

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်က သေနတ်သမားတစ်ဦးက ၀င်ရောက်ပစ်ခတ်ခဲ့မှုကြောင့် အနည်းဆုံး လူပေါင်း ၂၆ ဦး သေဆုံးပြီး လူ ၂၀ ဒဏ်ရာရရှိ သွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နိုင်ငံကို တုန်လှုပ်စေခဲ့တဲ့ ယခုဖြစ်စဉ်ဟာ ပြည်နယ်တွင်းက ၀ီလ်ဆန် ကောင်တီရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း တနင်္ဂနွေနေ့ ဘုရားဝတ်တက်ချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။









