
အီးယူဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအဖြစ်ကနေ နုတ်ထွက်ရေးနဲ့ ပတ်သက်ပြီး ဗြိတိန်အစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲမှုတွေကြောင့် နိုင်ငံခြားရေးဝန်ကြီး Boris Johnson ရာထူးကနေ မနေ့တုန်းကပဲ နုတ်ထွက် သွားတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ရုံးရဲ့ပြောဆိုချက်အရ သိရပါတယ်။

အီးယူဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအဖြစ်ကနေ နုတ်ထွက်ရေးနဲ့ ပတ်သက်ပြီး ဗြိတိန်အစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲမှုတွေကြောင့် နိုင်ငံခြားရေးဝန်ကြီး Boris Johnson ရာထူးကနေ မနေ့တုန်းကပဲ နုတ်ထွက် သွားတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ရုံးရဲ့ပြောဆိုချက်အရ သိရပါတယ်။

နိုင်ငံအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများဖြစ်ပွားကာ လူပေါင်းများစွာ သေဆုံး နေသည့်အတွက် ယခုရက်သတ္တပတ်နှင့်လာမည့်ရက်သတ္တပတ် အတွင်းသွားရန် စီစဉ်ထားသည့် ပြည်ပခရီး စဉ်များကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဖျက်သိမ်းလိုက်ကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှီဟိုက်ဆူဂါက ဇူလိုင် ၉ ရက်တွင် ပြောသည်။

ဘုံကြွယ်ဝမှုနဲ့ တိုးတက်မှုမြှင့်တင်ဖို့ အလယ်နဲ့ အရှေ့ဥရောပကနိုင်ငံတွေ (စီအီးအီးစီ) နဲ့ တရုတ်နိုင်ငံတို့ကြား ပွင့်လင်းပြီး လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုလုပ်ဖို့ တရုတ်ဝန်ကြီးချုပ် လီကွတ်ချောင်က ဇူလိုင် ၈ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
ဝန်ကြီးချုပ်ဟာ ဘူလ်ဂေးရီးယားနိုင်ငံ၊ ဆိုဖီယာမြို့မှာပြုလုပ်တဲ့ တရုတ်-စီအီးအီးစီ နိုင်ငံခေါင်းဆောင်တွေရဲ့ အစည်းအဝေး တက်ရောက်ရင်း အခုလို တောင်းဆိုလိုက်တာပါ။

မက္ကဆီကို ရွေးကောက်ခံ သမ္မတလိုပက်ဇ်အိုဘ ရာဒါက သမ္မတသက်တမ်း ပထမ သုံးနှစ်အတွင်း ပြည်ပမှ ရေနံဝယ်ယူမှုများကို ရပ်ဆိုင်းရန် ကြိုးပမ်းမည်ဟု ပြောကြားသည်။
မက္ကဆီကိုနိုင်ငံသို့ ပြည်ပမှ ရေနံတင်သွင်းမှုပမာဏ အားလုံး နီးပါးသည် အမေရိကန်နိုင်ငံမှ ဝယ်ယူနေခြင်း ဖြစ်သည်။

တူရကီနိုင်ငံ မြို့တော် အစ္စတန်ဘူလ်ကနေ ဘူလ်ဂေးရီးယားနိုင်ငံ နယ်စပ်က ကပိကူလေမြို့ကို ပြေးဆွဲတဲ့ ရထားတစီး ဇူလိုင် ၈ ရက်နေ့က လမ်းချော်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး အယောက် ၇၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ခရီးသည် အယောက် ၃၆၀ ပါတဲ့ ရထားတွဲ ၆ တွဲ လမ်းချော်ခဲ့တယ်လို့ တီအာတီ ဟာဗာ ရုပ်သံက ပြောပါတယ်။

ဟေတီနိုင်ငံ ပို့တ်အော်ပရင့်စ်မြို့တွင် ရေနံဆီဈေး မြင့်တက်မှုကို ကန့်ကွက်ဆန္ဒပြမှုအတွင်း ထွက်ပြေးနေသူများကို တွေ့ရစဉ် (Dieu Nalio Chery/AP)
လောင်စာဆီ ဈေးနှုန်း တိုးမြှင့်မှုနှင့်ပတ်သက်၍ အကြမ်းဖက်ဆန္ဒပြမှု ဒုတိယမြောက်နေ့ ဇူလိုင် ၇ ရက်တွင် ဟေတီနိုင်ငံခေါင်းဆောင်များက ပြည်သူများကို အေးအေးဆေးဆေးနေကြရန် ပန်ကြားသည်။

တိုကျို၊ ဇူလိုင် ၉
ဂျပန်နိုင်ငံတွင် ရက်အတန်ကြာ စံချိန်တင်မိုးရွာသွန်းမှုများကြောင့် ရေကြီးမြေပြိုမှုများ ဖြစ်ရာတွင် သေဆုံးသူ ဦးရေသည် တစ်ရာနီးပါးအထိ ရှိလာခဲ့သည်။ ပျောက်ဆုံးနေသူများ၊ ပိတ်မိနေသူများ ရှိနေ၍ ဇူလိုင် ၉ ရက်တွင် ကယ်ဆယ်ရေးများ၊ ရဲများနှင့် စစ်တပ်တို့က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက် ရှိနေသည်။ မိုးရွာသွန်းမှု လျော့ကျစ ပြုလာချိန်တွင် အစိုးရက ပျောက်ဆုံးနေသူပေါင်း ဒါဇင်အချို့ ရှိနေသည်ဟု ထုတ်ပြန်သည်။

ဇူလိုင် ၆
၁၉၉၅ ခုနှစ်တုန်းက တိုကျို မြေအောက်ဘူတာရုံမှာ ဆာရင်းလို့ ခေါ်တဲ့ အာရုံကြော ထိခိုက်စေတဲ့ ဓာတုအဆိပ်နဲ့ တိုက်ခိုက်ခဲ့တဲ့ အယူသည်းဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်သူကို ဇူလိုင် ၆ ရက်မှာ ဂျပန်အာဏာပိုင်တွေက ကွပ်မျက်လိုက်ပြီ ဖြစ်ပါတယ်။
ကမ္ဘာပျက်တော့မယ်လို့ ယုံကြည်နေတဲ့ ယင်းအယူသည်းဂိုဏ်းအဖွဲ့က ၁၉၉၅ ခုနှစ်ကပဲ အဆိုပါ တိုက်ခိုက်မှုကို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

ဂူထဲမှာ ပိတ်မိနေတဲ့ ထိုင်းကျောင်းသားလူငယ်ဘောလုံးအသင်း ဝင် ၁၂ ယောက်နဲ့ သူတို့ရဲ့ နည်းပြဆရာ ပြန်လည် ကယ်ဆယ်ရေးမှာ ပါဝင်ကူညီနေသူ ထိုင်းရေတပ် ရေငုပ်သမားဟောင်း တယောက် သေဆုံးခဲ့ပါတယ်။
ဆမန်ခူနမ် (အသက် ၃၈ နှစ်) ဟာ ထမ်လွန်နမ့်နွန် ဂူထဲကို ထောက်ပံ့ရေး ပစ္စည်းတွေ ပို့အပြီး အပြန်လမ်းမှာ သတိမေ့မျောသွားခဲ့တယ်လို့ ထိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန် ဒေါ်လာ ၃၄ ဘီလျံတန်ဖိုးရှိတဲ့ တရုတ်လုပ်ပစ္စည်းတွေကို အမေရိကန်က အခွန်သစ်ကောက်ခံဖို့ သောကြာနေ့မှာ စတင်တော့မှာ ဖြစ်ပြီး ဒီလို လုပ်ခဲ့ရင် ချက်ချင်း ပြင်းပြင်းထန်ထန် တုန့်ပြန်တာ ခံရမယ်လို့ တရုတ်အစိုးရက သတိပေးနေပါတယ်။