
အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်းရှိ လူနေထူထပ်သော ရပ်ကွက် များမှ ခနော်ခနဲ့ဆေးခန်းတစ်ခုသည် လွန်ခဲ့သည့်နှစ် တာလီဘန်တို့အာဖဂန်အာဏာကို ပြန်လည်ထိန်းချုပ်ချိန်ကတည်းက စစ်မက်ဖြစ်ပွားနေသော နိုင်ငံ၏ ဆိုးရွားသော လူသားချင်းစာနာထောက်ထားမှုအကျပ်အ တည်းကို ဖော်ပြနေသည့် လက္ခဏာ တစ်ရပ် ဖြစ်သည်။လွန်ခဲ့သည့်လက ဟယ်မန်းပြည်နယ်ရှိ မူဆာကာလာခရိုင်ဆေးရုံသည် ကာလဝမ်းရောဂါ သံသယလူနာများမှလွဲ၍ အခြားလူနာများကို လက်မခံခဲ့ပေ။ ယင်းဆေးရုံတွင ်မကြာမီ စာရင်းမဲ့လူနာများဖြင့်ပြည့်နှက်ခဲ့ပြီး ဆရာဝန်များက ၎င်းတို့ကို အကြောဆေးသွင်းပေးခဲ့ကြသည်။








