နျူကလီးယားသဘောတူညီချက်မှ နှုတ်ထွက်ပါက နောင်တရလိမ့်မည်ဟု အမေရိကန်ကို အီရန်သတိပေး

တဟီရန်၊ အီရန်၊ မေ ၇

အီရန်သမ္မတ ဟတ်ဆန်ရော်ဟာနီက အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်အစိုးရနှင့်အတူထားရှိထား သော နျူကလီးယားသဘောတူညီချက်မှ   နှုတ်ထွက်ခဲ့ပါက နောင်တအကြီးကြီး ရလိမ့်မည်ဟု တနင်္ဂနွေနေ့က သတိပေးခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် လာမည့်မေလ ၁၂ ရက်နေ့တွင် သဘောတူညီမှုကို သက်တမ်းတိုး သည့်အချိန်တွင် နှုတ်ထွက်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုထားခဲ့ပြီး သူ၏ ဥရောပမဟာမိတ်များအနေဖြင့် ဆိုးရွားသော အမှားကြီးကို ပြင်ဆင်ပေးရန်နှင့် ထိုသို့မဟုတ်ပါက သူ့အနေဖြင့် အရေးယူပိတ်ဆို့မှုများ ချမှတ် သွားရလိမ့်မည်ဟု ပြောဆိုထားခဲ့သည်။

လုပ်ကြံခံရတဲ့ ပါကစ္စတန် ဝန်ကြီး မစိုးရိမ်ရ

လာဟိုး က ဆေးရုံဆီ လေယာဉ်နဲ့ ပို့ဆောင်ခဲ့ရတဲ့ ပြည်ထဲရေး ဝန်ကြီး Ahsan Iqbal

ပါကစ္စတန် ပြည်ထဲရေး ဝန်ကြီး Ahsan Iqbal ဟာ လုပ်ကြံသတ်ဖြတ်မှုကနေ လွတ်မြောက် သွားခဲ့ပါတယ်။

ပန်ဂျပ်ပြည်နယ် က လူထုစည်းဝေးပွဲက အထွက်မှာ မစ္စတာ အစ်ဂ်ဘာ သေနတ်နဲ့ ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။

ဖိအားပေးမှုများသည် နျူကလီးယားလက်နက်ကင်းစင်ရေးအတွက် အကျိုးပြုမည်မဟုတ်ဟု မြောက်ကိုရီးယား ခေါင်းဆောင် ပြောကြား

ပြုံယမ်း မေ ၆

ကိုရီးယားကျွန်းဆွယ်ဒေသတွင်း နျူကလီးယားလက်နက်ကင်းစင် ပပျောက်စေရေးအတွက် အမေရိကန် နှင့် ဂျပန်နိုင်ငံတို့က မြောက်ကိုရီးယားနိုင်ငံအား ဖိအားများပေးမှုအပေါ် မြောက်ကိုရီးယားနိုင်ငံက ရှုတ်ချခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၆ ရက်တွင် နိုင်ငံပိုင် မီဒီယာမှတစ်ဆင့် အထက်ပါအရေးနှင့် ပတ်သက်ပြီး ရှုတ်ချကြောင်း ပြောကြားခဲ့သည်။

တွစ်တာသုံးစွဲသူများ လျှို့ဝှက်နံပါတ်ပြောင်းကြရန် တိုက်တွန်း

တွစ်တာသုံးစွဲသူ သန်း ၃၃၀ ကျော်အနေနဲ့ အသုံးပြုနေကျ လျှို့ဝှက်နံပါတ်တွေကို ပြောင်းကြဖို့ မေလ ၃ ရက်နေ့မှာ တွစ်တာကုမ္ပဏီက တိုက်တွန်းလိုက်ပါတယ်။

တွစ်တာရဲ့ ကွန်ပျူတာအတွင်းပိုင်းစနစ်မှာ ဖတ်လို့ရတဲ့ စာသားတွေကို သိုလှောင်တဲ့ နေရာတချို့မှာ ချို့ယွင်းချက် ဖြစ်ခဲ့တာကြောင့် ကုမ္ပဏီဘက်က အခုလို တိုက်တွန်းလိုက်တာပါ။

“လိင်ဖျော်ဖြေရေးမယ် နှုတ်ပိတ်ခ သမ္မတ ထုတ်ပေးခဲ့” နယူးယောက်မြို့တော်ဝန်ဟောင်း

နယူးယောက် မြို့တော်ဝန်ဟောင်း Rudy Giuliani နဲ့ အမေရိကန်သမ္မတ ထရမ့်တို့ ၂၀၁၆က တွေ့ဆုံခဲ့ကြစဉ်က သတင်းဓာတ်ပုံ။

အမေရိကန်သမ္မတ Donald Trump နဲ့ ၂၀၀၆ ခုနှစ်တုန်းက ဇာတ်လမ်းရှိခဲ့ဖူးတယ်လို့ စွပ်စွဲထားတဲ့ လိင်ဖျော်ဖြေရေး သရုပ်ဆောင် အမျိုးသမီးကို နှုတ်ပိတ်တဲ့အနေနဲ့ ပေးခဲ့တဲ့ ဒေါ်လာ တသိန်းသုံးသောင်းကို သမ္မတက သူ့ရဲ့ရှေ့နေကို ပြန်ထုတ်ပေးခဲ့ကြောင်း နယူးယောက် မြို့တော်ဝန်ဟောင်း Rudy Giuliani ကပြောလိုက်ပါတယ်။

MH 370 လေယာဉ်ပျောက်ရှာရင်း တွေ့ ခဲ့တဲ့ ရေအောက်သင်္ဘောပျက်နှစ်စီး

ပျောက်ဆုံးနေသော MH 370 လေယာဉ်ရှာဖွေစဉ်က တွေ့ရှိခဲ့တဲ့ သင်္ဘောပျက် နှစ်စီးဟာ ကျောက်မီးသွေးတွေ သယ်ဆောင်လာတဲ့ ၁၉ ရာစုက ကုန်တင်သင်္ဘောဖြစ်ပြီးလူပေါင်း ၃၀ အထိ လိုက်ပါလာပုံရတယ်လို့ မေလ ၃ ရက်နေ့မှာအတည်ပြုနိုင်ခဲ့ပါတယ်။

ခရီးသည်ပေါင်း ၂၃၉ ဦးနှင့်အတူ ကွာလာလမ်ပူကနေ ပေကျင်းကို ပျံသန်းလာခဲ့တဲ့မလေးရှား လေကြောင်းလိုင်း လေယာဉ်တစ်စီးဖြစ်တဲ့ MH370 ဟာ ၂၀၁၄ ခုနှစ်က ထူးဆန်းစွာ ပျောက်ဆုံးခဲ့ပါတယ်။

သဲမုန်တိုင်းနဲ့ မိုးကြိုးပစ်မှုတွေကြောင့် အိန္ဒိယမှာ ၁၁၆ ဦးသေဆုံး၊ ၂၅ဝ ကျော် ထိခိုက်ဒဏ်ရာရ

အိန္ဒိယနိုင်ငံတဝှမ်း သဲမုန်တိုင်းနဲ့ မိုးကြိုးပစ်မှုတွေကြောင့် အခုထိ အနည်းဆုံး လူ ၁၁၆ ဦးသေဆုံးခဲ့ပြီး၊ ၂၅ဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လူမည်းစားသုံးသူကို ငွေကြိုတောင်းခဲ့တဲ့ စားသောက်ဆိုင် ဒဏ်ရိုက်ခံရ

လူဖြူလူမည်းခွဲခြားဆက်ဆံခဲ့တဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို ကနေဒါ လူအခွင့်ရေးခုံရုံးက ဒဏ်ရိုက်ခဲ့တယ် လို့သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကနေဒါနိုင်ငံ တိုရန်တိုမြို့  Chinatown မှာရှိတဲ့ Hong Shing တရုတ်စားသောက်ဆိုင်တစ်ဆိုင်ကို ကနေဒါသုံး ငွေ၁၀၀၀၀ (ဒေါ်လာ ၈၀၀၀) ဒဏ်ငွေချမှတ်ခဲ့ပါတယ်။

ဒိုမေနီကန်နိုင်ငံ ထိုင်ဝမ်နဲ့ကြား အဆက်အသွယ်ဖြတ်

ကာရစ်ဘီယံ ဒေသနိုင်ငံတစ်ခုဖြစ်တဲ့ ဒိုမေနီကန်က တရုတ်ပြည်မကြီးနဲ့ ဆက်ဆံရေး ထူထောင်လိုက်ပြီး၊ ထိုင်ဝမ်နဲ့ကြား အဆက်အသွယ် ဖြတ်တောက်လိုက်ပါတယ်။

ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ တရုတ်ပြည်မကြီး အင်အားကြီးထွားပြီး စိုးမိုးနေရာယူလာတာရဲ့ တိုက်ရိုက် အကျိုးဆက်တစ်ခုအနေနဲ့ တိုင်ဝမ်ကျွန်းကို အသိအမှတ်ပြု ဆက်ဆံနေတဲ့ နိုင်ငံတစ်ခု ထပ်မံ လျော့ကျသွားတာ ဖြစ်ပါတယ်။

ကင်မ်နှင့်သူ၏ တွေ့ဆုံပွဲ၏ အသေးစိတ်အချက်အလက်ကို ရက်ပိုင်းအတွင်း ကြေညာမည်ဟု ထရမ့်ပြောဆို

ဝါရှင်တန်၊ အမေရိကန်၊ မေ ၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်းနှင့် တွေ့ဆုံမည့်သူ၏ သမိုင်းဝင်ထိပ်သီးစည်းဝေးပွဲကြောင့်   နိုဘယ်လ်ငြိမ်းချမ်းရေးဆုရရှိနိုင်သည်ဆိုသော ပြောဆိုချက်များအပေါ် ကျေနပ်ပီတိဖြစ်လျက်ရှိပြီး ဆွေးနွေးပွဲကျင်းပမည့်နေရာနှင့် အချိန်ကို အသေးစိတ်ကြေညာသွားမည်ဟု အင်္ဂါနေ့ တွင် ပြောဆိုခဲ့သည်။

“နိုဘယ်ငြိမ်းချမ်းရေးဆုလား။ ဒီဆုပေးသင့်တယ်လို့ အကြံပေးခဲ့တဲ့ သမ္မတမွန်းဂျေးအင်က အရမ်းဖြောင့်မတ်သူ တစ်ဦးဖြစ်ပါတယ်” ဟု ထရမ့်က တောင်ကိုရီးသမ္မတမွန်းကို ရည်ညွှန်း၍ ပြောဆိုခဲ့သည်။