ခါးပေမယ့်လည်း စား…! ဘာလို့လဲဆိုတော့……. အကျိုးကျေးဇူးတွေက တန်တာထက်ပိုလို့ပါပဲ
တော်တော်များများက မြင်တာနဲ့ မျက်နှာလွှဲကြတယ်
ဒါပေမယ့် သိလား…?
ဒီလို ခါးတဲ့ သင်္ဘောရွက်ဟာ ကျန်းမာရေးအတွက် တကယ့်ကို ကောင်းတာပါ 💚
ကျွန်တော်တို့ကတော့ ရေနွေးဖျောပြီး ငပိရည်နဲ့ ပုံမှန်တို့စားလေ့ရှိပါတယ်၊ ဘာလို့လဲဆိုတော့……..
✅ သူ့မှာ (အန်တီအောက်ဆီးဒင့်) ဓါတ်တိုးဆန့်ကျင်ပေးတဲ့ဓာတ်ပါဝင်ပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
✅ သွေးဥမွှာ ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာကြောင့် သွေးအားနည်းသူတွေအတွက် ကောင်းပါတယ်။
✅ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်ကို ဟန်ချက်ညီစေတယ်။
✅ အစာခြေစနစ်အတွက် ကောင်းမွန်ပြီး အူလမ်းကြောင်းထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။
✅ ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်ကို ပိုမိုကျန်းမာစေပါတယ်။
တချို့တွေကတော့ သင်္ဘောအဖိုရွက်ကို ရေနွေးကြမ်းလို ကြိုသောက်ကြတယ်။ ဒါမှမဟုတ် စံပယ်ပန်းနဲ့ ရောထည့်ပြီး မွှေးအောင်၊ ခါးသက်သက်လျော့အောင် လုပ်ကြပါတယ်။
ပြောရမယ်ဆိုရင်… ရဲရဲသာ မြည်းကြည့်လိုက်ပါ။ ရလာဒ်ကို သဘောကျသွားမှာပါ ✨
🥗 ကျန်းမာရေးကို မြန်မာ့ရိုးရာ သဘာဝဆေးဖက်ဝင်အပင်တွေနဲ့ ပြုစုစောင့်ရှောက်ရတာ ကြိုက်တဲ့သူဆိုရင် ဒီလို “ခါးတဲ့အရာ” တွေကို တစ်ခါတလေ စားကြည့်ပါဦး။ ဘာလို့လဲဆိုတော့……
တချို့အချိန်တွေမှာ သင့်ခန္ဓာကိုယ်က လိုအပ်နေတဲ့ အကောင်းဆုံးအရာတွေ ဖြစ်နေတတ်လို့ပါပဲ……။
MON SOUNG