ကော်တင်ဟို အတွက် ဘာစီလိုနာ အသင်း၏ ကမ်းလှမ်းမှုကို လီဗာပူး ထပ်မံ ပယ်ချ

လီဗာပူးလ် အသင်းဟာ ၎င်းတို့ ကွင်းလယ်လူ ကော်တင်ဟို အတွက် ဘာစီလိုနာ အသင်းရဲ့ ပေါင် သန်း ၉၀ တန် ကမ်းလှမ်းမှုကို ထပ်မံ ပယ်ချလိုက်ကြောင်း သိရပါတယ်။

နေမာရဲ့ ပြောင်းရွှေ့ကြေး အပြည့်အဝကို PSG မှ မပေးသ၍ နိုင်ငံတကာ အပြောင်းအရွှေ့လက်မှတ်ကို ဘာစီလိုနာ လွှဲပြောင်းပေးမည် မဟုတ်

ဘာစီလိုနာအသင်းဟာ နေမာရဲ့ စာချုပ်လျော်ကြေး ယူရို ၂၂၂ သန်းကို ပီအက်စ်ဂျီအသင်းမှ အားလုံး မပေးချေသေး၍ ကစားသမားရဲ့ နိုင်ငံတကာ အပြောင်းအရွှေ့အသိအမှတ်ပြု လက်မှတ်ကို စီစဉ်ပေးမှာ မဟုတ်ကြောင်း စပိန်ကလပ်ရဲ့ သတင်းရင်းမြစ်များက ဆိုပါတယ်။ ဘာစီလိုနာအသင်းဟာ နေမာရဲ့ စာချုပ်လျော်ကြေး အပြည့်ရရှိဖို့ စောင့်ဆိုင်းနေကြောင်း သိရပါတယ်။ ဘရာဇီးကစားသမားရဲ့ ရှေ့နေ အပါအဝင် ကိုယ်စားလှယ်  ၄ဦးဟာ သြဂုတ် ၃ ရက်နေ့က နေမာက ပီအက်စ်ဂျီ အသင်းဆီ မပြောင်းရွှေ့မီ ယူရို ၂၂၂ သန်းအတွက် ချက်လက်မှတ်တစ်စောင်အား ဘာစီလိုနာ အသင်းကို ပေးခဲ့ပါတယ်။

ရှုံးပွဲမရှိနိုင်ပွဲဆက်ခဲ့တဲ့ တရုတ်ဖိုက်တာ “ROCK MAN”

တရုတ်ဖိုက်တာ ချန်လီ “ROCK MAN” နဲ့ မလေးရှားဖိုက်တာ မာရီကန် “The Vampire”တို့ရဲ့ ဘင်တန်ဝိတ်တန်းပွဲစဉ်ကလည်း ပရိသတ်စိတ်ကြိုက်တွေ့တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ချန်လီက ၂၀၁၇ ဧပြီလကမှ One Championship ပြိုင်ပွဲကို စတင်ထိုးသတ်တာဖြစ်ပြီး ထိုးသတ်ပြီးခဲ့တဲ့ ၂ ပွဲစလုံးကို ပထမအချီမှာတင် ပွဲဖြတ်နိုင်ခဲ့သူ ဖြစ်ပါတယ်။

လာလီဂါသမိုင်းတစ်လျှောက် အကောင်းဆုံးအဖြစ် မက်ဆီ သတ်မှတ်ခံရ

သက်တမ်း (၈၈) နှစ်ကြာမြင့်ခဲ့ပြီဖြစ်သည့် လာလီဂါ(စပိန်အမှတ်ပေးပြိုင်ပွဲ)သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားအဖြစ် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသတ်မှတ်ခံခဲ့ရကြောင်း သိရသည်။

လာလီဂါပြိုင်ပွဲတွင် Outfield Player (၉၂၈၀)ဦး၊ ဂိုးသမား (၈၅၄) ဦးပါဝင်ကစားခဲ့ပြီး မက်ဆီသည် စွမ်းဆောင်ရည်ရမှတ် (၅၄၅) မှတ်ဖြင့် ထိပ်ဆုံးတွင်ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

လာမည့်ရာသီ ဘွန်ဒစ်လီဂါတွင် အမျိုးသမီးဒိုင်လူကြီး ပထမဆုံး ကိုင်တွယ်မည်

လာမည့် ၂၀၁၇-၂၀၁၈ ရာသီ ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲ၌ အမျိုးသမီးဒိုင်လူကြီးတစ်ဦး ပထမဆုံးအကြိမ် တာဝန် ယူ ကိုင်တွယ်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

(more…)


နည်းဗျူဟာ ပေါက်ကြားမှုကို စိုးရိမ်သဖြင့် အိုးလ်ထရက်ဖို့ဒ် တွင်သာ မန်ယူလေ့ကျင့်ခန်းဆင်းမည်

မန်ယူအသင်းသည် ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်ခင် လေ့ကျင့်ခန်းအစီအစဉ်အား နည်းဗျူဟာပေါက်ကြားမှု ဖြစ်ပေါ်မည်ကို စိုးရိမ်ခြင်းကြောင့် အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်တွင်သာ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

(more…)


ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ဟယ်ရီကိန်း(၂)နှစ်ဆက် ဆွတ်ခူး

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဟားလ်စီးတီးနဲ့ ရာသီပိတ်ပွဲမှာပါ ဟက်ထရစ် ထပ်ရခဲ့တာကြောင့် ၂၀၁၆-၁၇ ရာသီ ရဲ့ ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံး၊ ရွှေဖိနပ်ဆုကို ဆွတ်ခူးရရှိ သွားခဲ့ပါတယ်။

(more…)


ရိုးရာလက်ဝှေ့ကျော် စောဂေါ်မူဒိုက မွေထိုင်း လက်ဝှေ့သမားကို ပထမအချီတွင် အလဲထိုးအနိုင်ယူ

ဂျပန်နိုင်ငံ တိုကျိုမြို့၊ တိုကျိုတာဝါ မီဒီယာစင်တာမှာ မေလ ၂၁ ရက်က ကျင်းပတဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ ပြိုင်ပွဲမှာ စောဂေါ်မူဒိုက မွေထိုင်းလက်ဝှေ့သမား ဝီရာဝတ် ဆစ်တ်န်ပါးကို ပထမအချီမှာပဲ အလဲထိုး အနိုင်ရရှိခဲ့ပါတယ်။

(more…)


ကမ္ဘာ့လက်ဝှေ့ချန်ပီယံပြိုင်ပွဲ ဇွန်လ ၁၀ ရက်နေ့တွင် ကျင်းပမည်

ကမ္ဘာ့လက်ဝှေ့ချန်ပီယံပြိုင်ပွဲဖြစ်သည့် World Lethwei Championship (WLC 2)ပြိုင်ပွဲကို ဇွန် ၁ဝ ရက် ညနေ ၆နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံ လေလုံ အားကစားရုံ၌ ကျင်းပမည်ဖြစ်ကြောင်း WLC (World Lethwei Championship) ဖေ့ဘုတ်တွင် သတင်းထုတ်ပြန်သည်။

 

(more…)


FWA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ကန်တီ ရရှိ

ချဲလ်ဆီး ကွင်းလယ်လူ ကန်တီဟာ အားကစားကလောင်ရှင်များ အဖွဲ့ချုပ် FWA မှ ပေးအပ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ကြာသပတေးနေ့က ရရှိခဲ့ကြောင်း သိရပါတယ်။

 

(more…)