်ပါတယ်။ OPPO ဟာ OPPO Find X Super Flash Edition ကို ၅,၉၉၉ ယွမ် (၈၇၆ ဒေါ်လာ) နဲ့ ရောင်းချသွားမယ်လို့ ကြေညာ ခဲ့ပါတယ်။ ပထမဆုံး flash sale ကို သြဂုတ် ၁၇ မှာ စတင်သွားမှာဖြစ်ပါတယ်။

Lenovo Watch 9 နဲ့ ယှဉ်ပြိုင်မယ့် Mijia Quartz Watch နာရီသစ်ကို Xiaomi မိတ်ဆက်

Xiaomi ဟာ classic ဒီဇိုင်းနဲ့ စမတ်လုပ်ဆောင်ချက်အချို့ပါဝင်တဲ့ hybrid နာရီသစ်တစ်မျိုးကို မိတ်ဆက်ခဲ့ ပါတယ်။ Mijia Quartz Watch ဟာ analog နာရီတစ်လုံးနဲ့ ဆင်တူပေမယ့် ဖုန်းနဲ့ ချိတ်ဆက်လိုက်တဲ့အခါ စမတ် feature တွေကို unlock လုပ်ပေးမှာ ဖြစ်ပါတယ်။

RAM 8GB ပါဝင်တဲ့ ကုမ္ပဏီရဲ့ ပထမဆုံးစမတ်ဖုန်းကို Huawei မိတ်ဆက်

Huawei ဟာ RAM 8GB ပါဝင်တဲ့ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်ဖုန်းဖြစ်တဲ့ Honor 10 GT ကို ထုတ်ဖော် မိတ်ဆက်လိုက်ပါတယ်။ Huawei ဟာ Honor 10 ကို တရုတ်နိုင်ငံမှာ ဧပြီလ ကဖြန့်ချိခဲ့သလို နိုင်ငံတကာ ဈေးကွက်ကိုလည်း မေလက ဖြန့်ချိခဲ့ပါတယ်။ Honor 10 ကိုတော့ RAM 4GB နဲ့ 6GB option တွေနဲ့ပဲ ရရှိနိုင်ပါတယ်။

E- Top ဖြင့် ဖုန်းငွေဖြည့်သွင်းခြင်းအတွက် Facebook Bonus ရရှိရန်ပြုလုပ်

သောကြာနေ့တွေမှာ E-Top Up နဲ့ ငွေဖြည့်သွင်းပါက Happy Friday အပြင် Facebook Bonus လက်ဆောင် ပေးမယ့် အစီအစဉ်တစ်ရပ် MPT ကပြုလုပ်ခဲ့ပါတယ်။ E-Top UP ခဲခြစ် ငွေဖြည့်ကတ်ကို MPT4U အက်ပလီ ကေးရှင်းနဲ့ ငွေဖြည့်ခြင်းအ တွက် ဒေတာအပို လက်ဆောင်တွေပးမယ့် အစီအစဉ်လည်း ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

Samsung Galaxy S10+ တွင် အရွယ်ပိုကြီးတဲ့ ၆.၄၄ လက်မ Screen ပါဝင်လာဖွယ်ရှိ

ကိုရီးယားသတင်းစာ The Bell ရဲ့အဆိုအရ Samsung ဟာ အသစ်ထွက်မယ့် Galaxy S10+ ရဲ့ screen အရွယ်အစားကို ၆.၄၄ လက်မအထိ တိုးမြှင့်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။ လက်ရှိ Galaxy S9+ ရဲ့ screen အရွယ်အစားက ၆.၂ လက်မဖြစ်ပါတယ်။

Asus Zenfone 5 နှင့် Zenfone Max Pro စမတ်ဖုန်း ပြည်တွင်းဈေးကွက်တွင်း ဝင်ရောက်မည်

Asus Zenfone5 နဲ့ Zenfone Max Pro စမတ်ဖုန်းတွေကို ပြည်တွင်းဈေးကွက်ထဲ ဖြန့်ချိမယ်လို့ ဇွန် ၂၈ ရက်က ဆူးလေရှန်ဂရီလာ ဟိုတယ်မှာ ပြုလုပ်တဲ့ စမတ်ဖုန်းမိတ်ဆက်ပွဲမှ သိရပါတယ်။ ပြည်တွင်းဈေးကွက်ကို ဇူလိုင်လခန့်မှာ ဖြစ်ချိမယ်လို့ဆိုပါတယ်။ Zenfone5 က ဓာတ်ပုံရိုက်ဝါသနာပါတဲ့လူငယ်တွေအတွက်ရည်ရွယ်ပြီး AI စနစ် နည်း ပညာတွေ ပါဝင်လာပါတယ်။ 19:9 Ratio မျက်နှာပြင် ၆.၂ လက်မအပြည့်ကို Notch Display နဲ့ Resolution 1080×2246 ပါဝင်ပါတယ်။ Ram 4GB ပါဝင်ပြီးတော့ အချက်အလက် သိုလှောင်ဖို့အ တွက် 64GB ပါဝင်ပါတယ်။

MPT ငွေတောင်းခံလွှာများအား Mobile Banking ဖြင့် စတင်ပေးချေနိုင်

MPT ကြိုးဖုန်းတွေ၊ ADSL နဲ့ FTTH အပါအဝင် Postpaid Mobile အသုံးပြုသူတွေအတွက် Mobile Banking နဲ့ ပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ အဲ့ဒါအပြင် MPT က ထုတ်ပေးတဲ့ပြေစာ စာရွက်နဲ့ KBZ Bank နဲ့ CB Bank တို့မှာ ချက်လက် မှတ် (သို့) ငွေသားပေးသွင်းပြီး ငွေပေးချေမှုလုပ်ငန်းတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ် ။