
ဇူလိုင်လ ၁၃ ရက် ဗုဒ္ဓဟူးနေ့၌ တရုတ်က ၎င်း၏ရေပိုင်နက်ဟု ယူဆထားသော တောင်တရုတ်ပင်လယ်ရှိ ပါရာဆဲလ် ကျွန်းများအနီး အမေရိကန်၏ ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော USS Benfold သည် တရားမဝင် ဖြတ်သန်း ဝင်ရောက်လာသည်ဟုဆိုသည်။ ထို့ကြောင့် တရုတ်စစ်တပ်က ၎င်းသင်္ဘောအားဝေဟင်နှင့် ရေကြောင်းတပ်ဖွဲ့များပူးပေါင်း ခြေရာခံ၍ သတိပေးကာ မောင်းထုတ်ခဲ့ကြောင်း ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တောင်ပိုင်း စစ်ဌာနချုပ် (PLA) က ထုတ်ပြန်ခဲ့သည်။









