တစ်နေ့ကို နာနတ်သီး ၈ ဆိပ်စားခြင်းက သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးပြီး နှလုံးရောဂါ၊ သွေးကြောကျဥ်း၊ သွေးကြောပိတ်ဆို့တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဒါ့အပြင် လေဖြတ်နိုင်ခြေအန္တရာယ်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။
အစာအိမ်အတွက်ဆိုရင်တော့ အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဗိုက်အောင့်တာ၊ လေပွတာ၊ ဗိုက်ရစ်တာတွေ မဖြစ်အောင် ကူညီပေးပါတယ်။ အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်တာမျိုးတွေလည်း သက်သာစေပါတယ်။
နာနတ်သီးစားတော့မယ်ဆိုရင် လျှာမစပ်စေဖို့ စားနည်းကတော့ နာနတ်သီးကို ဆားရည်နဲ့ အရင်စိမ်ပြီးမှ ရေခဲရေနဲ့အေးနေအောင် စိမ်ပြီး စားသုံးတာက အကောင်းဆုံးနည်းလမ်းပါလို့ အကြံပြုချင်ပါတယ်။
စားတတ်သလိုစားလဲ ရပါတယ်