
ဒီလ အစောပိုင်း တူရကီနိုင်ငံက စစ်အာဏာသိမ်း ကြိုးပမ်းမှုကို အဓိက စီစဉ်သူလို့ အစိုးရက ပြောဆိုနေတဲ့ အမေရိကန် အခြေစိုက် မူဆလင် ဘာသာရေးဆရာနဲ့ အဆက်အစပ် ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သတင်းထောက် တွေကို ဖမ်းမိန့်ထုတ်လိုက်တာ ဖြစ်ပါတယ်။

ဒီလ အစောပိုင်း တူရကီနိုင်ငံက စစ်အာဏာသိမ်း ကြိုးပမ်းမှုကို အဓိက စီစဉ်သူလို့ အစိုးရက ပြောဆိုနေတဲ့ အမေရိကန် အခြေစိုက် မူဆလင် ဘာသာရေးဆရာနဲ့ အဆက်အစပ် ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သတင်းထောက် တွေကို ဖမ်းမိန့်ထုတ်လိုက်တာ ဖြစ်ပါတယ်။

အရွယ်မရောက်သေးသည့် ကလေးသူငယ်များအား အလုပ်လုပ်ခွင့်ပေးထားသည့် ဥပဒေတစ်ရပ်ကို ဇူလိုင်လ ၂၆ ရက် က ကျင်းပသည့် အိန္ဒိယ ပါလီမန်က အတည်ပြု ပေးလိုက်သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ယခု ဥပဒေအရ အရွယ်မရောက်သေးသည့် ကလေးများကို ၎င်းတို့၏ မိသားစုအတွက် တစ်ဘက်တစ်လမ်းမှ ၀င်ငွေ ရှာနိုင်ရန် သတ်မှတ်လုပ်ငန်းတစ်ချို့တွင် ၀င်ရောက်လုပ်ကိုင်ခွင့် ရရှိကြမည်ဖြစ်သည်။ သို့သော် ယင်း ဥပဒေကြောင့် ကလေးသူငယ်များ၏ တိုးတက်ဖွံ့ဖြိုးမှုကို ထိခိုက်သွားစေနိုင်သည်ဟု တက်ကြွ လှုပ်ရှားသူများက ဝေဖန်ခဲ့သည်။

ရီယိုဒီဂျနေရိုး ဇူလိုင် ၂၇
ရာထူးမှ ခေတ္တဆိုင်းငံ့ထားသည့် ဘရာဇီးသမ္မတ ဒီမာရိုဆက်ဖ်သည် ရီယိုအိုလံပစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မည် မဟုတ်ဟု ပြောခဲ့သည်။
အကြောင်းမှာ ၎င်းသည် မာရာကာနာ အားကစားရုံ၌ ကျင်းပမည့်ဖွင့်ပွဲအခမ်းအနား၌ ဒုတိယနေရာမှနေ၍ တက်ရောက်ရမည် ဖြစ်သောကြောင့်ဖြစ်သည်။ ယာယီသမ္မတ မိုက်ကယ်တမ်မာ၏ ပြောရေးဆိုခွင့်ရှိသူက ဒီမာရိုဆက်ဖ် သည် ဖွင့်ပွဲအခမ်းအနား၌ ယာယီသမ္မတ၏ ဘေးတွင် နေရာယူရမည် မဟုတ်ဘဲ ၄င်းထက် တစ်ဆင့် နိမ့်သော နေရာတွင် တက်ရောက်ရမည်ဖြစ်သည်ဟု ပြောခဲ့သည်။

ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၂၇
အမေရိကန် ပါတီကြီးများသမိုင်းတွင် ပထမဆုံးအနေဖြင့် အမျိုးသမီးတစ်ဦးအား သမ္မတလောင်းအဖြစ် ရွေးချယ်ခြင်း အဖြစ် ဒီမိုကရက်တစ်ပါတီကြီးက ဟီလာရီ ကလင်တန် အား ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်တင်မြှောက် လိုက်သည်။
ဒီမိုကရက်တစ်အမျိုးသားညီလာခံတွင် ပြည်နယ် ၅၀ လုံး မဲပေးမှုများတွင် ဟီလာရီက စံတစ်ခုအထိ မဲရလဒ် ရရှိခဲ့ခြင်းဖြစ်သည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုအပေါ် ထိုင်းစစ်အစိုးရက လတ်တလော ဖိနှိပ်နေတဲ့အပေါ် ကုလသမဂ္ဂက ဝေဖန် ပြစ်တင်လိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းပုံ ဆိုင်ရာ လူထုဆန္ဒခံယူပွဲ ပြုလုပ်ရေး အက်ဥပဒေကို မကြာခင်က ပြဌာန်းခဲ့ပြီးနောက် ဒီဥပဒေနဲ့ ဖမ်းဆီး အရေးယူမှုတွေ လုပ်နေပါတယ်။

စပိန်နိုင်ငံ ဗလင်စီယာမြို့အနီး တောမီးလောင်ကျွမ်းမှုမှာ သဘာဝ ဘေးမဲ့တောကို ကူးစက်လာတာကြောင့် စစ်သားများပါ ပါဝင်ငြှိမ်းသတ်နေရကြောင်း သိရပါတယ်။ ဗလင်စီယာမြို့အနီး လောင်ကျွမ်းနေတဲ့ တောမီးက မြေဧရိယာ ၁,၄၀၀ ဟက်တာမှာ လောင်ကျွမ်းခဲ့ပြီး ဖြစ်ပါတယ်။
တောမီးဟာ တနင်္လာနေ့က ဗလင်စီယာမြို့ မြောက်ဘက်မှာ စတင်လောင်ကျွမ်းခဲ့ပြီး တောမီးလောင်ရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။ တောမီးမှာ လူနေအိမ်များကို ကူးစက်လောင်ကျွမ်းခြင်း မရှိပေမဲ့ သဘာဝ ဘေးမဲ့တောကို ကူးစက်နေတယ်လို့ ဆိုပါတယ်။

ပါရီ၊ ဇူလိုင် ၂၇
ပြင်သစ်နိုင်ငံမြောက်ပိုင်းက ခရစ်ယာန်ဘုန်းကြီးကျောင်းမှ ဘုန်းတော်ကြီးအား သတ်ဖြတ်သွားသည့် သံသယရှိသူများ တွင် တစ်ဦးက စောင့်ကြည့်တရားခံဖြစ်ပြီး တိုက်ခိုက်ချိန်ကလည်း ခြေချုပ်ထိန်းချုပ်ထောက်လှမ်းရေးကိရိယာကို ဝတ်ဆင်ထားခံရသူတစ်ဦးလည်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
အသက် ၁၉ နှစ်ရှိ အက်ဒယ်ကာမီချီသည် ပြီးခဲ့သည့်နှစ်အတွင်းက ဆီးရီးယားနိုင်ငံသို့ သွားရန် ကြိုးစားခြင်းကြောင့် နှစ်ကြိမ်တိုင် ဖမ်းဆီးခံခဲ့ရသူဖြစ်ကြောင်း တရားရေးရှေ့နေ ဖရန့်စစ်မိုလင်းက ပြောသည်။

ဆွီဒင်ရှိ ဈေးဝယ်စင်တာ တစ်ခုအတွင်း လူတစ်ဦးကို ပစ်ခတ်ခဲ့သည့် သေနတ်သမားကို ရဲတပ်ဖွဲ့က လိုက်လံ ရှာဖွေနေဆဲဟု သိရသည်။
ဇူလိုင် ၂၆ ရက်က ဆွီဒင်တောင်ပိုင်း၊ မယ်လ်မိုမြို့ရှိ ရိုဆန်ဂါ့ဒ် ဈေးဝယ်စင်တာတွင် လူတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။ စင်တာထဲ၌ ရန်ပွဲတစ်ခု ဖြစ်ပွားရာ၌ ပါဝင်ခဲ့သည့် အမျိုးသားသည် ဘယ်ဘက် ခြေထောက်တွင် ကျည်ဆန် ထိမှန်ခဲ့ခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံတ၀ှန်းလုံးရှိ လုပ်ငန်းကျွမ်းကျင်အဆင့် ဉာဏအလုပ်သမားတွေရဲ့ နေ့တွက် အနိမ့်ဆုံးလုပ်အားခကို ဘတ် ၅၅၀ တိုးပေးမယ်လို့ ထိုင်းအလုပ်သမား ၀န်ကြီးဌာန ၀က်ဘ်ဆိုက်မှာ ဇူလိုင် ၂၆ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာထား ပါတယ်။
ဗြိတိန်၌ ဥရောပသမဂ္ဂ (အီးယူ) မှ နုတ်ထွက်ရန်ဘက်က ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၌ အနိုင်ရရှိခဲ့ခြင်းသည် ကမ္ဘာ့ စီးပွားရေးအတွက် အန္တရာယ်များကို မီးမောင်း ထိုးပြနေသည်ဟု ဂျီ-၂၀ အဖွဲ့၏ ဘဏ္ဍာရေးအကြီးအကဲများက တရုတ်၌ပြုလုပ်သော ထိပ်သီးဆွေးနွေးပွဲတွင် ဇူလိုင် (၂၄) ရက်၌ ပြောကြားခဲ့သည်။
