ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲနှင့် ရုံးခန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နတ်တလင်း၊ မေ ၂၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် လှပခြင်းကျေးရွာအုပ်စု သရက်ကုန်းရွာတွင် ယနေ့ နံနက် ၈ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျေးရွာဥက္ကဋ္ဌ ဦးသန်းဦးနေအိမ်တွင် ပါတီရုံးခန်းနှင့် ဆိုင်းဘုတ်တင်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပါတီကော်မတီဝင် ဦးမောင်မောင်သူ၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးမြစိုး၊ စည်းရုံးရေးမှူး ဦးကျာ်မင်းထွဋ်၊ ကျေးရွာပါတီဥက္ကဋ္ဌ ဦးသန်းဦး၊ ရပ်မိရပ်ဖ ဦးတင်ငွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ပါတီရုံးခန်းတွင် ကျေးရွာအုပ်စုအတွင်းရှိ ပါတီဝင်များ၊ ရပ်မိရပ်ဖများနှင့် ခရိုင်ကော်မတီဝင် ဦးမောင်မောင်သူနှင့် မြို့နယ်ပါတီဝင်များတွေ့ဆုံပြီး ပါတီတိုးတက်ကောင်းမွန်အောင် ပါတီဝင်များ၏ တင်ပြချက် များအား မြို့နယ်ပါတီအတွင်းရေးမှူး ဦးမြစိုးနှင့် စည်းရုံးရေးတာဝန်ခံ ဦးကျော်မင်းတို့က ပြန်လည်ဆွေးနွေးကြ သည်။ အခမ်းအနားသို့ ပတ်ဝန်းကျင်ကျေးရွာများမှ ပါတီဥက္ကဋ္ဌများ၊ ရပ်မိရပ်ဖများ စုစုပေါင်း ၇ဝ ကျော် တက်ရောက်ကြကြောင်း သိရသည်။

တင်မြင့် (နတ်တလင်း)