
ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇွန် ၃၀ ရက် ကြာသပတေးနေ့၌ ၎င်း၏မွေးရပ်မြေ စိန့်ပီတာစ်ဘတ်မှာ ပြုလုပ်သော ဥပဒေရေးရာ ဆွေးနွေးပွဲတွင် ရုရှားသည် မဟာဗျူဟာမြောက် တည်ငြိမ်မှု ရှိစေရေး၊ အဖျက်စွမ်းအားကြီး လက်နက်များ မပြန့်ပွားရေး အတွက် ချမှတ်ထားသည့် စနစ်များအား ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် လက်နက်ထိန်းချုပ် အခြေအနေများ ပိုမိုတိုးတက်လာစေရေးအတွက် ဆွေးနွေးမှုများပြုလုပ်ရန် တံခါးဖွင့်ထားကြောင်း ပြောကြားခဲ့သည်။ မော်စကိုနှင့် ဝါရှင်တန်တို့သည် နျူကလီးယားလက်နက်ကိစ္စနှင့် ပတ်သက်၍ အဆက်အသွယ်မပျက် ဆွေးနွေးပြောဆိုရန် အရေးကြီးကြောင်း အလေးပေးပြောကြားထားသည်။









