
ဖိလစ်ပိုင် နိုင်ငံရှိ အကျဉ်းထောင် တစ်ခုကို စီးနင်းမှု ဖြစ်ပွားပြီး အိုင်အက်စ်နှင့် ဆက်နွှယ်သည့် စစ်သွေးကြွ ၈ ဦး လွတ်မြောက်သွားကြောင်း သိရသည်။ ရဲတပ်ဖွဲ့က ဩဂုတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော လာနာအိုဒယ်လ်ဆား အကျဉ်းထောင် စီးနင်းမှုသည် ကြိုတင် ကြံစည်ထားမှုတစ်ခုဟု ယူဆနေသည်။ အရှေ့အလယ်ပိုင်း ဒေသမှ နာမည်ဆိုးနှင့် ကျော်ကြားသည့် အိုင်အက်စ် တို့နှင့် တိုက်ရိုက်ဆက်စပ်မှု ရှိနိုင်သော မော်တေး အစ္စလာမ်မစ် အစွန်းရောက် ဝါဒစွဲ စစ်သွေးကြွ အဖွဲ့သား ၈ ဦးကို ဖမ်းဆီးထားသည်မှာ တစ်ပတ်မျှသာ ရှိသေးပြီး ယခုအခါ ၎င်းတို့အားလုံး ပြန်လည် လွတ်မြောက် သွားခြင်း ဖြစ်သည်။









