ပြည်ခိုင်ဖြိုးပါတီ အသက် ၂၅ နှစ်အောက် မိုးရာသီ ပိုက်ကျော်ခြင်းပြိုင်
နတ်မောက် မေ ၂၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အသက် ၂၅ နှစ်အောက် မိုးရာသီ ပိုက်ကျော်ခြင်းပြိုင်ပွဲအား ယမန်နေ့ နံနက် ၇ နာရီခွဲမှစပြီး ဖွင့်လှစ်ရာ နတ်မောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဇော်လတ်မိုးက အမှာစကား ပြောကြားခဲ့သည်။
ယင်းတွင်ပြိုင်ပွဲဝင် အသင်းရှစ်သင်းဖြစ်ပြီး ပွဲစဉ် (၁၆) အစီအစဉ်ဖြင့် ကျင်းပမည်ဟု သိရသည်။
ပြိုင်ပွဲကို ယခုလ ၂၂ ရက်မှ ၂၄ ရက်အထိ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံးကွင်းတွင် ကျင်းပမည်ဖြစ် ရာ နံနက် ၈ နာရီမှစပြီး သုံးပွဲနှင့် ညနေ ၄ နာရီမှစပြီး သုံးပွဲ၊ တစ်ရက်လျှင် ပွဲစဉ်ခြောက်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပြိုင်ပွဲဝင်များအား ပထမ၊ ဒုတိယ၊ တတိယ ဆုများချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထွန်းမှီ(နတ်မောက်)