ထိုင်းဖွဲ့စည်းပုံအခြေခံ ဥပဒေအား မဲဆန္ဒရှင် ၄၄ ရာခိုင်နှုန်းခန့် ထောက်ခံမည်

ထိုင်းနိုင်ငံမှ မဲဆန္ဒရှင် ၄၃ ဒသမ ၆ ရာခိုင်နှုန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအား ထောက်ခံနိုင်သည်ဟု ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ မကျင်းပမီ တစ်လအလို၌ ကောက်ယူသည့် လူထုသဘောထား စစ်တမ်းတွင် ဖော်ပြ ထားကြောင်း Bangkok Post သတင်းဌာနက ဇူလိုင် (၁ဝ) ရက်တွင် ဖော်ပြထားသည်။

13620744_892274977550753_1850352451597567547_n

(more…)


သြစတြေးလျ ရွေးကောက်ပွဲတွင် အာဏာရ ညွန့်ပေါင်းပါတီ ကပ်ပြီး အနိုင်ရ

Australian Prime Minister Malcolm Turnbull speaks during a news conference in Sydney, Australia, July 10, 2016. AAP/Paul Miller//via REUTERS

ပြီးခဲ့တဲ့တပတ်က သြစတြေးလျနိုင်ငံမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ်ရဲ့ အာဏာရ ညွန့်ပေါင်းပါတီကပဲ ကပ်ပြီး အနိုင်ရရှိသွားပါတယ်။

အတိုက်အခံ လေဘာပါတီခေါင်းဆောင်က သူတို့ပါတီ ရှုံးနိမ့်တယ်လို့ ကြေညာအပြီးမှာ ၀န်ကြီးချုပ်က အခုလို ပြောဆိုခဲ့တာပါ။

မဲတွေကိုတော့ ဆက်လက်ရေတွက်ဆဲဖြစ်ပေမယ့် ညွန့်ပေါင်းပါတီက အစိုးရဖွဲ့ရေး လိုအပ်တဲ့ မဲအရေအတွက် ရမယ်လို့ ဆိုပါတယ်။

ထိုင်းရေတပ်က ခိုးဝင်ငါးဖမ်းသော ဗီယက်နမ်တံငါသည် ၂၉ ဦးကို ဖမ်းဆီး

Thai-Sea-worker

ဘန်ကောက်၊ ဇူလိုင် ၁၁

ထိုင်းပင်လယ်ကွေ့အတွင်း ခိုးဝင်ကာ ငါးဖမ်းသည့် ဗီယက်နမ်ရွက်သင်္ဘောသုံးစင်းမှ တံငါသည် ၂၉ ဦးကို ထိုင်းရေတပ်က ဇူလိုင် ၁၀ ရက်၌ ဖမ်းဆီးရမိသည်။

ထိုင်းရေတပ်သင်္ဘော HTMS Thai Muang ကင်းလှည့်စဉ် အထူးစီးပွားရေးဇုန် သဘာဝဓာတ်ငွေ့လုပ်ကွက် Muda A ၏ ရေမိုင် ၁၂ မိုင်ခန့်တွင် ဖမ်းဆီးမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တောင်ဆူဒန် အရေး ဘန်ကီမွန်း သတိပေး

4527272

မြို့တော် ဂျူးဘား နေရာ အနှံ့ တိုက်ပွဲတွေ ပြင်းထန်။

တောင်ဆူဒန် နိုင်ငံမှာ လတ်တလော ပြန်လည် ဖြစ်ပေါ် လာပြန်တဲ့ အကြမ်းဖက် ဖြစ်ရပ်တွေဟာ အဓိပ္ပာယ် ကင်းမဲ့ သလို၊ လက်သင့် ခံဖွယ်ရာလည်း မရှိဘူး ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ပြစ်တင် ပြောဆို လိုက်ပါတယ်။

ဥရောပ၏ လုံခြုံရေး အမေရိကန် ရေရှည်ပါဝင်မည်ဟု အိုဘားမားကတိပြု

13654201_1728469817393519_9167676800625325594_n

ဝါဆော ဇူလိုင် ၁ဝ

အမေရိကန်သမ္မတအိုဘားမားသည် ၄င်း၏ သမ္မတသက်တမ်းမကုန်ဆုံးမီ နောက်ဆုံး တက်ရောက်သည့် နေတိုး ထိပ်သီး အစည်းအဝေးတွင် ဥရောပ၏ လုံခြုံရေးအတွက် အမေရိကန်၏ စစ်ရေးအရ ရေရှည်ပါဝင်ပတ်သက်မှုများနှင့် အမေရိကန်၏ မဟာမိတ် များကို ကာကွယ်သွားမည်ဟု ကတိပြုခဲ့သည်။

စစ်အေးကာလကစပြီး ကာကွယ်ရေးအတွက် တပ်ကူများထားရှိရန် အနောက် ကာကွယ်ရေးမဟာမိတ်များက သဘောတူခဲ့သည်ဟု ပြောသည်။

ရဲ ပစ်ခတ်၍ လူမည်းနှစ်ဦး သေဆုံးမှုကြောင့် အမေရိကန်မြို့များတွင် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွား

US-police

အမေရိကန်နိုင်ငံ မင်နီဆိုးတားနှင့် လူစီယားနားပြည်နယ်တို့၌ ရဲပစ်ခတ်၍ လူမည်းနှစ်ဦး သေဆုံးခဲ့ရခြင်းကြောင့် ဆန္ဒပြမှုများက မြို့တော်တော်များများတွင် ဆက်လက်ဖြစ်ပွားလျက်ရှိနေသည်။

လူစီယားနားရှိ ဘတ်တွန်လမ်းပေါ်တွင် လက်နက်ကိုင် New Black Panther Party အဖွဲ့ဝင်များနှင့် ရဲတို့ထိပ်တိုက်တွေ့ကြသလို မင်နီဆိုးတားပြည်နယ်တွင် လမ်းများပိတ်ဆို့ထားခြင်း၊ လက်နက်များဖြင့် ပစ်ခတ်ခြင်းများ ရှိသည်။

လူဒါဇင်များစွာ ဖမ်းဆီးမှုများ ရှိသော်လည်း လူစုလူဝေးအများစုက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်။

ဂျပန်အထက်လွှတ်တော်ရွေးကောက်ပွဲ၌ ပြည်သူများ မဲပေးကြပြီ

13615480_1052183164874570_4794217250668181324_n

တိုကျို ဇူလိုင် ၁ဝ

ဂျပန်နိုင်ငံ၌ အထက်လွှတ်တော်အမတ်များကို ရွေးချယ်နိုင်ရန် ဇူလိုင် ၁ဝ ရက်တွင် ပြည်သူများ မဲပေးလျက် ရှိကြကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သတင်း ထုတ်ပြန်သည်။

ဗြိတိန် ဝန်ကြီးချုပ်ရွေးပွဲ အမျိုးသမီး ၂ ဦး နောက်ဆုံးကျန်

ဗြိတိန်နိုင်ငံမှာ ဝန်ကြီးချုပ်ရာထူး အတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဗြိတိသျှ ပြည်ထဲရေး ဝန်ကြီး Theresa May နဲ့ စွမ်းအင်ဝန်ကြီး Andrea Leadsom တို့ကို ရွေးချယ်လိုက်ပြီဖြစ်ပါတယ်။

British

(more…)


ခေါင်းဆောင်ကင်ဂျုံအန်းအပေါ် အမေရိကန်တို့၏ အရေးယူဒဏ်ခတ်မှုက မိမိတို့နိုင်ငံကို စစ်ကြေညာလိုက်သည့် သဘောဆောင်နေ၍ လက်တုန့်ပြန်သွားမည်ဟု မြောက်ကိုရီးယား ပြော

kim-jong-un

နိုင်ငံ့ခေါင်းဆောင် ကင်ဂျုံအန်းကို ပစ်မှတ်ထားကာ အမေရိကန်တို့က အရေးယူပိတ်ဆို့မှုလုပ်ဆောင်ခဲ့ခြင်းမှာ စစ်ကြေညာလိုက်သည့် သဘောဆောင်နေခဲ့ပြီး ယင်းအပေါ် မိမိတို့ဘက်ကလည်း ပြန်လည်လက်စားချေ တုန့်ပြန်သွားမည်ဟု မြောက်ကိုရီးယားတို့က ကြွေးကြော်လိုက်သည်။

အမေရိကန်တို့၏ ယခုလုပ်ရပ်က မိမိတို့အပေါ် အဆိုးရွားဆုံး ရန်စလိုက်ခြင်းပင်ဖြစ်ကြောင်း ပြုံယမ်းနိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်သည်။

လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ထားခြင်းကြောင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့ရန် ၀ါရှင်တန်အစိုးရက ဇူလိုင် ၇ ရက်တွင် ထုတ်ဖော်ကြေညာသွားခဲ့သည်။

တောင်ကိုရီးယားတွင် အမေရိကန်၏ ဒုံးကျည် ကာကွယ်ရေးစနစ် ဖြန့်ကျက်သွားရန် သဘောတူညီမှုရရှိ

vegrtg

အငြင်းပွားဖွယ် အခြေအနေများ ရှိခဲ့သော်လည်း အမေရိကန်၏ ဒုံးခွင်းဒုံး ကာကွယ်ရေး စနစ်တစ်ရပ် တောင်ကိုရီးယား တွင် ဖြန့်ကျက်ထားရန် နှစ်နိုင်ငံ အစိုးရချင်း သဘောတူညီမှု ရရှိခဲ့ပြီဟု သိရသည်။ မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် ရည်ရွယ်ချက် တစ်ခုတည်းဖြင့် ဝေဟင်အမြင့်မှ ပျံသန်းလာသည့် ဒုံးကျည်များကို ကြားဖြတ် ဟန့်တား ပစ်ချနိုင်သည့် THAAD ဒုံးကျည် ကာကွယ်ရေး စနစ်ကို တောင်ကိုရီးယားတွင် ဖြန့်ကျက် သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်က ကြေညာသည်။