သမ္မတအပေါ် စွပ်စွဲထားသည့် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေသည့် အချိန်ကို သက်တမ်း တိုးမြှင့်သင့်ကြောင်း တောင်းဆိုမှုများကို ယာယီသမ္မတ ဟွမ်ကျိုအန်းဘက် က ငြင်းဆန်ခဲ့သည်။ ပက်ခ်အနေဖြင့် သူငယ်ချင်းဖြစ်သူ ချွိုင်ဆွန်ဆီလ်၏ အဂတိ လိုက်စားမှု အရှုပ်အထွေးများနှင့် ဆက်နွှယ်မိပြီး တရားရုံတင် စစ်ဆေးမှု ခံနေရသလို ပြည်သူ့ထောက်ခံမှု ဆိုးရွားစွာ ကျဆင်းလျက်ရှိသည်။ စစ်ဆေးမှု ခံနေရစဉ် အတောအတွင်း ပက်ခ်သည် သူမ၏ လုပ်ငန်းတာဝန်များနှင့် ကင်းကွာနေရပြီး ဝန်ကြီးချုပ်ဟွမ်က ယာယီသမ္မတအဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိသည်။