ဝါရှင်တန်ဒီစီ၊ စက်တင်ဘာ ၈
မြောက်ကိုရီးယားနိုင်ငံက အတည်ပြုပြောဆိုထားသည့် ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲမှုအား အမေရိကန်က တုံ့ပြန်ရာတွင် စစ်ရေးအရတုံ့ပြန်မှုကလည်း ဖြစ်နိုင်ခြေ ရှိနေကြောင်း သမ္မတ ထရမ့်က ပြောလိုက်သော်လည်း စစ်ရေးဖြင့် အရေးယူခြင်းသည် ၄င်း၏ ပထမဦးစားပေး ရွေးချယ်မှုတော့ မဟုတ်ကြောင်း ဆိုသည်။