ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲကျင်းပ
ဖားကန့် ဇူလိုင် ၃၁
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ အုပ်စု အမှတ်(၁)ရပ်ကွက် စမ်းသီတာကုန်းရှိ ကျေးရွာအုပ်စုပါတီကော်မ တီဥက္ကဋ္ဌ ဦးအေးချို၏နေအိမ်၌ ကျင်းပခဲ့သည်။
ဆိုင်းဘုတ်တင်ပွဲသို့ ကချင်ပြည်နယ်ပါတီကော်မတီဝင် ဦးမြအုန်း၊ မိုးညှင်းခရိုင်ပါတီကော်မတီဝင် ဦးစိုင်းသိန်းထွန်း၊ မြို့နယ်ပါတီကော်မတီ ဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ်နှင့်ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု ပါတီကော်မတီဥက္ကဋ္ဌများနှင့်ကော်မတီဝင်များ၊ ပါတီဝင်များတက်ရောက် ကြသည်။