နှလုံးရောဂါအတွက် သိသင့်တဲ့ အရေးကြီး လက္ခဏာသုံးရပ်

 
၁။ ရင်ဘတ်အောင့်တာမပျောက်ရင်

ခါတိုင်းအောင့် နေကြ ပုံစံ မဟုတ်ဘဲ ရင်ဘတ်အောင့် နေပြီး စက္ကန့် အနည်းငယ် အတွင်း သက်သာ သွားခဲ့ရင် နှလုံး ရောဂါကြောင့် ရင်ဘတ် အောင့်တာ မဟုတ်ပါဘူး။

ဒါဟာ အစာအိမ်မှ အက်ဆစ်တွေ အစာမျိုပြွန်ကို ဆန်တက်တာကြောင့် ရင်ပူတာပါ။ ရင်ဘတ် အောင့်တာ တဖြည်းဖြည်း ပိုဆိုးလာပြီး အနည်းဆုံး မိနစ် အနည်းငယ်ခန့်ထိ မပျောက်မှသာ နှလုံးရောဂါ အတွက် စိုးရိမ်ရမှာပါ။

ရေခဲသေတ္တာမှာ ထည့်သိမ်းမထားသင့်တဲ့ အစားအစာ (၆) မျိုး

woman-getting-eggs-refrigerator

ကျွန်ုပ်တို့ စားသုံးသူအများစုဟာ အစားအသောက် အညွှန်း အမှတ်အသား ဖတ်တဲ့အခါ လွဲချော်တတ်ကြပါတယ်။ “refrigerate after opening” ‘ဖွင့်ဖောက်ပြီးနောက် ရေခဲသေတ္တာမှာ ထည့်ရန်’ လို့ ဖော်ပြထားတဲ့ ပုံနှိပ်စာလုံး ထင်းထင်းလေးကို မလွန်ဆန်နိုင်ကြဘဲ အစားအသောက်တွေကို ရေခဲသေတ္တာထဲမှာသာ ထည့်သိမ်းလေ့ရှိကာ ဒါဟာ အမှုမဲ့အမှတ်မဲ့ အစားအစာတွေကို ပိုမိုလျင်မြန်စွာ ပုပ်သိုးပျက်စီး စေတတ်တာပဲဖြစ်ပါတယ်။ “ရေခဲသေတ္တာတွင် သိမ်းဆည်းရန်” ဆိုတဲ့ အမှတ်အသားပါရှိသည့်တိုင် ဘယ်တော့မှ ထည့်သိမ်းမထားသင့် အစားအသောက် (၆) မျိုးက. . .

ပြောင်းဖူးကို အရသာပိုထူးအောင် ပြုတ်စားကြည့်ချင်ရင်

1728461908_57a92b9789_b_corn-on-the-cob-750x500_0

ဒီလိုရာသီမှာ လတ်လတ်ဆတ်ဆတ် ပြောင်းဖူးထက် စားကောင်းတာ ဘာမှ မရှိပါဘူး။ ပြောင်းဖူးကို ပြုတ်စားဖို့ အတွက် အရသာ ပိုမို ထူးခြားကောင်းမွန်အောင် ချက်နည်းပြုတ်နည်း အသစ်အသစ်တွေနဲ့ လူတွေ အမြဲ ဆန်းသစ် တတ်ကြပါတယ်။ ပြောင်းဖူးပြုတ်ကို နောက်တစ်ဆင့် ပိုမိုထူးခြားကောင်းမွန်အောင် ပြင်ဆင်ချက်ပြုတ်ပြီး လူတိုင်း လက်ဖျားလောက်စရာ ဖြစ်သွားစေချင်ရင်တော့ ရေပွက်ပွက်ဆူပြီးတာနဲ့ အိုးထဲ ဒီပစ္စည်းနှစ်မျိုး ထည့်ပေးလိုက်ရုံပါပဲ။

အစာစားပြီးနောက် မပြုလုပ်သင့်သော အန္တရာယ်ရှိအပြုအမူများ

13237830_1107992532597930_4292930276506680219_n

အစာစားသောက်ခြင်းဆိုတာ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ကို အဟာရဓါတ်ဖြည့်ပေးနိုင်တဲ့ တစ်ခုတည်သော နည်းလမ်းဖြစ် တာကြောင့် ဂရုစိုက်ပေးဖို့လိုပါတယ်။ အစား ကောင်းတွေ ၊ အဟာရပြည့်ဝတဲ့ အစားတွေနေ့စဉ်နဲ့အမျှ စားနေပေမယ့် တချို့သော အပြုအမူ အမှားတွေကြောင့် ခန္ဓာကိုယ်အတွက် ကောင်းကောင်း အကျိုး မဖြစ်ထွန်းတာမျိုး ဖြစ်တတ်ပါ တယ်။ ဒါကြောင့် အစာစားပြီးနောက်ပိုင်းမှာ ရှောင်ကျဉ်သင့်တဲ့ အပြုအမူ (၇)ချက်ကို ဖော်ပြပေးချင်ပါတယ်။

အသည်း ရောဂါများ အတွက် အသုံးပြုသင့်သော ဆေးပင်များ (မုန်လာဥပင်)

13240036_1106731639390686_93607698003257158_n

ယခုတစ်ပတ်တွင် အသည်းနှင့်ပတ်သက်၍ အသုံးပြုရန် ရေးသားတင်ပြလိုသော အပင်မှာ မုန်လာဥပင်ဖြစ်၏။ မုန်လာဥပင် ဆိုလျှင် တိုင်းရင်း ဆေးပညာရှင်များ သာမက တစ်နိုင်ငံလုံးရှိ မိဘပြည်သူများ သိနိုင်မည်ဖြစ်၏။ မုန်လာပင်သည် အရွက်၊ ဥနှင့် အမြစ်တို့ကို ဟင်းလျာအဖြစ် ချက်ပြုတ် စားသောက်ရသော အပင်မျိုး ဖြစ်၏။ ၎င်း မုန်လာဥပင်မှာ ဆောင်းရာသီတွင် လှိုင်လှိုင်ပေါ်၏။

သင့်စွမ်းအား တိုးစေဖို့ ဒါတွေ စားပါ

13267726_1107346499329200_4700122751036752993_n

နေ့စဉ် လူနေမှုဘဝမှာစိတ်ဖိစီးမှုနဲ့ ဖိအားအမျိုးမျိုးကြောင့် ပင်ပန်းနွမ်းနယ်ပြီး ခန္ဓာကိုယ်စွမ်းအားကို လျော့နည်းစေပါ တယ်။ ဒီအစားအစာတွေက သင့်ရဲ့ခန္ဓာကိုယ်စွမ်းအား တိုးမြင့်စေဖို့ ကူညီနိုင်ပါတယ်။

ဟင်းနုနွယ်
ခန္ဓာကိုယ်စွမ်းအားနည်းပြီး ပင်ပန်းနွမ်းနယ်ခြင်းရဲ့ အဓိကအကြောင်းရင်းက ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ အောက်စီဂျင် ပြတ်လပ်မှုကြောင့် ဖြစ်ပါတယ်။ ဟင်းနုနွယ်ရွက်မှာ သံဓာတ်ပြည့်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း အောက်စီဂျင်ပျံ့နှံ့ရောက်ရှိမှုကို ကူညီပေးပြီး စွမ်းအားမြင့်စေနိုင်ပါတယ်။

HIV ပျောက်ကင်းရန် ကုသမယ့် ဆေးပညာ တွေ့ရှိရန် နီးစပ်

13226971_1106013406129176_8003960126671180498_n

အမေရိကန်ပြည်ထောင်စု Temple University မှ ဆေးပညာ သုတေသန ပညာရှင်များဟာ HIV AIDS ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်မ့် နည်းပညာ တစ်မျိုးကို တွေ့ရှိခဲ့ပါတယ်။ ယင်းတွေ့ရှိမှုဟာ ရောဂါ ပျောက်အောင် ကုသမယ့် ခြေလှမ်းသို့ နီးစပ်နေပြီ ဖြစ်ကြောင်း ဆိုပါတယ်။ CRISPR technology လို့ခေါ်တဲ့ နည်းပညာဟာ Gene Editing System ကို အသုံးပြုပါတယ်။

သဘာဝ သစ်သီးဖျော်ရည်တွေရဲ့ ကျန်းမာရေးဆေးစွမ်း

13240529_1106014079462442_4457503937353188515_n

သဘာဝသစ်သီးဖျော်ရည်တွေက ကျန်းမာရေးအတွက် ဆေးစွမ်းကောင်းဖြစ်စေတဲ့ အချက်တွေကို ဖော်ပြထားပါတယ်။

စိတ်ဓာတ်ကျရင် –   မုန်လာဥနီဖျော်ရည်၊ ပန်းသီးဖျော်ရည်သောက်ပါ။ ပြည်တည်နာ ဖြစ်တဲ့အခါ – ကော်ဖီထုပ် ဖျော်ရည်၊ တရုတ်နံနံဖျော်ရည်၊ မုန်လာဥနီဖျော်ရည် သောက်ပါ။

ကျောက်ကပ်သန့်စင်စေဖို့အတွက် –        ဖရဲသီးဖျော်ရည်၊ သခွားသီးဖျော်ရည်၊ မုန်လာဥနီဖျော်ရည်၊ နံနံပင်ဖျော်ရည် သောက်ပါ။

တစ်နေ့ ကော်ဖီနှစ်ခွက် သောက်ခြင်း ၏ အကျိုး

13179027_1101438936586623_7256950039433054585_n

တနေ့လျှင် မတ်ခွက်ဖြင့် ကော်ဖီ ၂ ခွက် သောက်ခြင်းသည် နှလုံးကျန်းမာရေး ကောင်းမွန်စေရန် အထောက်အကူ ပြုသည်ဟု လေ့လာမှု တစ်ခုက တွေ့ရှိခဲ့သည်။ ကော်ဖီကို ယင်းကဲ့သို့ သောက်သုံးခြင်းသည် နှလုံးအားနည်းရောဂါ ဖြစ်နိုင်ခြေ အန္တရာယ် လျော့ကျနိုင်မှုနှင့် ဆက်စပ်နေကြောင်း အဆိုပါ သုတေသနပြု လေ့လာမှုက တွေ့ရှိခဲ့သည်။ နှလုံးအားနည်းရောဂါကြောင့် သေဆုံးရမှုနှုန်းသည် အချို့သော ကင်ဆာရောဂါကြောင့် သေဆုံးရမှုနှုန်းထက် ပိုများသည်ကို တွေ့ရှိရသည်။ ဆေးစစ်အပြီး တစ်နှစ်အတွင်း နှလုံးအားနည်းရောဂါ ရှိသူများထဲမှ ၄၀ ရာခိုင်နှုန်းအထိ အသက်အန္တရာယ် ထိခိုက်မှု ရှိသည်ကို တွေ့ခဲ့ရသည်။