
Facebook ဟာ အရင်နှစ် အောက်တိုဘာလမှာ နာမည်ကို Meta လို့ ပြောင်းလိုက်ပြီး Metaverse ကို တည်ထောင်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အခုလို Meta နာမည်ပြောင်းလိုက်တဲ့အတွက် ပြဿနာ တချို့ ရှိလာပါတယ်။

Facebook ဟာ အရင်နှစ် အောက်တိုဘာလမှာ နာမည်ကို Meta လို့ ပြောင်းလိုက်ပြီး Metaverse ကို တည်ထောင်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အခုလို Meta နာမည်ပြောင်းလိုက်တဲ့အတွက် ပြဿနာ တချို့ ရှိလာပါတယ်။

Tesla ရဲ့ အရာရှိတွေက ကုမ္ပဏီဟာ ဒေါ်လာ ၉၃၆ သန်းဖိုး Bitcoin ၇၅ ရာခိုင်နှုန်းကို ရောင်းချလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာ Tesla ဟာ Bitcoin မှာ ဒေါ်လာ ၁.၅ ဘီလီယမ်ဖိုး ရင်းနှီးမြှပ်နှံခဲ့ပြီး လျှပ်စစ်ကားတွေကို Bitcoin နဲ့ ရောင်းချခဲ့ပါတယ်။ Tesla ဟာ မတ်လမှာ Bitcoin နဲ့ ငွေပေးချေတာကို လက်ခံခဲ့ပြီး ၄၉ ရက်အကြာ မေလမှာ Bitcoin နဲ့ ငွေပေးချေတာကို ရပ်နားခဲ့ပါတယ်။

iQOO 10 နဲ့ 10 Pro ကို တရုတ်မှာ ကြေညာလိုက်ပြီး iQOO 10 Pro ဟာ 200W Fast Charging ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း အဖြစ် သမိုင်းမှတ်တမ်းဝင်သွားပါပြီ။

အွန်လိုင်းဖျော်ဖြေရေးလုပ်ငန်းရဲ့ဘုရင်အဖြစ် ရပ်တည်ခဲ့တဲ့ Netflix က သူ့ရဲ့သရဖူကို ဆက်ထိန်းဖို့ ရုန်းကန်ရဖွယ်ရှိနေပါတယ်။ အခပေးကြည့်ရူသူတွေ ဆက်တိုက်ဆုံးရှုံးနေတဲ့လုပ်ငန်းက ဧပြီလကနေ ဇူလိုင်လအတွင်း သုံးလပတ်မှာ ကြည့်ရူသူ တစ်သန်း ဆုံးရှုံးခဲ့ပြီး သူတို့ စိုးရိမ်ထားသလောက်တော့ မများခဲ့ပါဘူး။

တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီဖြစ်တဲ့ Xiaomi ဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက လျှပ်စစ်ကားဈေးကွက်ကို ဝင်ရောက်ဖို့ ကြိုးစားနေတာဖြစ်ပြီး လာမယ့် ဩဂုတ်လမှာတော့ သူ့ရဲ့ ပထမဆုံး လျှပ်စစ်ကားမော်ဒယ်ကို ထုတ်ဖော်ကြေညာဖို့ ရှိနေပါတယ်။
အဲဒီကား ဒီဇိုင်းကိုတော့ WM Motor ရဲ့ Maven concept ကားကို ဖန်တီးခဲ့တဲ့ HVST Automobile Design ကနေ တာဝန်ယူ ဖန်တီးခဲ့တာဖြစ်ပြီး ဒီလိုကြေညာပြီးရင်တော့ အဲဒီကားကို လမ်းတွေပေါ်မှာ စမ်းသပ်မောင်းနှင်ဖို့ကိုပါ စီစဉ်ထားတယ်လို့ သိရပါတယ်။

Facebook က User တချို့အတွက် ပရိုဖိုင်များစွာ အသုံးပြုနိုင်တဲ့ နည်းလမ်းကို စမ်းသပ်နေတယ်လို့ ကြေညာလိုက်ပါတယ်။ User တချို့ဟာ သူတို့ရဲ့ မူလ အကောင့်မှာ နောက်ထပ် ပရိုဖိုင် ၄ ခုအထိ ဖန်တီးနိုင်ကြမှာပါ။ အိုင်ဒီယာက ပရိုဖိုင် အပိုတွေကို မတူညီတဲ့ ရည်ရွယ်ချက်တွေအတွက် သုံးနိုင်မှာပါ။ ဥပမာအနေနဲ့ ပရိုဖိုင် ၁ ခုကို သူငယ်ချင်းတွေအတွက်၊ နောက် ၁ ခုကို လုပ်ဖော်ကိုင်ဖက်တွေအတွက်၊ နောက် ပရိုဖိုင်တွေကို စိတ်ဝင်စားတဲ့ ဂရုတွေနဲ့ နာမည်ကျော်ကြား လူသိများသူတွေအတွက် သုံးနိုင်မှာပါ။ User တွေဟာ အကောင့် ၁ ခုထဲကိုပဲ သုံးရမှာ ဖြစ်ပြီး ခလုတ် အနည်းငယ်နှိပ်ရုံနဲ့ ပရိုဖိုင်တွေ ပြောင်းလဲ သုံးနိုင်မှာပါ။

၂၀၂၁ ခုနှစ် မေလမှာ Xiaomi ဟာ 200W Wired နဲ့ 120W Wireless HyperCharge နည်းပညာကို ကြေညာခဲ့ပါတယ်။ 120W Wireless နည်းပညာနဲ့ ပတ်သက်တဲ့ သတင်းအသစ်တွေ မထွက်လာပေမယ့် Xiaomi ဟာ 200W HyperCharge နည်းပညာ ပါတဲ့ စမတ်ဖုန်း အသစ် ၁ လုံးကို မကြာခင် ကြေညာတော့မယ်လို့ ထင်ရပါတယ်။ Xiaomi ဟာ တရုတ်က 3C မှာ 200W Charger အတွက် ခွင့်ပြုချက်ကို ရသွားပါပြီ။

OnePlus တည်ထောင်ခဲ့သူ ကားပိုင်း ရဲ့ Nothing ကုမ္ပဏီ ကနေ ထွက်လာမယ့် ပထမဆုံး စမတ်ဖုန်း Nothing Phone (1) သတင်းတွေဟာ လပေါင်းများစွာ သတင်းခေါင်းစီးတွေမှာ နေရာယူခဲ့ပါတယ်။ အခုတော့ အဲဒီဖုန်းကို တရားဝင် ကြေညာလိုက်ပါပြီ။

တရုတ်နိုင်ငံသား တစ်ဘီလီယံကျော်ရဲ့ အချက်အလက်တွေကို ဟက်ကာတစ်ဦးက ဆိုက်ဘာတိုက်ခိုက်ခိုးယူသွားပြီး ဒီအချက်အလက်တွေကို ရောင်းချဖို့အတွက် ကမ်းလှမ်းမှုတွေ လုပ်ဆောင်နေပါတယ်။ အဲဒီဟက်ကာဟာ တရုတ်နိုင်ငံသားတွေရဲ့ အချက်အလက်တွေကို ရှန်ဟိုင်းအမျိုးသား ရဲတပ်ဖွဲ့ထံကနေ ခိုးယူခဲ့တာ ဖြစ်ကြောင်း အချက်အလက်တွေကို ရောင်းချဖို့အတွက် ကမ်းလှမ်းခဲ့တဲ့ဖိုရမ်တစ်ခုမှာ ထုတ်ဖော်ပြောဆို ထားပါတယ်။

Xiaomi က အရင်နှစ်ထုတ် Mi 11 Lite NE 5G ရဲ့ မျိုးဆက်သစ် 12 Lite ကို နိုင်ငံတကာမှာ ရောင်းချပေးလိုက်ပါတယ်။ Xiaomi 12 Lite မှာ ၆.၅၅ လက်မ AMOLED FHD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate ထည့်သွင်းထားပြီး HDR10+ , Dolby Vision Support ပါလာပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး မျက်နှာပြင် အထက်အလယ်မှာ Punch Hole တပ်ဆင်ထားပါတယ်။