မက်ဒရစ်၊ အောက်တိုဘာ ၁၁
ကာတာလိုနီးယား ပြည်သူတို့၏ အောက်တိုဘာ ၁ ရက်က စပိန်မှ လွတ်လပ်ရေးခွဲထွက်သည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ဥပဒေနှင့် အညီပြုခြင်းအား စပိန်အစိုးရအနေဖြင့် လက်ခံမည် မဟုတ်သကဲ့သို့ လွတ်လပ်ရေး ခွဲထွက်မှု အများစုမဲပေးသော အရှေ့မြောက်ပိုင်းဒေသ ကက်တလန် လွှတ်တော်၏ မည်သည့်အဆိုကိုမျှ နားလည်လက်ခံပေးမည် မဟုတ်ကြောင်း စပိန်ဒုတိယဝန်ကြီးချုပ်က အောက်တိုဘာ ၁၀ ရက်တွင် ထပ်လောင်း ပြောဆိုသည်။









