တောင်တရုတ်ပင်လယ်အတွင်းမှ အငြင်းပွားနေသော ကျွန်းများကို ပိုင်ဆိုင်သည်ဆိုသော တရုတ်နိုင်ငံ၏ သဘော ထားကို ငြင်းဆန်ခဲ့သော နိုင်ငံတကာခုံသမာဓိရုံး၏ တရားစီရင်ချက်ကို တရုတ်နိုင်ငံအနေဖြင့် လေးစားရန် ဖိလစ်ပိုင်နိုင်ငံက တိုက်တွန်းလိုက်သည်။
တောင်တရုတ်ပင်လယ်အတွင်းမှ အငြင်းပွားနေသော ကျွန်းများကို ပိုင်ဆိုင်သည်ဆိုသော တရုတ်နိုင်ငံ၏ သဘော ထားကို ငြင်းဆန်ခဲ့သော နိုင်ငံတကာခုံသမာဓိရုံး၏ တရားစီရင်ချက်ကို တရုတ်နိုင်ငံအနေဖြင့် လေးစားရန် ဖိလစ်ပိုင်နိုင်ငံက တိုက်တွန်းလိုက်သည်။
တောင်တရုတ်ပင်လယ်တွင် တရုတ်ပိုင်ပြု၍ အငြင်းပွားနေသည့် ပိုင်နက်နယ်မြေများအပေါ် ဝေဟင် ကာကွယ် ရေးဇုန်တည်ဆောက်ပိုင်ခွင့် တရုတ်နိုင်ငံ၌ရှိကြောင်း အကြီးတန်းတရုတ်အရာရှိကြီးတစ်ဦးက ပြောသည်။

တောင်တရုတ်ပင်လယ်သည် တရုတ်နိုင်ငံ ရှေးဟောင်းရေကြောင်း မြေပုံအရ ပိုင်ဆိုင်သည်မှာ ဥပဒေကြောင်းအရ တရားမဝင်ကြောင်း ဇူလိုင် (၁၂) ရက်တွင် နိုင်ငံတကာ တရားရုံးက ဆုံးဖြတ်ချက်ခဲ့ပြီးနောက် ထိုင်ဝမ်နိုင်ငံက ရေကြောင်း နယ်မြေ ကာကွယ်ရန် ဇူလိုင် (၁၃) ရက်တွင် ရေတပ်စစ်သင်္ဘော စေလွှတ်ခဲ့သည်။


နိုင်ငံတကာ တရားရုံးက တောင်တရုတ်ပင်လယ် ပိုင်ဆိုင်ခွင့် တရုတ်ရဲ့တောင်းဆိုချက်ကို ပယ်ချခဲ့ပြီးနောက် သမ္မ ရှီကျင့်ဖျင်က နိုင်ငံပိုင်နက်ကို ကာကွယ်ဖို့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLA) အား အသင့်ပြင်ထားရန် အမိန့်ပေးလိုက်တယ်လို့ အမေရိကန်အခြေစိုက် Boxun ရုပ်သံသတင်းပြောဆိုချက်ကို ကိုးကားပြီး ကိုရီးယား သတင်း Arirang က ဆိုပါတယ်။ နိုင်ငံတကာတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အသုံးချပြီး အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေဟာ တောင်တရုတ် ပင်လယ်မှာ ကျူးကျော်ရန်စမှုတွေ ပြုလုပ်လာနိုင်တဲ့ အတွက် ဖြစ်တယ်လို့ လည်း သူက ပြောဆိုတယ်လို့ သိရပါတယ်။

ပေကျင်း၊ ဇူလိုင် ၁၃
တောင်တရုတ်ပင်လယ်အား တရုတ်က မပိုင်ဆိုင်ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်က တရားဥပဒေနှင့် မညီကြောင်း တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ပယ်ချလိုက်သည်။
တရားရုံး၏ စီရင်ထုံးကြောင့် တရုတ်နိုင်ငံ၏ ပင်လယ်ပြင်အချုပ်အခြာပိုင်နှင့် ရေကြောင်းပိုင်ဆိုင်ခွင့်အပေါ် မည်သည့်နည်းနှင့်မျှ သက်ရောက်မှုရှိမည်မဟုတ်ကြောင်း သမ္မတ ရှီကျင့်ဖျင်က ပြောသည်။

ACT, Black Mountain မှာ နှင်းတွေဖုံးလွှမ်းနေ (Credit: ABC)
သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းမှာ အအေးဓာတ်တွေ ဖြတ်သန်းနေတဲ့အတွက် နှင်းကျတာတွေအပြင် လေပြင်းတွေလည်း တိုက်ခိုက်နေပါတယ်။
ဗစ်တိုးရီးယား ပြည်နယ်၊ တက်စမေးနီးယား၊ နယူးဆောက်သ်ဝေးလ်၊ မြို့တော် ကင်ဘာရာရှိရာ အထူးဒေသနဲ့ တောင်သြစတြေးလျ ပြည်နယ်တွေမှာ လေပြင်းတိုက်ခတ်မယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။

ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေရှိ First Bank ဘဏ်ခွဲတစ်ခုမှာ ATM စက်တွေ ပိတ်ထားတာကို ဇူလိုင် ၁၂ ရက်နေ့က တွေ့ရပါတယ်။ (ဓာတ်ပုံ – အီးပီအေ)
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ထိုင်ဝမ်နိုင်ငံမှာ ATM ငွေထုတ်စက်တွေကနေ ထိုင်ဝမ်ဒေါ်လာ (၇၀) သန်း (ဒေါ်လာ ၂.၁၈ သန်း) ခိုးခံလိုက်ရတာကြောင့် အင်္ဂါနေ့မှာ နိုင်ငံတလွှားရှိ ATM ငွေထုတ်စက် ရာပေါင်းများစွာကို ဘဏ်များက ပိတ်ချခဲ့ပါတယ်။

အီတလီနိုင်ငံ တောင်ပိုင်းမှာ လူစီးရထားနှစ်စင်း တိုက်မိခဲ့မှုကြောင့် အနည်းဆုံး လူ ၂၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။ ဒဏ်ရာရရှိသူများအနက် ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရသူတွေ လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
အီတလီတောင်ပိုင်း ကော်ရာတိုနဲ့ အန်ဒရီယာ မြို့နှစ်မြို့ကြား ဆက်သွယ်ထားတဲ့ ရထားလမ်းမှာ ရထားနှစ်စင်း တိုက်မိခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

လူနည်းစု အသိုင်းအဝိုင်းကြားမှာ လူမျိုးရေး ခွဲခြားမှု ပြဿနာတွေ ကြုံတွေ့ ခံစား နေရတယ်ဆိုတာ
သူ့ အနေနဲ့ နားလည် လက်ခံ ထား
အမေရိကန် နိုင်ငံသား တွေ အနေနဲ့ လူမျိုးရေး တင်းမာ နေမှုတွေကြောင့် စိတ်ပျက် လက်ပျက် ဖြစ်နေတာတွေကို လျော့ချဖို့ သမ္မတ အိုဘားမား က တိုက်တွန်း လိုက်ပါတယ်။
နိုင်ငံအတွင်း ထုတ်လွှင့်ပြသနေသည့် အစ္စလာမ်မစ်ရုပ်မြင်သံကြား Channel တစ်ခုကို ပိတ်ပင်သွားဖွယ် ရှိနေကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက ကြေညာခဲ့သည်။
