ေတာင္ကိုရီးယားသမၼတေ႐ြးေကာက္ပြဲအတြက္ ႀကိဳတင္မဲေပးမႈစတင္
ေတာင္ကိုရီးယားသမၼတေ႐ြးေကာက္ ပြဲအတြက္ႀကိဳတင္မဲေပးျခင္းကို ေမလ၂၉ ရက္တြင္စတင္ေၾကာင္းႏွင့္ ေ႐ြးေကာက္ ပြဲဝင္အဓိကၿပိဳင္ဘက္ကိုယ္စားလွယ္ ႏွစ္ဦးကလည္း ႀကိဳတင္မဲလာေပးေၾကာင္း သိရသည္။
ေတာင္ကိုရီးယားသမၼတယြန္းဆက္ ယိုအေနျဖင့္ရာထူးမွဖယ္ရွားခံရၿပီးေနာက္ အဆိုပါေ႐ြးေကာက္ ပြဲကိုက်င္းပျခင္း ျဖစ္ၿပီး ေ႐ြးေကာက္ပြဲႀကီးကိုမူ ဇြန္လ ၃ ရက္တြင္က်င္းပသြားမည္ျဖစ္သည္။ လက္ရွိအခ်ိန္အထိ ေကာက္ယူရရွိေသာ စစ္တမ္းမ်ားအရ ေ႐ြးေကာက္ပြဲတြင္ သမၼတအျဖစ္ ေ႐ြးေကာက္ခံရႏိုင္ေျခ အမ်ားဆုံးရွိသူမွာ လီေဂ်းေျမာင္ျဖစ္ၿပီး ၎အေနျဖင့္ လူထုေထာက္ခံမႈ ၄၉ ရာခိုင္ႏႈန္းကိုရရွိထားသည္။
လီေဂ်းေျမာင္၏ေနာက္တြင္ ဒုတိယ ေရပန္းအစားဆုံးသူမွာ အလုပ္သမားေရး ရာဝန္ႀကီးေဟာင္းျဖစ္သည့္ ကင္မြန္းဆူး ျဖစ္ၿပီး ၎အေပၚလူႀကိဳက္မ်ားမႈက ၃၅ ရာခိုင္ႏႈန္းရွိေၾကာင္း Gallup စစ္တမ္း ေကာက္ယူေရးအဖြဲ႕ ၏ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
Ref: BP
______________________________________
တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးမှုစတင်
===========================
တောင်ကိုရီးယားသမ္မတရွေးကောက် ပွဲအတွက်ကြိုတင်မဲပေးခြင်းကို မေလ၂၉ ရက်တွင်စတင်ကြောင်းနှင့် ရွေးကောက် ပွဲဝင်အဓိကပြိုင်ဘက်ကိုယ်စားလှယ် နှစ်ဦးကလည်း ကြိုတင်မဲလာပေးကြောင်း သိရသည်။
တောင်ကိုရီးယားသမ္မတယွန်းဆက် ယိုအနေဖြင့်ရာထူးမှဖယ်ရှားခံရပြီးနောက် အဆိုပါရွေးကောက် ပွဲကိုကျင်းပခြင်း ဖြစ်ပြီး ရွေးကောက်ပွဲကြီးကိုမူ ဇွန်လ ၃ ရက်တွင်ကျင်းပသွားမည်ဖြစ်သည်။ လက်ရှိအချိန်အထိ ကောက်ယူရရှိသော စစ်တမ်းများအရ ရွေးကောက်ပွဲတွင် သမ္မတအဖြစ် ရွေးကောက်ခံရနိုင်ခြေ အများဆုံးရှိသူမှာ လီဂျေးမြောင်ဖြစ်ပြီး ၎င်းအနေဖြင့် လူထုထောက်ခံမှု ၄၉ ရာခိုင်နှုန်းကိုရရှိထားသည်။
လီဂျေးမြောင်၏နောက်တွင် ဒုတိယ ရေပန်းအစားဆုံးသူမှာ အလုပ်သမားရေး ရာဝန်ကြီးဟောင်းဖြစ်သည့် ကင်မွန်းဆူး ဖြစ်ပြီး ၎င်းအပေါ်လူကြိုက်များမှုက ၃၅ ရာခိုင်နှုန်းရှိကြောင်း Gallup စစ်တမ်း ကောက်ယူရေးအဖွဲ့ ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ref: BP