
အမေရိကန်နိုင်ငံ၊ ဒဲလက်စ်မြို့တွင် ဆန္ဒပြသူများကို ထိန်းချုပ်ရန် ကြိုးစားရင်း စနိုက်ပါ သေနတ်သမားများ၏ ချောင်းမြောင်း ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးသွားကြောင်း သိရသည်။
အမေရိကန်တွင် ရဲတပ်ဖွဲ့က လူမည်းနှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုအပေါ် ဆန့်ကျင်သည့် ဆန္ဒပြမှုများကို ထိန်းချုပ်ရန် ကြိုးစားစဉ် ယခုလို အလစ်အငိုက် တိုက်ခိုက်ခံရခြင်းဟု အာဏာပိုင်များက ဆိုသည်။ ဒဲလက်စ် ရဲတပ်ဖွဲ့ အကြီးအကဲ ဒေးဗစ်ဘရောင်းက ယခုဖြစ်စဉ်အပြီးတွင် တရားခံများကို အစွမ်းကုန် ကြိုးစား ရှာဖွေနေကြောင်း ပြောကြားခဲ့သည်။












