ဆိုမာလီယာကမ်းလွန်မှာ အိန္ဒိယကုန်တင်သင်္ဘောတစ်စင်းကို ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲလိုက်ပြီး သင်္ဘောဟာ လောလောဆယ် ဆိုမာလီယာ ကမ်းခြေဆီဦးတည်ခုတ်မောင်းနေတယ်လို့ ပင်လယ်ဓားပြ တိုက်ဖျက်ရေး အစိုးရအရာရှိဟောင်းတစ်ဦးက တနင်္လာနေ့က ရိုက်တာကိုပြောပါတယ်။
နစ်မြုပ်သွားတဲ့ တောင်ကိုရီးယားသဘောင်္ပေါ်က ပျောက်ဆုံးသဘောင်္သား ၂၂ ဦးကို ရှာဖွေနေဆဲ
ဥရုဂွေးဟာ ကမ်းလွန်ပင်လယ်ပြင်မှာ နစ်မြုပ်သွားတဲ့ တောင်ကိုရီးယား ကုန်တင်သင်္ဘောတစ်စီးပေါ် လိုက်ပါလာတဲ့ ပျောက်ဆုံး သဘောင်္သား ၂၂ ဦးကို ဆက်လက်ရှာဖွေနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အသက်ရှင်သူ သဘောင်္သားနှစ်ဦးကို ရှာတွေ့ထားတယ်လို့လည်း သိရပါတယ်။
ရုရှား မှာ မြေအောက် ရထား ပေါ် ပေါက်ကွဲမှုဖြစ်ပြီး လူ ၁၁ ဦး သေဆုံး
ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ မြေအောက်ဘူတာရုံမှာ ဧပြီ ၃ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၁၁ ဦး သေဆုံးပြီး အခြား လူ ၅၀ ခန့် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ အကြမ်းဖက်သမား တန်ပြန်နှိမ်နင်းရေး ဌာနမှ အကြီးအကဲရဲ့ ပြောကြားချက်အရ ပေါက်ကွဲမှုဟာ Sennaya Ploshchad နဲ့ Tekhnologichesky Institut ဘူတာရုံနှစ်ခုကြား ရထားတစ်စင်းပေါ်မှာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
အကျင့်ပျက်ခြစားသည်ဟု စွပ်စွဲခံနေရသော ပြည်ထဲရေးဝန်ကြီးကို ဖိလစ်ပိုင်သမ္မတ ရာထူးမှဖယ်ရှား
ဖိလစ်ပိုင်သမ္မတဒူတာတေးသည် အကျင့်ပျက်ခြစားမှုဆိုင်ရာပြဿနာများအတွက် ပထမဆုံး အကြီးတန်း အစိုးရ အရာရှိတစ်ဦးကို ဖယ်ရှားသည့်အနေဖြင့် ပြည်ထဲရေးဝန်ကြီးကို ယုံကြည်မှုနှင့် စိတ်ချရမှု ဆုံးရှုံးသည်ဟု ဆိုကာ ရာထူးမှ ဖယ်ရှားခဲ့သော ဝန်ကြီးအဖွဲ့အရာရှိနှစ်ဦးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
ယွမ်ငွေကို နိုင်ငံတကာ အရန်ငွေတွင် ပထမဆုံးအကြိမ် ကမ္ဘာသုံး ယွမ်ငွေအဖြစ် အိုင်အမ်အက်ဖ် ထုတ်ပြန်
နိုင်ငံတကာ ငွေကြေးလဲလှယ်မှု အရန်ငွေတွင် ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံ ငွေကြေးယွမ်ငွေ ပါဝင်မှု အချက်အလက်ကို နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) က မတ်လ၃၁ ရက်က ထုတ်ပြန်လိုက်သည်။
ပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ်တို့ကို ပါရာဂွေးသမ္မတ ရာထူးမှ ဖယ်ရှား
နိုင်ငံတွင် လူသေဆုံးစေသည်အထိ အခြေအနေဆိုးရွားသွားခဲ့သော အကြမ်းဖက်ဆန္ဒပြမှု ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ပြီးနောက် ပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ် တို့ကို ပါရာဂွေးသမ္မတက ရာထူးမှ ထုတ်ပယ်လိုက် သည်။
အင်ဒိုနီးရှားတွင် မြေပြိုမှုများကြောင့် နှစ်ဦးထက်မနည်း သေဆုံးပြီး ၂၆ ဦး ပျောက်ဆုံးနေ
အင်ဒိုနီးရှားနိုင်ငံတွင် မြေပြိုမှုများကြောင့် အနည်းဆုံး နှစ်ဦး သေဆုံးသွားခဲ့ပြီဖြစ်ပြီး အခြား ၂၆ ဦး ပျောက်ဆုံးနေကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး အေဂျင်စီက ထုတ်ပြန် သည်။ ပျောက်ဆုံးနေသူများမှာ ရွှံ့နွံများအောက် ပိတ်မိဖုံးလွှမ်းခံထားဖွယ်ရှိကြောင်းနှင့် သေဆုံးသူဦးရေ ထပ်တိုးလာ နိုင်ကြောင်းလည်း သိရသည်။
ဒေါ်နယ်ထရမ့် ပိုင်ဆိုင်ခဲ့ဖူးတဲ့ Ferrari ကားတစ်စီးကို စံချိန်တင် ဒေါ်လာ ၂၇၀,၀၀၀ နဲ့ လေလံတင်ရောင်းချ
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ပိုင်ဆိုင်ခဲ့ဖူးတဲ့ အနီရောင် Ferrari ကားတစ်စီးကို ယခုသီတင်းပတ် အတွင်းမှာပဲ စံချိန်တင် ဒေါ်လာ ၂၇၀,၀၀၀ နဲ့ လေလံတင်ရောင်းချခဲ့ရတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြ ထားပါတယ်။
တရုတ် မကူညီလျှင်လည်း မြောက်ကိုရီးယား အရေးကို အမေရိကန် တစ်ကိုယ်တော် ဖြေရှင်းနိုင်ဟု ထရမ့်ပြောကြား
တရုတ်အစိုးရ၏ ပူးပေါင်းပါဝင်မှု မရှိလျှင်လည်း မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှု အရေးကို အမေရိကန် တစ်နိုင်ငံတည်း ဖြေရှင်းမည်ဟု ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်သည်။
ဗင်နီဇွဲလားတွင် လွှတ်တော်အာဏာကို ရယူထိန်းချုပ်မည့် ဆုံးဖြတ်ချက်ကို တရားလွှတ်တော်ချုပ်က ပြန်လည်ရုတ်သိမ်း သွားခဲ့သော်လည်း ဆန္ဒပြမှုများ ဆက်လက်ပေါ်ပေါက်နေ
ဗင်နီဇွဲလားနိုင်ငံတွင် ဥပဒေပြုလွှတ်တော်၏ လုပ်ပိုင်ခွင့်အာဏာများကို တရားလွှတ်တော်ချုပ်က လွှဲပြောင်း ချုပ်ကိုင်ရန် စီစဉ်ခဲ့မှုအပေါ် ပြည်တွင်းနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတို့က ၀ိုင်းဝန်းပြစ်တင် ခဲ့ကြသည်။ ယင်းလုပ်ရပ်မှာ အစိုးရ၏ အာဏာသိမ်းရန် ကြိုးပမ်းချက်သာ ဖြစ်သည်ဟုဆိုပြီး ယင်းအပေါ် ပြည်တွင်း၌ ကန့်ကွက်ဆန္ဒပြမှုများလည်း ပေါ်ပေါက်ထားခဲ့သည်။