စပိန်ဝန်ကြီးချုပ် မာရီယာနို ရာဟွိုင်း (Mariano Rajoy) ဟာ ကတ်တာလိုးနီးယားကို လွတ်လပ်ရေး ကြေညာဖို့ ကြိုးပမ်းနေတာနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၁၁ ရက်နေ့က အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။


အောက်တိုဘာ ၁၀ ရက် ညက ကတ်တလန်ခေါင်းဆောင် ပူအီဒမုန်းဟာ စပိန်နိုင်ငံကနေ လွတ်လပ်ရေး ရကြောင်း ကြေညာခဲ့ပြီးနောက် ချက်ချင်းဆိုသလို စပိန်အစိုးရနဲ့ ဆွေးနွေးခွင့်ပြုဖို့အတွက် ကြေညာချက်ကို ခေတ္တ ဆိုင်းငံ့လိုက်ပါတယ်။








