ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ သံဃာတော်အပါး ၃၇ဝ အား ဝါဆိုသင်္ကန်းဆက်ကပ် ပါတီဗဟိုအတွင်းရေးမှူးများနှင့် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ တက်ရောက်

 

ရန်ကုန် ဇူလိုင် ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာ စန်းစန်းနွယ်နှင့် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့သည် ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ကျင်းပသော ဒဂုံမြို့သစ် (တောင်ပိုင်း) အမှတ် (၂၆) ရပ်ကွက် ပုလဲရတနာလမ်းရှိ ပိဋကသုံးပုံ နိကာယ်စာသင်တိုက်ရှိ သံဃာတော်အပါး ၃၇ဝ အား ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Read more

ရှမ်းမြောက်ပြည်ခိုင်ဖြိုးပါတီမှ ရွှေမောင်းသီလရှင်စာသင်တိုက်၌ ကျင်းပသော (၂၀) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ဆုနှင်းသဘင် အခမ်းအနား ကျင်းပ

 

တန့်ယန်း.ဇူလိုင် ၁၄.၂၀၁၉

ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့ ရွှေမောင်းသီလရှင် စာသင်တိုက်၌ ကျင်းပသော (၂၀) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ဆုနှင်းသဘင် အခမ်းအနားကို (၁၄.၇.၂၀၁၉) ရက်နေ့တွင် ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်လူငယ်တာဝန်ခံ ဒေါ်နန်းဆိုင်လောင်၊ မြို့နယ်အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်နန်းခမ်းခေါင်နှင့် ကော်မတီဝင်များ တက်ရောက်သည်။

Read more

ဖောင်းပြင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပိုးစာကုန်းကျေးရွာတွင် ပါတီဆိုင်းဘုတ်တင် ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်

 

ဖောင်းပြင် ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ် ပိုးစာကုန်းကျေးရွာအုပ်စု ပိုးစာကုန်းကျေးရွာ ရပ်ကျေး ပါတီဥက္ကဋ္ဌ ဦးတင်ထွန်းနေအိမ်တွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီ က ပြုလုပ်ခဲ့သည်။

Read more

ထန်းတပင် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာပါတီ ဆိုင်းဘုတ်တင်

 

ရန်ကုန် ဇူလိုင် ၁၄

ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီကော်မတီဝင် ဦးလှဝင်း၊ ဦးနိုင်ဝင်း၊ ဒေါ်အေးအေးမိုး၊ သတင်းမီဒီယာ ဦးဇော်သိန်းတို့သည် အစုကြီးကျေးရွာအုပ်စု သီတာအေး ကျေးရွာပါတီဥက္ကဋ္ဌ ဦးလှမင်း အိမ်ရှေ့တွင် ဆိုင်းဘုတ်အသစ်တင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ် ခဲ့ကြောင်း သိရသည်။

Read more

မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲသို့ ကော့မှူးပြည်ခိုင်ဖြိုးပါတီ တက်ရောက်

 

ကော့မှူး ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် နတ်စင်ကုန်းကျေးရွာ၊ အောင်ရတနာ ဘောလုံးကွင်း ဘေးရှိ ကွင်းတွင် ယမန်နေ့ နံနက် ၈နာရီက မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့ရာ ကော့မှူး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့တက်ရောက်အားပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Read more

ဖြိုးစေတနာအခမဲ့ နယ်လှည့်ဆေးကုသအဖွဲ့ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်

 

ရန်ကုန် ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ စီမံမှုဖြင့် ဖြိုးစေတနာ အခမဲ့နယ်လှည့် ဆေးကုသအဖွဲ့သည် သွားလာ ခက်ခဲသည့် ကျေးရွာများသို့ ကွင်းဆင်းကုသပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဒလမြို့နယ် စံပြတံတားချောင်း ကျေးရွာရှိ စံပြသီရိဇေယျာရုံ ဘုန်းတော်ကြီးကျောင်းတိုက် အတွင်း၌ ယမန်နေ့ နံနက်ပိုင်းက ဒေါက်တာ ရီရီဝင်း ဦးဆောင်သော ဆေးကုသအဖွဲ့မှ ဒေသခံများအား အခမဲ့ဆေးကုသရေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြသည်။

Read more

ဒဂုံမြောက်ပိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်း

 

ရန်ကုန်၊ ဇူလိုင် ၁၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ နံနက်တွင် မြို့နယ်ပါတီရုံး၌ နှစ်စဉ်မပြတ် ဆပ်ကပ်နေကြ ဝါဆိုသင်္ကန်း အလှူအား ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူ၍ ဝါဆိုသင်္ကန်းများ ဆပ်ကပ်လှူဒါန်းပြီး မြို့နယ်ပါတီဥက္ကဌ ဦးသန်းစိုးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်များမှ ပါတီဥက္ကဌများနှင့် ပါတီ ကော်မတီဝင်များမှ လှူဒါန်းမူ အစုစုအတွက် ရေစက်သွန်းချ ခဲ့ကြပါသည်။

Read more

စလင်းမြို့နယ် ကျွန်းချောင်း ကျေးရွာ၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်

 

စလင်း ဇူလိုင် ၁၄

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် သက်တောကျေးရွာအုပ်စု ကျွန်းချောင်းကျေးရွာ၌ ယမန်နေ့ နံနက် ၈ နာရီ ခွဲက ရပ်ကျေး ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ ကျင်းပခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးပါတီဌာနချုပ် သတ္တမအကြိမ် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် ၁၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၏ သတ္တမအကြိမ် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်ခြင်း အလှူမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ပါတီဌာနချုပ်ရုံးတွင် ပြုလုပ်ခဲ့ကြသည်။

Read more